အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့

ခေါင်းစဉ်ကို ဖတ်ပြီး နည်းနည်းများ ထူးဆန်းသွားသလား။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာပါ။ အမျိုးသားတွေမှာ ဖြစ်လို့လားပေါ့။ ဟုတ်ပါတယ်။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးတာကို menopause လို့ ခေါ်ပြီး အမျိုးသားတွေမှာ သွေးဆုံးတာကိုတော့ andropause လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေပါ။ အမျိုးသားများ သွေးဆုံးခြင်း [သို့မဟုတ်] Andropause အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာက အသက်အရွယ်ကြောင့် တက်စတိုစတုန်းဟော်မုန်း ထုတ်လုပ်မှု နည်းသွားတာကို ဆိုလိုတာပါ။ အသက်အရွယ်အလိုက် ဟော်မုန်း ပြောင်းလဲတာက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေမှာ ကွာခြားနိုင်ပါတယ်။ အမျိုးသမီးတွေမှာ သားဥကြွေတာ အဆုံးသတ်သွားတာဖြစ်ပြီး ဒီလို ကာလတိုအတွင်းမှာ […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတွေက ဆေးရုံဆေးခန်းသွားရမှာ၊ ဆေးသောက်ရမှာ၊ ကုသမှု ခံယူရတာကို သဘောမတွေ့ကြပါဘူး ဒါပေမယ့် လူတိုင်းကတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တာပါ။ အမျိုးသားဆိုသည်မှာလည်း လူသားတွေပဲမို့ ကျန်းမာရေးကို သေချာလေး စောင့်ရှောက်ဖို့ လိုမှာပါ။ ဒီတစ်ခေါက်တော့ မြန်မာနိုင်ငံက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာလေးတွေကို ပြောပြပေးသွားပါမယ်။ မြန်မာနိုင်ငံမှာ အတွေ့ရများတဲ့ အမျိုးသား ကျန်းမာရေး ပြဿနာတွေက ဘာတွေလဲ.......... မြန်မာနိုင်ငံက အမျိုးသားတွေဟာ ဆီးချို သွေးတိုး သွားနဲ့ခံတွင်းကျန်းမာရေးပြဿနာ ခံတွင်းကင်ဆာ ဆီးကျိတ်ကြီးခြင်း ဆီးကျိတ်ကင်ဆာ အူမကြီးကင်ဆာ နှလုံးသွေးကြောဆိုင်ရာ ရောဂါ အသည်းအဆီဖုံးတာတွေကို ခံစားရပါတယ်။ နေထိုင်မှုပုံစံ၊ အစားအသောက်၊ အရက်နဲ့ ဆေးလိပ်တွေ သောက်သုံးမှု များလွန်းတာကြောင့် အခုလို ကျန်းမာရေးပြဿနာတွေကို ခံစားရတာပါ။ နောက်တစ်ခုက မြန်မာနိုင်ငံက အမျိုးသားတွေက ကွမ်းစားတာပါ။ ကွမ်းကြောင့် သွားနဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေတယ်ဆိုတာ အမှန်ပဲလား

အမျိုးသားတွေရဲ့ သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေသလားဆိုတဲ့ မေးခွန်းက စိတ်ဝင်စားဖွယ်ရာ မေးခွန်းတစ်ခုပါ။ အထူးသဖြင့် လူငယ်တွေအကြားမှာ တီးတိုးတီးတိုး သဖန်းပိုး ငြင်းခုံကြလေ့ရှိတဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်ပါတယ်။ လိင်ကိစ္စအကြောင်း ပြောကြတဲ့အခါမှာ သုက်ရည်က မပါမဖြစ် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အခြေခံအားဖြင့် ပြောရရင် သုက်ရည်ကို လိင်တံကနေ ထုတ်လွှတ်ပေးတာဖြစ်ပြီး သုက်ပိုးတွေက ဝှေးစေ့အတွင်းမှာ တည်ရှိနေတာပါ။ လိင်ဆက်ဆံပြီးချိန်၊ အာသာဖြေပြီးချိန် သုက်ရည် ထွက်လာတတ်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးက မမျိုးဥနဲ့ ပေါင်းစပ်မိချိန်မှာ သန္ဓေတည်စေပြီး ကိုယ်ဝန်ရစေပါတယ်။ အမျိုးသား တစ်ယောက် တစ်ကြိမ် သုက်လွှတ်တဲ့အခါတိုင်းမှာ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါဝင်နေတတ်ပါတယ်။ ဒါပေမယ့် သုက်ရည်မှာ သုက်ပိုးတစ်ခုတည်း ပါဝင်နေတာ မဟုတ်ပါဘူး။ ဒီထက်ထူးခြားတာတွေလည်း ပါဝင်နေပါသေးတယ်။ ဒါတွေကတော့ အာဟာရဓာတ်တွေပါပဲ။ သုက်ရည်မှာ အာဟာရဓာတ်တွေရှိနေတာလား ဟုတ်ပါတယ်။ သုက်ရည်ထဲမှာ အာဟာရဓာတ်တွေ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဝှေးစေ့မှာ သွေးတိုးရင် ဘာဖြစ်တတ်သလဲ

အမျိုးသား တချို့မှာ ဆန္ဒမပြီးမြောက်အောင် ထိန်းချုပ်လိုက်ရင် ဝှေးစေ့ထဲကနေ အောင့်သလိုလို ကိုက်သလိုလို ခံစားရတဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဝှေးစေ့မှာ  သွေးတိုးတာကို Blue balls ဒါမှမဟုတ် epididymal hypertension လို့လည်း ခေါ်ပါတယ်။ တစ်ခုကြိုပြီးပြောချင်တာက ဝှေးစေ့မှာ သွေးတိုးရတာရောဂါကြောင့် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အပြုအမူကြောင့် ဖြစ်ရတာပါ။ အမျိုးသား တချို့က အချိန် ပိုကြာကြာ လိင်ဆက်ဆံနိုင်အောင် သုက်လွှတ်တာကို ထိန်းချုပ်ဖို့ ကြိုးစားတတ် ကြပါတယ်။ ဆန္ဒပြီးမြောက်ခါနီးအထိလုပ်ပြီးမှ သုက်မထွက်အောင် ထိန်းချုပ်တာမျိုးပေါ့။ အများစုကတော့ အဆင်ပြေ ကြပါတယ်။ တချို့ကျတော့ ဒီလို လိင်ဆန္ဒအထွတ်အထိပ် မရောက်အောင် ထိန်းချုပ်လိုက်ရင် ဝှေးစေ့ထဲက အောင့်သလိုလို နာသလိုလို ခံစားရတတ်ပါတယ်။ ဒါဘာကြောင့် ဖြစ်ရသလဲ ဆိုတော့ အာသာဖြေချိန်မှာ ဝှေးစေ့ အတွင်းက သွေးကြောတွေ သာမန်ထက် ပိုကျယ်ပြန့်လာပြီးသွေးတွေ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ ဆီးကျိတ်ခွဲစိတ်ကုသခြင်းအကြောင်း

ဆီးကျိတ်ဟာ ဆီးအိမ်ရဲ့အောက် အူမကြီးရဲ့ရှေ့မှာ တည်ရှိပါတယ်။ သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်ကို ထုတ်လုပ်ပေးပြီး အမျိုးသားများရဲ့ မျိုးပွားအင်္ဂါစနစ်မှာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ ဆီးကျိတ်ကို ခွဲစိတ်ရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ BPH ခေါ် ဆီးကျိတ်ရောင်ခြင်းနဲ့ ဆီးကျိတ်ကင်ဆာတို့ပဲ ဖြစ်ပါတယ်။ ခွဲစိတ်ရာမှာ တပိုင်းတစခွဲစိတ်ခြင်းနဲ့ ဆီးကျိတ်တခုလုံး ခွဲစိတ်ဖယ်ရှားခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ခွဲစိတ်မှုမပြုမီ လူနာကိုကြိုတင်ရှင်းပြပါလိမ့်မယ်။ ခွဲစိတ်မှုအမျိုးအစား၊ ခွဲစိတ်မှုပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်၊ ကောင်းကျိုးဆိုးကျိုးများ စတာတွေ ပါဝင်ပါတယ်။ ခွဲစိတ်ချိန်မှာ မနာကျင်ရအောင် မေ့ဆေးတမျိုးမျိုးပေးပါလိမ့်မယ်။ နောက်ပိုင်းမှာ ခါးဆစ်ရိုးထုံဆေးအသုံးပြုပြီးလည်း ခွဲစိတ်ပါတယ်။ ခွဲစိတ်ခြင်းအတွက် အဓိကထည့်သွင်းစဉ်းစားတဲ့ အချက်တွေကတော့ - ရောဂါအခြေအနေကို ပျောက်ကင်းရန် - ဆီးမထိန်းနိုင်ခြင်း သက်သာစေရန် - လိင်တံကောင်းစွာထောင်မတ်နိုင်စေရန် - ဘေးထွက်ဆိုးကျိုးနည်းပါးစေရန် - မခွဲစိတ်မီ ခွဲစိတ်နေစဉ်နှင့် ခွဲစိတ်ပြီးချိန်တွင် နာကျင်မှုကို သက်သာစေရန် စတာတွေပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလား မည်သည့်ခွဲစိတ်ကုသမှုမဆို ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများ ရှိပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

သုက်ထွက်မြန်တဲ့ ပြဿနာက အမျိုးသားတွေရဲ့ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ တစ်ခါတရံ သုက်ထွက်မြန်သွားတာကတော့ အမျိုးသားအများစု ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်ပြဿနာဆိုပေမယ့် အမြဲလိုလို ဖြစ်နေတာဆိုရင်တော့ ကိုယ့်မှာ ချို့ယွင်းချက်တစ်ခုခု ရှိနေတာဖြစ်နိုင်ပါတယ်။ အကယ်လို့ ကိုယ့်မှာ ဘယ်လိုပြဿနာရှိလဲဆိုတာ သေချာမသိဘူးဆိုရင်တော့ အမျိုးသားရောဂါကုဆရာဝန် သို့မဟုတ် ဆီးနဲ့ကျောက်ကပ် အထူးကုဆရာဝန်ဆီမှာ သွားရောက်ပြသ စစ်ဆေးကြည့်သင့်ပါတယ်။ သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်… သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်… ဘာတွေ သိထားဖို့လိုမလဲ။ ဆရာဝန်အနေနဲ့ ဘာတွေစစ်ဆေးမှာလဲ။ အရင်ဆုံး လူနာရဲ့ ကျန်းမာရေး၊ မိသားစုရာဇဝင်၊ သောက်နေတဲ့ ဆေးများရှိမရှိ၊ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စွမ်းဆောင်နိုင်ခြင်း (ထောင်မတ်ခြင်း) ရှိ၊ မရှိ စတာတွေကို မေးမြန်းမှာဖြစ်ပါတယ်။ သုက်လွှတ်မြန်ခြင်းသာမက လိင်တံထောင်မတ်နိုင်စွမ်းပါ ကျဆင်းနေပြီဆိုရင်တော့ ဆရာဝန်အနေနဲ့ သွေးဖောက်စစ်ပြီး ကျားဟော်မုန်း (တက်စတိုစတီရုန်းဟော်မုန်း) ပမာဏကို […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

သွေးနွေးသတ္တဝါတွေထဲမှာ အမတွေသာမက အဖိုတွေပါ နို့တိုက်လို့ရတယ်ဆိုတာကို တော်တော်များများ သိကြမယ်လို့ ထင်ပါတယ်။ ဒါဆိုရင် လူဆိုတဲ့ သွေးနွေးသတ္တဝါတွေမှာ အမျိုးသားတွေဆိုရင်ရော ရင်သားကနေ နို့ထွက် နိုင်လား၊ နို့ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ဒီဆောင်းပါးမှာ ကျွန်တော်က ရှင်းပြပေးချင်ပါတယ်။ နို့ဖြစ်ပေါ်လာရခြင်း မူလအစပထမ အယ်လ်ဗီယိုလိုင် (Alveoli) လို့ ခေါ်တဲ့ ရင်သားတစ်ရှူးရဲ့ သေးငယ်တဲ့ အခေါင်းပေါက်တွေထဲမှာ နို့ကို ထုတ်လုပ်ပေးပါတယ်။ ဒီလိုမျိုး နို့ကို ထုတ်လုပ်ပေးဖို့အတွက် အဓိက လှုံ့ဆော်ပေးတာကတော့ ပရိုလက်တင် (Prolactin) လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးပါပဲ။ ဒီဟော်မုန်းဟာ ပီကျူထရီဂလန်း (Pituitary Gland) ကနေ အများဆုံး ထုတ်ပေးသလို အမျိုးသမီးတွေရဲ့ သားအိမ်နံရံ (Myometrium) နဲ့ အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ကနေ ပမာဏအနည်းငယ် ထုတ်လုပ်ပေးနိုင်ပါတယ်။ အမျိုးသားတွေရော၊ အမျိုးသမီးတွေရဲ့ ရင်သားမှာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

ကျန်းမာရေးစစ်ဆေးမှုပြုလုပ်တယ်ဆိုတာ ရောဂါကုသရေးမှာ အရေးအကြီးဆုံးနဲ့ အလွယ်ကူဆုံးအဆင့်တစ်ခု ဖြစ်ပါတယ်။ ရောဂါတိုင်းက စောစောရှာဖွေနိုင်လေ ပျောက်ကင်းအောင်ကုသဖို့လွယ်ကူလေဖြစ်တဲ့အတွက် ကျန်းမာရေးကြိုတင် စစ်ဆေးမှုတွေကို တစ်ခုခုနေထိုင်မကောင်းဖြစ်မှ မဟုတ်ဘဲ နှစ်စဉ် (ဒါမှမဟုတ်) နှစ်အပိုင်းအခြား တစ်ခုအလိုက်ပြုလုပ်ဖို့ လိုအပ်တာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်ကိုလုပ်သင့်တဲ့ ကျန်းမာရေးကြိုတင်စစ်ဆေးမှုတွေအကြောင်းပြောပြချင်ပါတယ်။ သွေးပေါင်ချိန်တိုင်းခြင်း - အသက် ၄၀ ကျော်အမျိုးသားတိုင်း အနည်းဆုံး တစ်နှစ်တစ်ကြိမ် သွေးပေါင်ချိန်တိုင်းသင့်ပြီး သွေးပေါင်ချိန်က အပေါ်သွေး ၁၂၀ နဲ့ အောက်သွေး ၈၀ မကျော်ရင်အကောင်း ဆုံးဖြစ်ပါတယ်။ အခုခေတ်မှာသွေးပေါင်ချိန် အလွယ်တကူတိုင်းလို့ရတဲ့စက်တွေလည်းရှိနေပြီဖြစ်တဲ့အတွက် ကိုယ့်ဖာသာသွေးပေါင်ချိန်မှန်မှန်စစ်ဆေးသင့်ပါတယ်။ အဖြစ်များလာတဲ့သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို သွေးပေါင်ချိန်စစ်ဆေးပြီး ကြိုတင်ရှာဖွေနိုင်တဲ့အတွက် သွေးပေါင်ချိန်တိုင်းခြင်းက လွယ်ကူပြီးထိရောက်တဲ့ကျန်းမာရေးစစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။ ဆီးချိုစစ်ဆေးခြင်း - အနည်းဆုံး (၃) နှစ်တစ်ကြိမ်ဆီးချိုအတွက် HBA1c နဲ့ Lipid profile စစ်ဆေးမှုတွေပြုလုပ် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ရည်ကျဲလာခြင်း က အမျိုးသားတွေအတွက် စိုးရိမ်စရာရှိလား

သုက်ရည်ဆိုတာ အမျိုးသားများ လိင်စိတ်ဆန္ဒ ပြီးမြောက်ချိန်မှာ သုက်ပို့ပြွန်ကနေ အပြင်ဘက်က ထုတ်လွှတ်လိုက်တဲ့ အရည်ဖြစ်ပါတယ်။ သုက်ရည်တွင် သုက်ပိုးများနှင့် ဆီးကျိတ်ဂလန်းက အရည်များ ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် သုက်ရည်သည် ပျစ်ပြီး အဖြူရောင် သို့မဟုတ် နို့နှစ်ရောင်ရှိပါတယ်။ ဒါဆို သုက်ရည်ကျဲလာခြင်း က ပြဿနာတစ်ခုလား။ သုက်ရည်ရဲ့ ပျစ်ကျဲမှု ဘာကြောင့်ပြောင်းလဲသွားတာလဲ။ ၁။ သုက်ပိုးကောင်ရေ နည်းသွားခြင်း ဝှေးစေ့တွင် သိမ်းဆည်းထားတဲ့ သုက်ပိုးများ နည်းလာတဲ့အခါ လိင်အင်္ဂါကနေ ထွက်လာတဲ့ သုက်ရည်ဟာလည်း ကျဲသွားတတ်ပါတယ်။ ဝှေးစေ့အကြော ရောင်ရမ်းခြင်း၊ လိင်မှတစ်ဆင့် ရောဂါများ ကူးစက်ခံရခြင်း၊ ဝှေးစေ့တွင် အကျိတ်ဖြစ်နေခြင်း၊ ကျားဟော်မုန်းနည်းလာခြင်း၊ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း၊ သုက်ပို့ပြွန် ထိခိုက်မိခြင်းကြောင့် သုက်ပိုးကောင်ရေ နည်းသွားနိုင်ပါတယ်။ ၂။ မကြာခဏ သုက်လွှတ်ခြင်း မကြာခဏ သုက်လွှတ်တဲ့အခါ သုက်ပိုးများ နည်းသွားသလို သုက်ရည်ဟာလည်း စေးပျစ်ခြင်းမရှိတော့ဘဲ ကျဲသွားတတ်ပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာများ

အမျိုးသမီးတွေနဲ့ ယှဉ်လိုက်တဲ့အခါ အမျိုးသားတွေဟာ ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ရှိနေတဲ့တိုင်အောင် ဆရာဝန်နဲ့ သွားရောက်ပြသခြင်းမရှိတာကို တွေ့ရပါတယ်။ နှစ်စဉ်ကျန်းမာရေး စစ်ဆေးမှုများ မပြုလုပ်ခြင်း၊ အချို့သော ကျန်းမာရေးလက္ခဏာများကို လျစ်လျူရှုခြင်း၊ လိုအပ်သည့်အခါမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လက်တွန့်ခြင်းကြောင့် မလိုအပ်ဘဲ ရောဂါဒဏ်ကို ပိုခံရတဲ့အပြင် အသက်ဆုံးရှုံးမှုလည်း ပိုဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသားများ လုံးဝမပေါ့ဆသင့်တဲ့ ကျန်းမာရေးလက္ခဏာများကို ပြောပြသွားမှာဖြစ်ပြီး ဒီလက္ခဏာတွေထဲက တစ်ခုခုကို ကိုယ်အမြဲ ကြုံတွေ့ခံစားနေရတယ်ဆိုရင် အချိန်မဆွဲဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြည့်ဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။ အမျိုးသားများ မပေါ့ဆသင့်တဲ့ ကျန်းမာရေးလက္ခဏာပေါင်းချုပ် ၁။ အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း ရင်ဘတ်အောင့်တယ်၊ အသက်ရှူမဝဘူးဆိုတာ ပုံမှန်ကျန်းမာနေတဲ့ သူတစ်ယောက်မှာ မတွေ့ရတဲ့ လက္ခဏာပါ။ အဆုတ်၊ နှလုံး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာမှာ ပုံမှန်မဟုတ်တဲ့ ချို့ယွင်းချက်တွေ ရှိနေတာ၊ နှလုံးသွေးကြောကျဉ်းတာမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခြားလက္ခဏာအနေနဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ စိုးရိမ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာ (၅) မျိုး

လူမှန်ရင် ကျန်းမာရေးပြဿနာနဲ့ မကင်းဝေးနိုင်ကြသလို အမျိုးသားများသည်လည်း ထိုနည်းတူပါပဲ။ အမျိုးသမီးတွေနဲ့ ကွာသွားတဲ့အချက်က အမျိုးသားတွေဟာ သူတို့ ဖြစ်နေတဲ့ ပြဿနာတွေ၊ ခံစားနေရတဲ့ ဝေဒနာတွေကို သိပ်ပြီး ဖွင့်ထုတ်ပြသလေ့မရှိဘဲ ရေငုံနှုတ်ပိတ် နေတတ်ကြတဲ့ ကိစ္စပါ။ ဒီအချက်ကြောင့်လည်း အမျိုးသားတွေဟာ အမျိုးသမီးများထက် တကယ်တမ်း ကျန်းမာရေးပြဿနာ ကြုံလာရတဲ့အခါ ပိုကုသရခက်ပြီး အသက်ဆုံးရှုံးနိုင်ခြေ ပိုများတတ်ပါတယ်။ အမျိုးသားများ အကြောက်ဆုံး ကျန်းမာရေးပြဿနာတွေက ဘာတွေဖြစ်မလဲ။ ဒီကျန်းမာရေးပြဿနာတွေဟာ ကိုယ်တိုင် သို့မဟုတ် ကိုယ့်အနီးပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတာကို မြင်တွေ့၊ ကြားသိပြီး ကြောက်တဲ့စိတ်တွေ တိုးလာတတ်ကြတာပါ။ အမျိုးသားတိုင်း ဒီပြဿနာတွေ ဖြစ်လိမ့်မယ်လို့ ဆိုလိုတာမဟုတ်ပေမဲ့ အများစုကတော့ ဒီပြဿနာတွေကို မလွဲမသွေ တွေ့ကြုံရနိုင်ပါတယ်။ ၁။ ဆီးကျိတ်နဲ့ဆိုင်တဲ့ ပြဿနာများ အသက်အရွယ်ကြောင့် အမျိုးသားအများစု မလွှဲမသွေ ကြုံရတတ်တဲ့ ပြဿနာတွေထဲက တစ်ခုပါ။ ဆီးကျိတ်ကြီးခြင်း သို့မဟုတ် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း