သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားဖုံးနှင့် ခံတွင်းရောဂါများ

နေမကောင်း မဖြစ်ဖို့ သွားတိုက် ကြစို့

သွားတိုက် တာ သွားကျန်းမာရေးအတွက်ပဲ မဟုတ်ပါဘူး။ သွားနဲ့ ခံတွင်း ကျန်းမာရေးက သင်ထင်ထားတာထက် အများကြီး ပိုအရေးကြီးပါတယ်။ နှလုံးရောင်တာက စလို့ အယ်ဇိုင်းမား ရောဂါအထိ သွားတိုက်တာက အရေးပါတယ်လို့ ပြောရင် ယုံမလားမသိ။ သွားတိုက် တာနဲ့ ကျန်းမာရေး ဘယ်လို ဆက်စစ်နေတာလဲ။ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာလည်း ဘက်တီးရီးယားတွေ ရှိပါတယ်။ အများစုကတော့ အန္တရာယ် မပေးပါဘူး။ ဒါပေမယ့် ခံတွင်းက ရောဂါတွေရဲ့ ဝင်ပေါက်ဆိုတာကိုလည်း မမေ့ပါနဲ့။ ဒီကနေ အစာခြေလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းထဲကို ပိုးတွေ အများကြီး ဝင်သွားနိုင်တယ်လေ။ ပုံမှန်ဆို လူတစ်ယောက်က ခုခံအားလည်း ကောင်းနေမယ်။ သွားသန့်ရှင်းရေးလည်း ပုံမှန်လုပ်ပေးမယ်ဆိုရင် ဘက်တီးရီးယားတွေက မသောင်းကျန်းနိုင်ပါဘူး။ ဒါပေမယ့် သွားမတိုက်ဘူး၊ ခံတွင်း သန့်ရှင်းရေး မလုပ်ဘူးဆိုရင်တော့ ခံတွင်းထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေ ပိုများလာပြီး […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား

အသက်ရှူလမ်းကြောင်းရောဂါ အများစုက နှာခေါင်း၊ ပါးစပ်ကနေ ဝင်တာဖြစ်တဲ့အတွက် နေထိုင်မကောင်း ဖြစ်ပြီးရင် သွားပွတ်တံ ကို လဲသင့်လားဆိုပြီး တွေးစရာ ရှိပါတယ်။ နေမကောင်းတုန်းက တိုက်ထားတဲ့ သွားပွတ်တံမှာ ပိုးတွေ ကပ်နေပြီး ခုပြန်တိုက်ရင် ပိုးဝင်ပြန်ဝင်သွားမလားဆိုတာကို စိုးရိမ်ရပါတယ်။ သွားပွတ်တံ ပေါ်က ပိုးမွှားများ သွားပွတ်တံမှာ ရှိတဲ့ ပိုးမွှားအများစုက အောက်ဆီဂျင်မရှိမှ အသက်ရှင်နိုင်တာပါ။ သွားပွတ်တံကို ဆေးပြီး လေသလပ်ထားလိုက်ရင် အောက်ဆီဂျင်နဲ့ ထိတွေ့မိပြီး ပိုးအများစု အသက်မရှင်နိုင်ကြပါဘူး။ နောက်တစ်ချက်က ခန္ဓာကိုယ်မှာ ရောဂါပိုးတွေ ဝင်လာပြီးရင် သူတို့အတွက် ခုခံအားတွေ ထွက်ပါတယ်။ ဒါကြောင့် နောက်တစ်ခါဝင်ခဲ့ရင်တောင် ဒီခုခံအားက ပြန်တိုက်မှာပါ။ ဒါကြောင့် သာမန်ဖျားနာတာမျိုးပဲ ဖြစ်ခဲ့ရင်တော့ သွားပွတ်တံကို လဲစရာ မလိုပါဘူး။ ဒီလို အခြေအနေတွေ မှာတော့ သွားပွတ်တံ လဲရပါမယ်။ ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်ထားရင် […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ

ဆားရည် နဲ့ အာလုတ်ကျင်းတာက လူတိုင်း ကြားဖူးမယ့် ကိစ္စတစ်ရပ်ပါ။ ဆားရည်ကို လည်ချောင်းနာတဲ့အခါမှာ အများဆုံး အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ လည်ချောင်းနာတဲ့အခါ အာလုတ်ကျင်းကြတဲ့ ဆားရည်က ဘယ်လို အထောက်အကူပြုလည်းဆိုတာကို ပြောပြပေးပါမယ်။ ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ ဆားရည်က အကုန်အကျ သက်သာပြီး လွယ်ကူတဲ့ ကုသနည်း တစ်ရပ်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ရေနွေးနွေးထဲကို ဆားထည့်ပြီး ပလုတ်ကျင်းတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရရှိလို့ပါ။ pH ပမာဏကို ထိန်းညှိပေးတယ် ဆားရည်က ဘက်တီးရီးယားကြောင့် လည်ချောင်းထဲက အက်ဆစ်တွေ မညီမမျှ ဖြစ်တာကို ထိန်းညှိပေးပါတယ်။ ကျန်းမာတဲ့ pH ပမာဏကို ထိန်းညှိပေးပါတယ်။ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ မပေါက်ဖွားစေဖို့  ကာကွယ်ပေးပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေတယ် ဆားရည်နဲ့ ပလုတ်ကျင်းတာက အသက်ရှူလမ်းကြောင်းနဲ့ နှာခေါင်းထဲမှာ ရှိတဲ့ ချွဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားနဲ့ခံတွင်းအတွက် စားပေးသင့်တဲ့ အသီးအနှံတွေ

ကျန်းမာစေဖို့ အကောင်းဆုံးသော နည်းလမ်းက ကြိုတင် ကာကွယ်တာပါ။ အခုတစ်ခေါက်တော့ အပြုံးတွေ လှပစေဖို့အတွက် အရေးပါတဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် ဘယ် အသီးအနှံတွေ ကို စားသုံးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးက ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာဖို့အတွက် မရှိမဖြစ် အရေးပါပါတယ်။ ဒီလိုပြောရတာက ခေါင်းအစ ခြေအဆုံး ကျန်းမာစေဖို့ အရေးပါတဲ့ အာဟာရကို စားသုံးချေဖျက်ဖို့ တာဝန်ကို သွားနဲ့ခံတွင်းက တာဝန်ယူထားလို့ပါပဲ။ ဒီတော့ ကျန်းမာတဲ့ သွားနဲ့ခံတွင်းကို ပိုင်ဆိုင်ဖို့အတွက် စားပေးသင့်တဲ့ အသီးအနှံတွေ က ဘာတွေများလဲ...... အတူတူ ကြည့်လိုက်ရအောင်လား............. သွားနဲ့ခံတွင်းအတွက် စားပေးသင့်တဲ့ အသီးအနှံတွေ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ အသီးအရွက်တွေက သွားနဲ့ခံတွင်း ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဒီတော့ သွားတွေ၊ သွားဖုံးနဲ့ လျှာ ကျန်းမာစေဖို့ ဒီ […]


သွားပြဿနာများ

သွားနဲ့ ခြင်း အတွက် အိမ်တွင်းနည်းလမ်းကောင်းများ

လူကြီးတွေက သွားနဲ့ ပြီဆိုရင် တော်တော်များများက ကျိုးမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီအရွယ်က ကျိုးပြီးရင် ပြန်မပေါက်တော့ဘူးလေ။ ကလေးဆိုရင်တော့ တစ်မျိုးပေါ့။ သွားနဲ့တာဘာကြောင့် ဖြစ်တာလဲ။ သွားနဲ့တာကို အိမ်တွင်းနည်းလမ်းတွေနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။ သွားနဲ့ ရခြင်း အကြောင်းရင်းများ သွားဖုံးရောဂါ သွားဖုံးရောင် ရေစီးကမ်းပြိုရောဂါကြောင့်ပါ။ သွားကို သေချာသန့်ရှင်းရေး မလုပ်တဲ့အခါ ဖြစ်တတ်ပါတယ်။ သွားကို သေချာမတိုက်တဲ့အခါ သွားကျောက်တည်ပြီး ဘက်တီးရီးယားတွေ  ဝင်လာပါတယ်။ ဒီသွားကျောက်တွေက သွားတွေကို သွားဖုံးကနေ တွန်းထုတ်သလိုဖြစ်တာကြောင့် သွားဖုံးနဲ့ သွားကြားမှာ ဟလာပါတယ်။  ဟလာတဲ့ နေရာကို ပိုးတွေဝင်ပြီး သွားဖုံးရောင်လာပါတယ်။ ဒါကြောင့် သွားနဲ့တာအပြင် -သွားဖုံးက နီရဲရောင်ရမ်းတာ -သွားတိုက်တဲ့အခါ သွားဖုံးက သွေးထွက်တာ -သွားဖုံးပါးလာတာတွေ ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင် ကိုယ်ဝန်ရှိချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးနဲ့ သွားတွေမှာ အပြောင်းအလဲ ဖြစ်လာပါတယ်။ အရိုးနဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

ရေယုန်ဗိုင်းရပ်စ် အမျိုးအစားများ

ရေယုန်ဗိုင်းရပ်စ် အုပ်စုမှာ ဗိုင်းရပ်စ်အမျိုးအစား အများကြီး ပါဝင်ပြီး လူကိုရော တိရိစ္ဆာန်ကိုပါ ကူးစက်နိုင်ပါတယ်။ အမျိုးအစားပေါင်း ၁၃၀လောက်ရှိတယ်လို့ သိရပြီး ၈မျိုးကပဲ လူကို ကူးစက်စေပါတယ်။ သူတို့ကို စုပေါင်းပြီး human herpesvirus ( HHV) လို့ ခေါ်လိုက်ပါတယ်။ ရေယုန်ဗိုင်းရပ်စ်တွေက DNAဗိုင်းရပ်စ် အမျိုးအစားပါ။ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တတ်ပေမယ့် လူ့ခန္ဓာကိုယ်ပြင်ပမှာတော့ ကြာကြာမနေနိုင်ပါဘူး။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့ အသက်ရှူလမ်းကြောင်းကထွက်တဲ့ အမှုန်အမွှားတွေကနေတဆင့် ကူးစက်တာ တံတွေးကနေကူးတာ လိင်ကတဆင့် ကူးတာ ပိုးရှိပြီး အရည်ကြည်ဖုပေါက်နေတဲ့ အနာကနေ ကူးတာ မိခင်ကနေ ကလေးကို ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် မီးဖွားချိန်မှာ ကူးတာ စတာတွေပဲ ဖြစ်ပါတယ်။ လူကို ကူးစက်တတ်တဲ့ ရေယုန်ဗိုင်းရပ်စ် မျိုးကွဲ ၈ခု Human Herpesvirus […]


သွား နှင့် ခံတွင်းကျန်းမာရေး

သွားနဲ့ခံတွင်းအကြောင်း တစေ့တစောင်း

သွားနဲ့ခံတွင်းက ပြောတော့သာ ဘာမှ မဟုတ်တယ်။ ခန္ဓာကိုယ်အတွက် အတော်လေး အလုပ်များတဲ့ အစိတ်အပိုင်းပါ။ ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဆိုလည်း ဟုတ်ပါတယ်။ဒီတော့ သွားနဲ့ ခံတွင်းမှာ ဘယ်လို အစိတ်အပိုင်းလေးတွေ ပါလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါ။ သွားနဲ့ ခံတွင်းမှာ ဘာတွေပါ.......... သွားနဲ့ခံတွင်းဆိုလို့ ဒီနှစ်မျိုးတည်းလားဆိုတော့ မဟုတ်သေးပါဘူး။ သွားနဲ့ ခံတွင်းမှာ ပါဝင်နေတဲ့ အစိတ်အပိုင်းလေးတွေက အများကြီးပါ။ နှုတ်ခမ်းကစလို့ အစာရေမျိုမရောက်ခင်အထိက ခံတွင်းပါ။ ဒီခံတွင်းထဲမှာ အကြမ်းဖျင်းအားဖြင့်ကတော့ သွားတွေ၊ သွားဖုံး၊ လျှာ၊ တံထွေး ဂလင်း၊ အာခေါင်စတဲ့ အစိတ်အပိုင်းလေးတွေ ပါဝင်နေတာပါ။ ခံတွင်း ခံတွင်းကို ပါးစပ်လို့လည်း ခေါ်ကြပါတယ်။ ခံတွင်းက အစားအစာတွေကို ချေဖျက်ပေးတယ်။ စကားပြောဖို့ အသံတွေကို ထုတ်ပေးတယ်။ ဒီတာဝန်တွေကို ဟန်ချက်ညီအောင် လုပ်ဆောင်ပေးနေတဲ့ ပါးစပ်ထဲမှာ ဒီအစိတ်အပိုင်းလေးတွေ […]


သွားပြဿနာများ

သွားကိုက်ခြင်း အပါအဝင် အဖြစ်များတဲ့ သွားပြဿနာများ

သွားက ခန္ဓာကိုယ်မှာ အမာကျောဆုံး အစိတ်အပိုင်းဆိုပေမယ့် သွားမှာလည်း နာကျင်တာ၊ ကိုက်ခဲတာတွေကို ခံစားရနိုင်သလို အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ နာမကျန်းဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ သွားတွေမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ သွားကို ဘယ်လို ဖွဲ့စည်းထားသလဲ......... ပုလဲလေးတွေ သီထားသလို အစီအရီနဲ့ ဖြူဖွေးနေတဲ့ သွားလေးတွေကို အပေါ်ယံ ကြွေလွှာ (Enamel) ဆင်စွယ်လွှာ (Dentin) သွားအတွင်းဆုံး အကြောလွှာ (Pulp) သွားအမြစ်ကို သွားဖုံးနဲ့ မေးရိုးမှာ မြဲမြံအောင် တွယ်ဆက်ပေးထားတဲ့ တွယ်ဆက်တစ်ရှူးလွှာ (Cementum) သွားတွေကို မေးရိုးမှာ ခိုင်မြဲစေဖို့ ကုပ်တွယ်ပေးထားတဲ့ တစ်ရှူး (Periodontal ligament) တို့နဲ့ ဖွဲ့စည်းထားတာပါ။ သွားလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာလေးတွေက ဘာတွေလဲ............ သွားလေးတွေက မာကျောပေမယ့် သေချာ ဂရုစိုက်မှု […]


သွားနှင့်မေးရိုးခွဲစိတ်ကုသမှုများ

ဘယ်လိုအခြေအနေမှာ သွားဆရာဝန်နဲ့ ပြသဖို့ လိုမလဲ။

အစားတွေ ကောင်းကောင်းစားနိုင်ဖို့ အရေးပါတဲ့ အစိတ်အပိုင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ပါးစပ်ထဲမှာ ပုလဲလုံးလေးတွေလို သီထားတဲ့ သွားလေးတွေပါ။ သွားလေးတွေက ခန္ဓာကိုယ် အာဟာရလိုအပ်ချက် ပြည့်မီစေဖို့ အစားအစာတွေကို ကြိတ်ဝါးတာ၊ ကိုက်ဖြတ်တာတွေလုပ်ပေးပါတယ်။ သွားတွေက ထိုက်သင့်သလောက် ချေဖျက်ပြီးတဲ့အစားတွေကို အစာရေမျိုကနေတဆင့် အစာအိမ်ထဲကို ပို့ပြီး ချေဖျက်တာပါ။ အစာမ​ကြောဖြစ်မယ် သေချာဝါးပါဆိုတာကိုက သွားတွေက ဘယ်လောက်အရေးပါလဲဆိုတာကို ဖော်ပြနေတာပါ။ သွားကောင်းနေမှ အာဟာရပြည့်ဝမှာပါ။ အာဟာရပြည့်ဝမှလည်း ကျန်းမာမှာလေ။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာပြီး အာဟာရပြည့်စေဖို့ အရေးပါတဲ့ သွားလေးတွေကို သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ ဘယ်လိုအခြေအနေတွေဆိုရင် သွားဆရာဝန်နဲ့ ပြဖို့ လိုမလဲ.......... သွားနဲ့ ခံတွင်းမှာ အခုလို လက္ခဏာတွေ တွေ့ရပြီဆိုရင် သွားဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ သွားတိုက်ပြီးတဲ့အခါ (သို့မဟုတ်) သွားပွတ်ကြိုးသုံးပြီးတဲ့အခါ သွေးထွက်ရင် သွားတိုက်ပြီးတဲ့အခါ သွားပွတ်တံမှာ သွေးစလေးတွေ တွေ့ရင်၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း