brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက်

သင့်ရဲ့ လိင်တံနဲ့ပတ်သက်လို့ အားလုံးသိပြီးသားဖြစ်တယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါက မျိုးပွားအင်္ဂါတစ်ခု ဟုတ်တယ်မလား။

လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက်

ဒါကို အထက်တန်းကတည်းက သိပြီးသားဖြစ်မှာပါ။ တကယ်ဆို ဒါကို သိဖို့အတန်းပညာတောင် လိုလောက်ပါဘူး။ ဒါပေမယ့်လည်း သင်မကြားဖူးသေးတဲ့အချက်တွေ ရှိနေနိုင်ပါသေးတယ်။ အခုသင့်မသိသေးတဲ့ အချက် (၁၀) ချက်ကို လေ့လာကြည့်ပါ။

၁။ သင့်လိင်တံက လေ့ကျင့်ဖို့လိုပါတယ်။

ကြာကြာထောင်မတ်ဖို့ မစွမ်းနိုင်ရင် သင့်လိင်တံပုံသဏ္ဍာန်က ပုံမမှန် ဖြစ်နေနိုင်ပါတယ်။ ဒီလိုဖြစ်တာကပဲ သင့်ရဲ့ ထောင်မတ်နိုင်စွမ်းကို လျှော့နည်းစေနိုင်ပါတယ်။

၂။ လိင်တံနဲ့ အလေးမနိုင်ပါတယ်။

လောစ်အိန်ဂျယ်လိစ်မှာရှိတဲ့ ကိုယ်ခံပညာ သင်တန်းတစ်ခုက သင်တန်းဆရာတွေက သင်တန်းသားတွေကို သူတို့ရဲ့ လိင်တံနဲ့ အလေးမ လေ့ကျင့်ပေးတာမျိုးရှိပါတယ်။

၃။ သင့်ရဲ့ ထောင်မတ်နိုင်စွမ်းကို သိပ္ပံနည်းကျ တိုင်းတာနိုင်ပါတယ်။

သိပ္ပံပညာရှင်တစ်ဖွဲ့က သူတို့ရဲ့ ဗီဂရာ (Viagra) စမ်းသပ်ချက်မှာ ဒီတိုင်းတာမှုစနစ်ကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

၄။ အမျိုးသမီးတွေလိုပဲ လိင်အင်္ဂါကို လာထိတွေ့ရင် နိုးကြွမှုရှိလာတယ်။

နိုးကြွလွယ်ဆုံးအစိတ်အပိုင်းတွေက အမျိုးသားနဲ့ အမျိုးသမီး မတူညီကြပေမယ့် အမျိုးသားရဲ့ လိင်တံထိပ်ငုံ အရေပြားအပေါ်က အမျိုးသမီးရဲ့ အင်္ဂါအတွင်းသားလိုပဲ တူညီတဲ့ ခံစားမှုမျိုး ရစေပါတယ်။

၅။ လိင်တံမှာရှိနေတဲ့ ဘက်တီးရီးယားတွေက HIV ပိုး ကူးစက်နိုင်စွမ်း ပိုမြင့်စေပါတယ်

လိင်တံထိပ်ငုံ အရေပြားဖြတ်မထားတဲ့ အမျိုးသားတွေက HIV ပိုးကူးစက်နိုင်ချေ ပိုများတယ်လို့ သုတေသနအများစုက ဆိုထားပါတယ်။ ဒါပေမယ့် ဖြတ်ထားတဲ့ အမျိုးသားတွေလည်း လုံးဝစိတ်ချရတယ်လို့ မဆိုနိုင်ပါဘူး။ အကောင်းဆုံးက အကာအကွယ် သုံးတာပါပဲ။

၆။ အိပ်စက်ခြင်းနှင့်ဆက်နွယ်တဲ့ ထောင်မတ်မှုက နာကျင်စေပါတယ်။

အိပ်ပျော်နေရင် လိင်တံထောင်မတ်တတ်တဲ့သူတွေက နိုးလာတဲ့အခါမျိုးမှာ နာကျင်နေတတ်ပါတယ်။ ဘာကြောင့်ဆိုတာ ဆရာဝန်တွေတောင် မဖြေရှင်းနိုင်သေးပါဘူး။ စိတ်မပူပါနဲ့ လူတိုင်းဖြစ်လေ့မရှိပါဘူး။

၇။ ဝှေးစေ့ကို အကန်ခံရတာက သာယာမှုပေးနိုင်ပါတယ်။

ဒီလိုအကန်ခံရတာက အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ BSDM အသိုင်းအဝိုင်းတွင်းမှာတောင် ဖြစ်လေ့ရှိပါတယ်။ အင်တာနက်မှာ လွယ်လွယ်ရှာခဲ့ရင်တောင် အဖြေပေါင်းတစ်သောင်းလောက်ကျလာပါလိမ့်မယ်။

၈။ လိင်တံအမျိုးအစားနှစ်ခုရှိပါတယ်။

လိင်တံထောင်မတ်လာတဲ့အခါမှာ အရွယ်ကြီးလာတတ်ပင်မယ့် တချို့ကတော့ နဂိုအတိုင်းပဲ ရှိနေတတ်ပါတယ်။ အမျိုးသားအများစုမှာ ပုံမှန်အခြေအနေမှာကိုက တခြားသူတွေ အားကျလောက်တဲ့ အရွယ်အစားမျိုး ရှိနေတတ်ကြပါတယ်။ ဒီလိုမျိုးရှိတဲ့လူတွေကို အားမကျပါနဲ့။ သူတို့က ထောင်မတ်နေစဉ်မှာလည်း ဒီအရွယ်အစားပါပဲ။

၉။ ရုပ်ဖြောင့်တဲ့အမျိုးသားတွေက တင်းပြည့်ကျပ်ပြည့်ရှိတယ်။

ဒါက ယုံရခက်ပေမယ့် သိပ္ပံနည်းကျ ရှင်းလင်းချက်တွေ ရှိပါတယ်။ အမျိုးသားတွေကို ၎င်းတို့ရဲ့ သုက်ကောင်အရည်အသွေးအလိုက် စုဖွဲ့ပြီး ဘယ်သူက ရုပ်ဖြောင့်လဲဆိုတာ အမျိုးသမီးတွေကို ရွေးချယ်စေပါတယ်။

သူတို့ချောတယ်ထင်တဲ့ အမျိုးသားနဲ့ သုက်ကောင်အရည်အသွေးမြင့်တဲ့ အမျိုးသားက တူညီနေတာတွေ့ရပါတယ်။

၁၀။ သုတ်လွှတ်ဖို့အတွက် ဦးနှောက်က ဆုံးဖြတ်ဖို့ မလိုပါဘူး။

သင့်နာဗ်ကြောရိုးမကြီးက သုတ်လွှတ်မယ့် အစီအစဉ်ကို ခိုင်းစေတဲ့အတွက် ဦးနှောက် မလိုအပ်တာပဲ ဖြစ်ပါတယ်။

လိင်တံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေက သင့်စိတ်ဝင်စားမယ့်အရာတွေ မဟုတ်နိုင်ပါဘူး။ ဒါပေမယ့် သိသင့်တဲ့ အချက်အလက်တွေ နားလည်ထားရင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

သင့်ကျန်းမာရေးကို ခုပြောခဲ့တဲ့ အချက်တွေထဲက တစ်ခုခုက အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Phio Thiha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/06/2022 ဖြစ်ပါသည်။