သင့်သွားတွေက သင်ထက်တာထက်ပိုပြီး သင့်ခန္ဓာကိုယ်အကြောင်းကို ပြောနိုင်ကြပါတယ်။ ဒါဟာ အိပ်ရာဝင်ပုံပြင်မဟုတ်ပါဘူး။ သင့်သွားကိုကြည့်ပြီး သင့်ရဲ့ ခန္ဓာကိုယ်ကို ပြောနိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေ ကိုယ်တိုင်သက်သေပြထားကြတာပါ။
သင့်သွားတွေက သင်ထက်တာထက်ပိုပြီး သင့်ခန္ဓာကိုယ်အကြောင်းကို ပြောနိုင်ကြပါတယ်။ ဒါဟာ အိပ်ရာဝင်ပုံပြင်မဟုတ်ပါဘူး။ သင့်သွားကိုကြည့်ပြီး သင့်ရဲ့ ခန္ဓာကိုယ်ကို ပြောနိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေ ကိုယ်တိုင်သက်သေပြထားကြတာပါ။

ခံတွင်းနံ့ဆိုးတာဟာ စကားပြောဆိုတဲ့အခါ ဆိုးရွားတဲ့အနံ့ထွက်စေရုံသာမက လိင်တံကို တုတ်ခိုင်မှုအားနည်းစေတယ်။ ထိုင်ဝမ်က စမ်းသပ်လေ့လာမှု အရ ခံတွင်းနံ့ဆိုးနဲ့ လိင်တံ ထောင်မတ်မှု အားနည်းတဲ့ရောဂါဆက်စပ်မှုကို ရှာတွေ့ခဲ့ပါတယ်။ ဒီရောဂါဖြစ်သူတွေကို လေ့လာရာမှာ ၇၉ ရာခိုင်နှုန်းက နာတာရှည်သွားဖုံးရောဂါ ဖြစ်နေတာကို တွေ့ရပါတယ်။ နာတာရှည်သွားဖုံးရောဂါဆိုတာ သင့်သွားအမြစ်တွေကနဲ့ကာ ပြုတ်ထွက်မလိုဖြစ်လာပြီး သွားအံကပ်နဲ့ သွားအမြစ်ကြားမှာ ဘက်တီးရီးယားတွေ ပေါက်တာဖြစ်ပါတယ်။ ဒီဘက်တီးရီးယားတွေဟာ သူ့ပတ်ဝန်းကျင်သာမက အရိုးထိပါပြန့်ပွားနိုင်ပါတယ်။
နာတာရှည်ရောင်ရမ်း ကိုက်ခဲမှုတွေဟာ သွေးကြောအလွှာတွေ ဆဲလ်လွှာတွေကို ပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့် သင့်လိင်တံကို သွေးထောက်ပံ့ပေးတဲ့ သွေးကြောတွေပါ။ ဒီလိုထိခိုက်ရင် လိင်တံ ထောင်မတ်မှုမှာ ထိခိုက်စေတတ်ပါတယ်။
သင့်ရောဂါကို စောစောစီးစီးတွေ့ရှိမယ်ဆိုရင် သွားဆေးခန်းတွေမှာ သေချာ သန့်ရှင်းမှုလုပ်ခြင်းဖြင့် ကုသနိုင်ပါတယ်။ တကယ်လို့သင့်သွားက အခြေအနေဆိုးနေပြီ ဆိုရင် ဒီရောဂါကြောင့်ဖြစ်တဲ့ သွား အံဖုံးတွေကိုပြင်ဖို့နဲ့ အရိုးတွေပါပြန်ကုသဖို့ သွားအမြစ်ခွဲစိတ်မှု ပြုရမှာဖြစ်ပါတယ်။ ဒီလို ကုသမှုနဲ့ ထိန်းချုပ်မှုရပြီဆိုရင် အစီအစဉ်ချပြီး သွားဆရာဝန်နဲ့ ၃လတစ်ကြိမ် သန့်ရှင်းမှုပြုရပါမယ်။
နာတာရှည် သွားဖုံးရောဂါ ဖြစ်သူတွေဟာ နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်စေတဲ့အတွက် သေချာဂရုစိုက်ပြီး လက္ခဏာတွေကို စောင့်ကြည့်သင့်ပါတယ်။ ဒီရောဂါက နောက်တစ်ဆင့်ဆိုးရွားတဲ့ အခြေအနေမရောက်ခင်အထိ သင့်ကိုနာကျင်မှုမဖြစ်စေပါဘူး။ ဒါကြောင့် သွားဖုံးတွေ နီတာ၊ ရောင်တာ၊ သွေးထွက်တာတွေ နဲ့ သွားရောဂါတွေဖြစ်ရင် သင့်သွားဆရာဝန်ဆီ မြန်မြန်သွားပြသင့်ပါတယ်။ ဒါပေမယ့် လူအများက စိုးရိမ်လွန်ပြီး သွားကိုနှုတ်ပစ်လိုက်တာများပါတယ်။
ကံကောင်းတဲ့အချက်က ဒီရောဂါကို ခံတွင်းသန့်ရှင်းရေးလုပ်ပြီးကာကွယ်နိုင်ပါတယ်။ ADA ကထောက်ခံတဲ့ ဖလိုရိုက်ဒ်ပါဝင်တဲ့သွားတိုက်ဆေးနဲ့ တစ်ရက်နှစ်ခါတိုက်ပါ။ သွားပွတ်ကြိုးနဲ့ သွားကြားတွေကို သန့်ရှင်းရေးလုပ်ပေးနိုင်ပြီး ခံတွင်း စစ်ဆေးမှု လုပ်ဖို့လည်းအကြံပေးချင်ပါတယ်။
တကယ်လို့သင့် လိင်တံ မာကြောမှုမှာ ခက်ခဲနေတယ်ဆိုရင် သင်သွားတွေကိုပါ ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါပေမယ့် ဒီလိုထောင်မတ်ရခက်တဲ့ရောဂါတွေဟာ အခြား ဆိုးရွားတဲ့ရောဂါတွေရဲ့ ပြယုဂ်လည်းဖြစ်တာကြောင့် တခြားကိုယ်အင်္ဂါတွေမှာပုံမမှန်မှုရှိရင် ဆေးခန်းပြသပါ။