brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လိင်တံအကြောင်းသိသင့်သည့်အချက် ၅ချက်

Tom Hickman က သူ့စာအုပ်မှာ လိင်တံကို God’s Doodle လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ ဒီအကြောင်းကို မှတ်တမ်းပိုင်းဆိုင်ရာ ရှင်းပြမှုတွေ ကနေစပြီး ယုံတမ်းစကားတွေအထိ သုတေသန ပြုလုပ်ခဲ့ကြပြီး ပုံနှိပ်ထုတ်ဝေထားတဲ့ ဆောင်းပါးတွေရှိပါတယ်။

လိင်တံအကြောင်းသိသင့်သည့်အချက် ၅ချက်

သင့်လိင်တံအကြောင်း အကုန်သိပြီးပြီလို့ ထင်ထားရင်တောင်မှ သင့်ကို အံ့သြသွားစေမယ့် အချက်တွေ ရှိပါသေးတယ်။

အကြီးဆုံး လိင်တံ

လိင်တံ အများစုဟာ ၃ လက်မလောက် ရှည်တတ်ပေမယ့် လိင်တံ ထောင်မတ်မှု ဖြစ်တဲ့အခါမှာ ၄.၅ ကနေ ၆.၅ လက်မ အထိ ကြီးထွားလာနိုင်ပါတယ်။ အကြီးဆုံးလိင်တံကတော့ ၁၃.၅ လက်မ ရှည်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေက ဒါကို စိတ်မပူသင့်ပါဘူး။ လိင်ဆက်ဆံစဉ်မှာ လိင်တံ အရွယ်အစားဟာ အရေးမကြီးဘူးလို့ သိပ္ပံပညာရှင်တွေက သက်သေပြခဲ့တာကြောင့် စိတ်လျှော့ပြီး မိမိရဲ့ ကျွမ်းကျင်မှုကိုသာ အသုံးပြုသင့်ပါတယ်။

လိင်တံတွေဟာ ကွေးနိုင်ပြီး ကျိုးလဲကျိုးနိုင်ပါတယ်။

၂၀၀၂ မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အမျိုးသားတွေရဲ့ လိင်တံဟာ boomerang သဏ္ဍာန်ရှိပြီး ဒါဟာ အမှန်ပဲဖြစ်ပါတယ်။ ဒါ့ပြင် လိင်ဆက်ဆံမှုသာ သိပ်ပြင်းထန်ခဲ့ရင် လိင်တံကျိုးနိုင်ပါတယ်။ လိင်တံမှာ အရိုးတွေ မရှိတာကြောင့် ကျိုးတယ်ဆိုတာဟာ အကွေးလွန်သွားတာဖြစ်ပြီး သူကိုယ်တိုင် ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ကာ ဆေးကုသမှု လိုအပ်နိုင်ပါတယ်။

အမျိုးသားတွေဟာ လိင်တံထောင်မတ်စဉ်မှာ ခုတင်ပေါ်က ပြုတ်ကျပြီး လိင်တံကျိုးသွားတဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။ ဒီလိုကိစ္စအတော်များများမှာ လိင်တံဟာ အရိုးတွေ ပါဝင်မှု မရှိပဲ ကိုယ်တိုင်ပြန်ကောင်းနိုင်တာကြောင့် ဆေးကုသမှု မလိုအပ်တတ်ပါဘူး။ ကျပ်စည်းစည်းဖို့နဲ့ လိုတာထက်ပိုပြီး လှုပ်ရှားမှုပြုတာကို ၆ ပတ်လောက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

သုက်ရည်ဟာ ကယ်လိုရီ နည်းပါးပါတယ်။

သုက်ရည်ဟာ spinach တစ်ခွက်မှာ ပါဝင်တဲ့ ကယ်လိုရီလောက်ပဲ (၁-၇ ကယ်လိုရီသာ) ပါဝင်ပါတယ်။ သူဟာ ရေတွေ၊ အင်ဇိုင်းတွေ၊ citric acid၊ fructose နဲ့ amino acids တွေ ပါဝင်ပါတယ်။ သုက်ရည်ဟာ အာဟာရဓာတ်တွေနဲ့ ပြည့်နေတတ်ပါတယ်။

တိုင်းတာတဲ့ အရာမရှိဘူး။

ခြေထောက်အရွယ်အစားနဲ့ လိင်တံအရွယ်အစားဆက်စပ်မှုတွေဟာ ယုံတမ်းစကားတွေသာဖြစ်ပါတယ်။ ကိုယ်အလေးချိန်၊ အရပ်၊ ခြေထောက်အရွယ်အစား၊ လက်အရွယ်အစား၊ နောက်ဆုံးခေါင်းအရွယ်အစားကပါ လိင်တံအရွယ်အစားကို ခန့်မှန်းခြင်းအတွက် အသုံးမဝင်ပါဘူး။

အချို့လူတွေမှာ ပျော့ပျောင်းနေတဲ့ လိင်တံအရွယ်အစားဟာ လိင်ဆက်ဆံစဉ်မှာလည်း ဒီလိုပဲဖြစ်လိမ့်မယ်လို့ မဆိုလိုပါဘူး။ သုတေသနများစွာက ပျော့ပျောင်းစဉ် သေးငယ်တဲ့ လိင်တံတွေဟာ ကြီးမားတဲ့ လိင်တံတွေနဲ့စာရင် လိင်ဆက်ဆံစဉ် အဆမတန်ကြီးထွားလာတတ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ယေဘုယျကျန်းမာရေးက လိင်တံကျန်းမာရေးကို သက်ရောက်မှု ရှိပါတယ်။

ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်းတွေ ရှိမယ်ဆိုရင် လိင်တံဟာလည်း လှုပ်ရှားမှု သိပ်မရှိပါဘူး။ လေ့လာမှုတွေက အိပ်စက်ခြင်း အရည်အသွေးနဲ့ လေ့ကျင့်ခန်းတွေဟာ အမျိုးသားတွေမှာ ယောက်ျားဟော်မုန်းပမာဏနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

ဒါ့ပြင် ဆေးလိပ်သောက်ခြင်းဟာ လိင်တံထောင်မတ်မှုကို လျော့နည်းစေပြီး လိင်တံကိုလည်း တိုစေပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/06/2022 ဖြစ်ပါသည်။