brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) ကဘာလဲ။

ထိုရောဂါဟာ ဝှေးစေ့အပေါ်အနောက်ဘက်မှာ ရှိသော Epididymis ခေါ် ကွေးကောက်နေတဲ့ပြွန်လေးမှာ အရည်အိတ်တည်ခြင်းကို ဆိုလိုတာပါ။ ထိုအိတ်ထဲမှာရှိတဲ့အရည်ထဲမှာတော့ သေဆုံးသွားတဲ့ သုတ်ပိုးတွေပါဝင်နေနိုင်ပါတယ်။ ဝှေးစေ့အထက်ပိုင်းမှာ မာမာ၊ချောချောအလုံးလေးကို စမ်းမိနိုင်ပါတယ်။

Spermatocele ရှိနေခြင်းက ယောက်ျားတစ်ယောက်ရဲ့ မျိုးအောင်နိုင်မှုကို မထိခိုက်ပါဘူး။

Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Spermatocele ဟာ အဖြစ်များပြီး spermatic cyst လို့လည်း ခေါ်ကြပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Spermatocele ရဲ့ အဖြစ်များသော လက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

ရောဂါရှိနေတဲ့ ဝှေးစေ့မှာ နာကျင်ခြင်း၊ မသက်မသာဖြစ်နေခြင်း

လေးနေတယ်လို့ခံရစားရခြင်း

ဝှေးစေ့အနောက်နဲ့အပေါ်ဘက်မှာဆိုရင် အစိုင်အခဲတစ်ခုရှိနေပြီး ပြည့်ကျပ်နေခြင်း

အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင် ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဒါမှမဟုတ် မေးစရာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်း မတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဘာကြောင့်ဖြစ်တယ်ဆိုတာ သေသေချာချာမရပါဘူး။ ဒါပေမယ့်လည်း သုတ်ပို့ပြွန်ပိတ်တာကြောင့်လို့တော့ ထင်ကြပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသက်ကြီးခြင်းကလွဲပြီး ကျန်တဲ့အချက်တွေကိုတော့ ဂဂနနမသိရပါဘူး။ များသောအားဖြင့် အသက်၂၀နဲ့ ၅၀ကြားလူတွေမှာ တွေ့ရတတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ကပ်ပယ်အိတ်ကို စစ်ဆေးခြင်းအားဖြင့် တွေ့ရှိတာများပါတယ်။ စစ်ဆေးမှုကို ဝှေးစေ့နောက်ကနေ ဓါတ်မီးဖြင့်ထိုးကြည့်ခြင်းလည်းပါဝင်ပါတယ်။

Transillumination လို့ခေါ်ပြီး ဝှေးစေ့ကင်ဆာတွေမှာ တွေ့ရတတ်တဲ့ အစိုင်အခဲတွေကို သိရှိနိုင်ပါတယ်။ Spermatocele တွေဟာ ရေတွေဖြစ်တာကြောင့် အလင်းဖောက်နိုင်ပါတယ်။ ကင်ဆာလိုမျိုးအစိုင်အခဲတွေဆိုရင်တော့ အလင်းမဖောက်နိုင်ပါဘူး။ အာထရာဆောင်းလည်း ရိုက်နိုင်ပါတယ်။

Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကပ်ပယ်အိတ်ကို စစ်ဆေးခြင်းအားဖြင့် တွေ့ရှိတာများပါတယ်။ စစ်ဆေးမှုကို ဝှေးစေ့နောက်ကနေ ဓါတ်မီးဖြင့်ထိုးကြည့်ခြင်းလည်းပါဝင်ပါတယ်။

Transillumination လို့ခေါ်ပြီး ဝှေးစေ့ကင်ဆာတွေမှာ တွေ့ရတတ်တဲ့ အစိုင်အခဲတွေကို သိရှိနိုင်ပါတယ်။ Spermatocele တွေဟာ ရေတွေဖြစ်တာကြောင့် အလင်းဖောက်နိုင်ပါတယ်။ ကင်ဆာလိုမျိုးအစိုင်အခဲတွေဆိုရင်တော့ အလင်းမဖောက်နိုင်ပါဘူး။ အာထရာဆောင်းလည်း ရိုက်နိုင်ပါတယ်။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ

Spermatocele ကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

ကာကွယ်နည်းတော့မရှိပါဘူး။ ဒါပေမယ့် ကပ်ပယ်အိတ်ထဲမှာ အစိုက်အခဲတွေ၊ အရည်အိတ်တွေနဲ့ အခြားအရာတွေရှိမရှိကို မိမိဘာသာ အနည်းဆုံးတစ်လတစ်ခါစစ်ဆေးသင့်ပါတယ်။ အစိုင်အခဲအသစ်တွေရှိလာပြီဆိုရင် ချက်ချင်းဝေဖန်ပိုင်းခြားသင့်ပါတယ်။

မိမိဘာသာရှာဖွေမှု ပိုမိုကောင်းမွန်စေနိုင်ရန်အတွက် ဆရာဝန်က ညွှန်ကြားပေးနိုင်ပါတယ်။

မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Phyo Wai Yan · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။