
၁ ။ ဆံပင်ကျွတ်တာ သိပ်မသိသာသေးဘူး
၂ ။ နဖူးနဲ့ ထိပ်တွေမှာ ဆံပင်တွေ စပါးလာပြီ။ သိသိသာသာတော့ ဆံပင် မကျွတ်သေးဘူး
၃ ။ မှန်ထဲကြည့်လိုက်တဲ့ အချိန်မှာ နဖူးကဆံစပ်အနားလိုင်း နောက်ဆုတ်တာ သိသာလာပြီ။ ထိပ်ပေါ်က ဆံပင်လေးတွေဆို ထိလိုက်တာနဲ့တင် ကျွတ်လာပြီ။
၄ ။ ဆံပင်လိုင်းက သိသိသာသာနောက်ဆုတ်လာပြီး ပြောင်နေတဲ့နေရာနဲ့ မပြောင်ဘဲကျန်ခဲ့တဲ့နေရာကို ခွဲခြားမြင်လာရပြီ။ နဖူးနဲ့ ထိပ်က ဆံပြင်ပြောင်တဲ့နေရာတွေကတော့ ဆက်မနေသေးဘူး။
၅ ။ နဖူးနဲ့ ထိပ်က ဆံပြင်ပြောင်တဲ့နေရာတွေကြားက ဆံပင်တွေ စပါးလာပြီ။
၆ ။ နောက်ဆုံး အဆင့်အနေနဲ့ နဖူးနဲ့ ထိပ်က ပြောင်နေတဲ့နေရာနှစ်ခုဆက်သွားပြီး နားထင်မှာပဲ ဆံပင်တွေကျန်ခဲ့တယ်။ ။
စိတ်ဖိစီးမှုတွေ လျော့အောင်နေမယ်၊ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေစားပေးမယ်၊ ဆံပင်ကိုခဏခဏ ဆေးဆို တာမျိုးတွေ မလုပ်ဘူး၊ ဗီတာမင် A ဗီတာမင် C နဲ့ ဇင့်ဓါတ်ကြွယ်ဝတာတွေ စားပေးမယ်ဆိုရင် ထိပ်ပြောင်တာကို အနည်းနဲ့ အများတော့ ကြိုတင်ကာကွယ်လို့ရနိုင်ပါတယ်။