သင့်ရဲ့ယောက်ျားတန်ဆာဟာ ထူးခြားပြီး ပုံမှန်အတိုင်း လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ထင်မြင်မိပါသလား။ စိတ်မပူပါနဲ့။ သင့်ရဲ့ ယောက်ျားတန်ဆာမှာ ကြံရတတ်တဲ့ ထူးခြားချက် ၉ချက် ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေဟာ နောက်ခံပြသနာတွေကြောင့် မဟုတ်ပါဘူး။
သင့်ရဲ့ယောက်ျားတန်ဆာဟာ ထူးခြားပြီး ပုံမှန်အတိုင်း လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ထင်မြင်မိပါသလား။ စိတ်မပူပါနဲ့။ သင့်ရဲ့ ယောက်ျားတန်ဆာမှာ ကြံရတတ်တဲ့ ထူးခြားချက် ၉ချက် ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေဟာ နောက်ခံပြသနာတွေကြောင့် မဟုတ်ပါဘူး။

ဒီကိစ္စဟာ သိပ်ကြီးမားတဲ့ ပြသနာတော့ မဟုတ်ပါဘူး။ ဆီးအိမ်ကနေ တန်ဆာထိပ်ကိုသွားတဲ့ ဆီးပြွန်ဟာ ဂငယ်ပုံစံ အောက်ကို အနည်းငယ်ကွေးနေပါတယ်။ ဒါကြောင့် ဆီးသွားပြီးချိန်မှာ တစက်နှစ်စက်ကျခြင်းဟာ ကြုံရတတ်ပါတယ်။ ဘောင်းဘီဇစ်ဆွဲပြီးချိန်မှာတောင် မြေဆွဲအားကြောင့် ထွက်ကျတတ်ပါတယ်။
သုတ်ရည်ကြည်ဟာလည်း ပြွန်အကွေးတလျှောက် ထွက်လာရတဲ့အပြင် အနည်းငယ်စေးပျစ်မှု ရှိပါတယ်။ ဒါကြောင့် သုတ်လွှတ်ပြီးချိန်မှာတောင် သုတ်ရည်အနည်းငယ်ထွက်ကျနေတတ်ခြင်း ဖြစ်ပါတယ်။
ရေထက်စာရင် အေးမြတဲ့လေနဲ့ထိတွေ့လို့ ရှုံ့သွားရခြင်း ဖြစ်ပါတယ်။ ကိုယ်ခန္ဓါအပြင်ပိုင်းမှာ တွဲကျနေတဲ့ ကပ္ပါယ်အိတ်ဟာ ပုံမှန်လုပ်ဆောင်နိုင်ဖို့ တိကျတဲ့ အပူချိန်လိုအပ်ပါတယ်။ ဒါကြောင့်မို့ အေးတဲ့အချိန်မှာ ကိုယ်ခန္ဓါနဲ့နီးအောင် ကပ်သွားပြီး ပူတဲ့အချိန်မှာ တွဲကျနေခြင်း ဖြစ်ပါတယ်။
မနက်ပိုင်းမှာ ကျားဟော်မုန်းပမာဏဟာ ထိပ်ဆုံးရောက်နေတဲ့အတွက် တင်းမာနေရခြင်း ဖြစ်ပါတယ်။ နိုးထနေချိန်မဟုတ်ရင်တောင် ကိုယ်ခန္ဓါကနေ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်ဖို့ တင်းမာနေတတ်ပါတယ်။
အိပ်နေစဉ် သုတ်လွှတ်ခြင်းဟာ အိပ်နေစဉ်မှာ ကျားဟော်မုန်းပမာဏ မြင့်တက်လာခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အရွယ်ရောက်ခါစလူငယ်တွေမှာ ကျားဟော်မုန်းပမာဏဟာ မြင့်တက်နေတာမို့ သက်ကြီးပိုင်းများထက်စာရင် အိပ်နေစဉ် သုတ်လွှတ်ခြင်း ပိုဖြစ်တတ်ပါတယ်။
အဲဒီလိုဆီးထွက်တဲ့လမ်းကြောင်း ပြောင်းသွားခြင်းဟာ လိင်ဆက်ဆံခြင်း၊ အာသာဖြေခြင်း၊ အိပ်ရာထဲသုတ်လွှတ်ခြင်း စတာတွေ ဖြစ်ပေါ်ပြီးချိန်မှာ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုလမ်းကြောင်းပြောင်းခြင်းဟာ အချိန်အနည်းငယ်နဲ့ ပျောက်မသွားဘူးဆိုရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါတခုခုကြောင့် အရေပြားအမာရွတ်ကျန်နေလို့ ဖြစ်နိုင်ပါတယ်။
ဒါဟာ ပြသနာမဟုတ်ပါဘူး။ မျိုးရိုးဗီဇကြောင့်ပဲ ဖြစ်ပါတယ်။
ဆီးမှာ urobilin လို့ခေါ်တဲ့ ဓါတုပစ္စည်းတမျိုး ပါဝင်ပြီး သူ့ကြောင့် ဆီးအရောင်ဝါနေရခြင်း ဖြစ်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုကြုံရတဲ့အခါ ပြန်ပြီး ထောင်မတ်နိုင်ဖို့ ခက်ခဲပါတယ်။
ဒီကိစ္စတွေဟာ ကြီးမားတဲ့ပြသနာတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သေချာအောင် ဆေးရုံဆေးခန်းမှာ စစ်ဆေးမှုခံယူကြည့်ရင် ပိုကောင်းပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။