လိင်တံပြဿနာများ

ကျန်းမာတဲ့ လိင်တံကို ပိုင်ဆိုင်ထားတာက အမျိုးသားတွေအတွက်တော့ အလုံစုံကျန်းမာခြင်းပါပဲ။ လိင်တံ ကျန်းမာတယ်ဆိုတာ လိင်တံ သန့်ရှင်းတာ၊ လိင်တံရောဂါတွေဖြစ်တဲ့ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတဲ့ ရောဂါတွေ ကင်းစင်နေတာပဲ ဖြစ်ပါတယ်။ လိင်တံကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီမှာ ဆက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်တံပြဿနာများ

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့သော်

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ မျိုးဆက်ပွားနိုင်မယ့် အင်္ဂါအစိတ်အပိုင်းတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒီမျိုးပွားအင်္ဂါက သုက်ရည်ထုတ်လုပ်တာ၊ သုက်ပိုးနဲ့ သုက်ရည်တွေကို သယ်ယူပို့ဆောင်တာ၊ သုက်ပိုးတွေ ထုတ်လုပ်ပေးတာ၊ ဟော်မုန်းတွေ ထုတ်လွှတ်တာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါစနစ်လိုမဟုတ်ဘဲ ခန္ဓာကိုယ် အပြင်ဘက်မှာ အများဆုံး ဖြစ်တည်နေတဲ့ အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါစနစ်မှာ ဘာတွေပါလဲ ........ အမျိုးသား မျိုးပွားအင်္ဂါစနစ်မှာ လိင်တံ ကပ္ပာယ်အိတ် နဲ့ ဝှေးစေ့ ဆီးကျိတ်တို့ ပါဝင်နေပါတယ်။ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရနိုင်လား ....... အမျိုးသားတွေရဲ့ဖွားဖက်တော်မှာ ပါဝင်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ကပ္ပာယ်အိတ် နဲ့ လိင်တံတွေကို အရိုးတွေနဲ့ ကာကွယ်ထားတာမျိုး မရှိတာကြောင့် အလွယ်တကူ ထိခိုက် ဒဏ်ရာရနိုင်ပါတယ်။ မကြာခဏဆိုသလိုလည်း အသေးစား […]

လိင်တံပြဿနာများ ကို ရှာဖွေမည်။

လိင်တံပြဿနာများ

သင့်ငယ်ပါ တိုဝင်သွားပြီလား။

ခုနကအကောင်း ခုကြည့်လိုက်တော့မှ ငယ်ပါကို မတွေ့တော့လို့ ခေါင်းထဲမှာ ဒိန်းခနဲတက်ဆောင့်ပြီး လန့်သွားတဲ့သူများ ရှိသလား။ တစ်ခါလည်း မဟုတ် နှစ်ခါလည်းမဟုတ် ဒီကိစ္စနဲ့ ပတ်သတ်ပြီး အထိတ်တလန့် ဖြစ်ရပြီဆိုရင် သင့်မှာ koroလို့ ခေါ်တဲ့ ကြောက်လန့်ခြင်း တစ်မျိုး ဖြစ်နေပြီလို့ပဲ ပြောပါရစေ။ တကယ်တော့ koroဆိုတာ culture- bound syndrome လို့ ခေါ်တဲ့ ဓလေ့ထုံးစံတွေကြောင့် အစွဲအလမ်းကြီးတာမျိုးပါ။ သမိုင်းကို ပြန်ကောက်ရမယ်ဆိုရင် koro ဆိုတာ မလေးတရုတ်စကားဖြစ်ပြီး 'ကျုံ့သွားတယ်'လို့ အဓိပ္ပာယ်ရပါတယ်။ အာရှနိုင်ငံတွေမှာ အတွေ့ရအများဆုံးပါပဲ။ ဟိုးအနောက်နိုင်ငံတွေမှာဆိုရင်တော့ ဒါဟာ စုန်းမပြုစားတာမို့လို့ ပြန်ပြီးတောင်းပန်ကြပါတယ်။ ခုခေတ်စကားနဲ့ဆို နတ်ကိုင်လိုက်တာပေါ့။ နောက်တစ်ခုက ဒီလိုမကျုံ့ခင်မှာ ဆစ်ခနဲနာပြီးမှ ကျုံ့သွားတဲ့အတွက် 'တိုနာ'လို့လည်း မြန်မာမှုပြုပြီး ခေါ်ကြပါသေးတယ်။ ဒါဆို လိင်အင်္ဂါက တကယ်ကျုံ့ဝင်တတ်သလား။ စိတ်ပိုင်းဆိုင်ရာ သက်သက်လား။ အမျိုးသားတွေရဲ့ လိင်အင်္ဂါက […]


လိင်တံပြဿနာများ

ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism)

ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism) ...... အမျိုးသားထုကြီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ Priapism ဆိုတာ လိင်အင်္ဂါ ထောင်မတ်နိုင်ခြင်း နာရီနဲ့ ချီနေပြီး လုံးဝပြန်မကျတော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ပုံမှန် ယောက်ျားလေးမှာ လိင်အင်္ဂါ ထောင်မတ်ခြင်း ဖြစ်စေဖို့ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးတွေက လိင်တံအတွင်း သွေးကြောနဲ့ တစ်ရှူးထဲကို စီးဆင်းကာ ထောင်မတ်ခြင်း၊ ဖောင်းကြွခြင်းကို ဖြစ်စေပါတယ်။ သုက်လွှတ်ပြီးတာနဲ့ သွေးတွေက ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေဆီကို ပြန်ရောက်သွားပြီး လိင်အင်္ဂါ ပျော့ခွေသွားပါတယ်။ အကြာဆုံး ၄၅ မိနစ်၊ တစ်နာရီလောက်ပဲ ထောင်မတ်နေသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ၄နာရီထက် ကျော်လွန်ပြီး ထောင်မတ်နေတာ၊ ဘယ်လိုမှ ပြန်မကျတော့ဘူးဆိုရင်တော့ Priapism လို့ သတ်မှတ်လို့ […]


လိင်တံပြဿနာများ

ကျားလိင်အင်္ဂါမှာ ဝဲခြောက် ယားနာ ဖြစ်နေခဲ့ရင်

Mite လို့ ခေါ်တဲ့ အလွန်သေးငယ်တဲ့ ကပ်ပါးပိုးကောင်တစ်မျိုးဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး အသက်ရှင်သန်ပါတယ်။ အဲ့ဒီနောက်မှာ အထဲကနေ အရေပြားဆဲလ်တွေကို ဖြည်းဖြည်းချင်းစားကာ ဥ ဥပြီး တဖြည်းဖြည်း ကြာလာတာနဲ့ ဝဲခြောက် ယားနာတွေ ဖြစ်လာပါတယ်။ ကပ်ပါးပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ အရေပြား ထိတွေ့မိတဲ့အခါ ဝဲခြောက်ယားနာ ကူးစက်ခံရနိုင်ပါတယ်။ ဝဲခြောက် ယားနာရဲ့ ပုံစံနဲ့ လက္ခဏာတွေ ဝဲခြောက် သည် ခန္ဓာကိုယ်ရဲ့ နေရာမရွေးပေါက်နိုင်ပြီး အမျိုးသားတွေမှာတော့ တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိခြင်း၊ ပိုးရှိသူရဲ့ အရေပြား၊ အဝတ်အစားနဲ့ ထိတွေ့မိရာကနေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက်တွေဟာ သေးငယ်ပြီး အပေါ်ကို အနည်းငယ် ချွန်တက်နေတဲ့ ဝက်ခြံကဲ့သို့ ပုံစံရှိပါတယ်။ လိင်တံအပြင် ကပ္ပါယ်အိတ်၊ ပေါင်ခြံ၊ တင်ပါးအထိပါ ပြန့်သွားနိုင်ပါတယ်။ […]


လိင်တံပြဿနာများ

ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ

အမျိုးသားတွေရဲ့ လိင်အင်္ဂါသည် စိုထိုင်းပြီး ချွေးအောင်းတဲ့ နေရာမှာ ရှိတဲ့အတွက် ရံဖန်ရံခါ ယားယံတာမျိုးတော့ ဖြစ်တတ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အမြဲလိုလို ဝှေးစေ့က ယားယံပြီး ကုတ်နေရတယ်ဆိုရင်တော့ ဒီအချက်တွေကို စစ်ကြည့်ဖို့တော့ လိုမယ်နော်။ ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ ဘာတွေဖြစ်မလဲ။ ၁။ ရေချိုးပြီးပြီလား။ တစ်နေ့လုံး ရေလည်း လုံးဝမချိုးထားဘူးဆိုရင် ဝှေးစေ့မှာ ချွေး၊ အဆီ၊ အညစ်အကြေးတွေ ရောပြီး ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားကာ ယားယံခြင်းတွေ ဖြစ်စေပါတယ်။ ရေချိုးဖို့ လိုအပ်နေပြီလားဆိုတာကို ဝှေးစေ့ကို ကိုင်ပြီးစမ်းကြည့်တဲ့အခါ မှိုစော်၊ အောက်စော် အနံ့ရမရ နမ်းကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်ဖြစ်ဖြစ် ရေချိုးပေးဖို့တော့ လိုပါတယ်။ ကိုယ်က ချွေးထွက်သန်တဲ့သူ၊ ကိုယ်နံ့ပြင်းတဲ့သူဆိုရင် […]


လိင်တံပြဿနာများ

လိင်တံ ပြဿနာ အဖြာဖြာ (Penile Disorders)

အမျိုးသားတိုင်း ဖြစ်ပွားနိုင်တဲ့ လိင်တံ ပြဿနာ အဖြာဖြာ အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ ယောကျ်ားလေးတွေအတွက် လိင်တံက ဘယ်လောက်အရေးကြီးလဲ ဆိုတာတော့ အကျယ်တဝင့်ပြောနေစရာ မလိုလောက်ဘူး ထင်ပါတယ်။ လိင်တံဟာ အညစ်အကြေးစွန့်ဖို့ရော မျိုးဆက်ပွားဖို့အတွက်ပါ မရှိမဖြစ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပဲ မဟုတ်လား။ အခုဆောင်းပါးမှာတော့ ဒီလိုအရေးကြီးတဲ့နေရာမှာ ဖြစ်နိုင်တဲ့ ပြဿနာတချို့ကို တင်ပြဆွေးနွေးမှာပဲ ဖြစ်ပါတယ်။ ဆက်ပြီးလေ့လာကြည့်ရအောင်ပါ။ လိင်တံ ထိပ်ဖူးရောင်ရမ်းခြင်း ဒါကတော့ရောဂါတစ်ခုပါ။ လိပ်တံထိပ်အရေပြား မဖြတ်ထားတဲ့သူတွေ၊ လိင်တံကို သန့်ရှင်းရေး သေချာမလုပ်တဲ့ သူတွေ အဖြစ်များတယ်။ လိင်တံထိပ်ဖူးနဲ့ အရေပြားကြားမှာ ချွေးတွေ၊အညစ်အကြေး (ဆီးအကြွင်းအကျန်တွေ)၊ ဆဲလ်အသေတွေစုပုံလာရင် ပိုးမွှားတွေပေါက်ပွားလာပြီး လိင်တံထိပ်ဖူးကို ရောင်ရမ်းစေပါတယ်။ လိင်အပျော်အပါးမက်တဲ့ ကိုယ်တော်ချောတွေလည်း ဂနိုတို့၊ ကာလသားရောဂါတို့ဝင်ရင် ဒါမျိုးဖြစ်နိုင်ပါတယ်။ တချို့ကျလည်း အရမ်းမွှေးတဲ့ ဆပ်ပြာတွေ၊ဆပ်ပြာဆီတွေသုံးပြီး ရေချိုးရင်ဖြစ်ပြန်ရော။ ဖြစ်တဲ့အကြောင်းရင်းကို သေချာသိရင် ကုသရတာ […]


လိင်တံပြဿနာများ

ကျားလိင်အင်္ဂါကို ကြီးဆေး ထိုးခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ

လိင်ကျန်းမာရေးနဲ့ ပတ်သက်လာရင် ယောက်ျားအများစု ခဏဏ လာလာမေးတတ်တဲ့ မေးခွန်းတွေထဲမှာ လိင်တံ ကြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း တစ်ခုအပါအဝင်ပါ။ အမှန်အတိုင်းပြောရရင် အမျိုးသား တစ်ယောက်ရဲ့ လိင်တံသည် အသက် ၁၈ ပြည့်ပြီးတာနဲ့ ဘယ်လိုမှ ဆက်ပြီး မကြီးနိုင်တော့ပါဘူး။ အဲ့တော့ ကြီးဆေးတွေ သောက်ရင် မရဘူးလား၊ သူများတွေ ဆေးထိုး၊ ဂေါ်လီထည့်နေတာ ကျွန်တော်လုပ်ရင်ရော ကြီးလာမှာလားတဲ့။ ဟုတ်ကဲ့ အချိန်တစ်ခဏတာအတွက် ကြီးလာတယ်လို့ ထင်ရနိုင်ပါတယ်။ ကျားလိင်အင်္ဂါကို ကြီးဆေး ထိုးခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ တကယ့် ပြဿနာက အဲ့ဒီနောက်မှာ စတာပါ။ သဘာဝ မဟုတ်တဲ့ ပစ္စည်းတွေကို လိင်အင်္ဂါထဲ ထိုးသွင်းထားပြီးနောက် ကြာလာတဲ့အခါ ခန္ဓာကိုယ်က ဒီပစ္စည်းတွေကို ဓာတ်တိုးဆန့်ကျင်တတ်ပြီး ပြည်တည်တာ၊ လိင်တံပုပ်တာ၊ အနံ့ဆိုးထွက်တာ၊ မထောင်မတ်နိုင်တာအပြင် လိင်တံ တစ်ချောင်းလုံး ဖြတ်ပစ်လိုက်ရတဲ့အထိ […]


လိင်တံပြဿနာများ

လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ လိင်မှုရေးရာအဖြာဖြာ

ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲ ညည်းညူနေတတ်တဲ့ အမျိုးသားတွေ အများအပြားရှိပါတယ်။ တကယ်တမ်း လိင်ဆက်ဆံရေးမှာ လိင်အင်္ဂါ အရွယ်အစားထက် စွမ်းဆောင်ရည်ဟာ ပိုပြီး အရေးကြီးပါတယ်။ စွမ်းဆောင်ရည်ကောင်းမှ၊ သက်လုံကောင်းမှသာ ကိုယ့်ဆက်ဆံဖော်အတွက် အကောင်းဆုံးသော ကာမသုခကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရွယ်အစား သေးလိုက်တာဆိုပြီး စိတ်ညစ်နေမယ့်အစား ကိုယ့်ပစ္စည်းကို ဘယ်လို အကောင်းဆုံး အသုံးချမလဲ၊ ဘယ်လို Position အနေအထားမျိုးနဲ့ ဆက်ဆံတာ ထိရောက်လဲ စတဲ့ လိင်ပညာပေး ဗဟုသုတတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ လိင်အင်္ဂါသေးတာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသင့်လဲ။ • အမျိုးသားတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ကိုယ့်ကိုယ်ကိုယ် ငယ်ပါ သေးတယ်လို့ အမြဲ စိတ်ထဲမှာ တွေးထင်နေတတ်ပါတယ်။ • အမျိုးသားတစ်ယောက်ရဲ့ ပုံမှန်အရွယ်အစား အဖြစ် သတ်မှတ်ထားတာက […]


လိင်တံပြဿနာများ

ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေနဲ့ ကျန်းမာရေးပြဿနာများ

Circumcision ဆိုတာ အမျိုးသားတွေရဲ့ လိင်တံထိပ်ကို ဖုံးထားတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်ခြင်း ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ဘာသာရေးအရ လိင်တံထိပ် အရေပြားကို ဖြတ်တာမျိုး ရှိပေမယ့် များသောအားဖြင့် မလိုလားအပ်တဲ့ အမျိုးသားရောဂါတွေ ကာကွယ်ပေးဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ရမှာ ပိုလွယ်ကူစေဖို့ ဖြတ်ပေးရခြင်း ဖြစ်ပါတယ်။ အသက်အရွယ် မရွေး ထိပ်အရေပြား ဖြတ်လို့ ရပါတယ်။ ကလေးမွေးပြီးကာစမှာ ဖြတ်ထားလိုက်ရင်တော့ ပိုပြီး ဒဏ်ခံရသက်သာနိုင်သလို လူကြီး မဟုတ်တဲ့အတွက် ပိုးဝင်မှာ၊ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်မှာလည်း သိပ်ပြီးတော့ စိုးရိမ်စရာ မလိုပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာတော့ ထိပ်အရေပြား ဖြတ်ထားသူ အရေအတွက်ဟာ အနည်းအကျဉ်းသာ ရှိပါတယ်။ ထိပ်အရေပြားကို မဖြစ်မနေ ဖြတ်ပေးဖို့တော့ မလိုပါဘူး။ ဒါဟာ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ […]


လိင်တံပြဿနာများ

အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့

တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပတ်သက်လာရင် အမျိုးသားတွေက ဖြစ်သလို နေတတ်ကြသလို သိပ်ပြီးတော့လည်း ဂရုစိုက်လေ့ မရှိပါဘူး။ အနံ့ဆိုး ထွက်ရခြင်း အကြောင်း အများစုက တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာကြောင့်ပါပဲ။ အထူးသဖြင့် အမျိုးသားတွေမှာ ချိုင်းကြား၊ ပေါင်ကြား၊ လိင်အင်္ဂါတစ်ဝိုက်မှာ အောက်သိုးသိုး အနံ့တွေ ထွက်တတ်ပါတယ်။ ကိုယ့်အတွက်တော့ ဒီအနံ့တွေက ယဉ်ပါးနေပြီဆိုပေမယ့် တခြားသူတွေအတွက်တော့ စိတ်မသက်သာစရာ ဖြစ်စေသလို လိင်ဆက်ဆံတဲ့အခါမှာလည်း ကိုယ့်အဖော်အတွက် လိင်စိတ်နည်းသွားစေတတ်ပါတယ်။ အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့ အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ကြည့်လိုက်စို့နော်။ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ အနံ့ဆိုးထွက်စေတဲ့ အကြောင်းရင်းတွေ ကိုယ်ခန္ဓာမှာ ရှိတဲ့ အမွေးအမျှင်များကို မရိတ်ဘဲ ဒီအတိုင်း ပစ်ထားခြင်း ရေချိုးတဲ့အခါ စနစ်တကျ ဆေးကြောတာမျိုး မလုပ်ခြင်း ရေမချိုး၊ […]


လိင်တံပြဿနာများ

သုက်လွှတ်စဉ် နာကျင်ရခြင်းအကြောင်း

သုက်လွှတ်စဉ် နာကျင်ခြင်းကို ဆေးပညာအရ dysorgasmia (သို့မဟုတ်) orgasmalgia လို့ ခေါ်ဝေါ်ပြီး အတော်အသင့်ကနေ ဆိုးရွားတဲ့အထိ နာကျင်တတ်ပါတယ်။ သုက်လွှတ်ချိန်မှာဖြစ်စေ၊ လွှတ်ပြီးချိန်မှာဖြစ်စေ နာကျင်တတ်ပါတယ်။ လိင်တံ၊ ကပ္ပာယ်အိတ်နဲ့ စအိုဝန်းကျင်မှာ နာတတ်ပါတယ်။ ဒီပြဿနာဟာ လိင်မှုကိစ္စမှာ အတော်လေးကို အနှောင့်အယှက်ဖြစ်စေပါတယ်။ သုက်လွှတ်စဉ် နာကျင်ရခြင်းအကြောင်း ယခုဆက်လက်ဖော်ပြမှာကတော့ သုက်လွှတ်စဉ်ဘာကြောင့် နာကျင်ရသလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အောက်ပါအခြေအနေများဟာ သုက်လွှတ်စဉ် နာကျင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ၁။ ဆီးကျိတ်ရောင်ခြင်း ဆီးကျိတ်ဂလင်းရောင်ခြင်းကို ဆိုလိုပါတယ်။ အသက် ၅၀ ခန့် အမျိုးသားတွေမှာ ကြုံရတဲ့ ဆီးလမ်းကြောင်း ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာဟာ ဆီးသွားချိန်မှာ နာကျင်ခြင်း၊ မကြာခဏ ဆီးသွားခြင်း စတာတွေကိုလည်း ဖြစ်စေတတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ မှားယွင်းတတ်ပါတယ်။ တခြား ထပ်မံကြုံရနိုင်တဲ့ လက္ခဏာတွေကတော့ ဝမ်းဗိုက်အောက်ပိုင်းအောင့်ခြင်းနဲ့ လိင်တံထောင်မတ်စဉ် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း