backup og meta

သင့်ရဲ့သုက်ပိုးများကို ဒုက္ခပေးတတ်သော အစားအစာများ

ကလေးရယူဖို့ ကြိုးစားတဲ့အခါ အနှောင့်အယှက် ဖြစ်စေတဲ့ အရာတွေ အများကြီးရှိပါတယ်။ မျိုးဥ အရည်အသွေး မကောင်းခြင်း၊ သုတ်ပိုး အရည်အသွေး မကောင်းခြင်း စတာမျိုးတွေ ဖြစ်ပါတယ်။ သုတေသနအချို့ရဲ့ အဆိုအရ ကလေးမရနိုင်ခြင်းရဲ့ ၃၀%ခန့်ဟာ ယောက်ျားလေးကြောင့် ဖြစ်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေဟာလည်း အကြောင်းအရင်းထဲ ပါဝင်ပါတယ်။ သင့်ရဲ့ သုတ်ပိုးများကို ဒုက္ခပေးတတ်တဲ့ အစားအစာတွေကို လေ့လာပြီး ဘေးကင်းအောင် ရှောင်ကြဉ်ပါ။

သင့်ရဲ့သုက်ပိုးများကို ဒုက္ခပေးတတ်သော အစားအစာများ

စည်သွပ်စားစရာများ

စည်သွပ်စားစရာများဟာ BPA ဓါတ်ရဲ့ အကြီးဆုံး ရင်းမြစ်တခုဖြစ်ပါတယ်။ အဲဒီဓါတ်ကို စည်သွပ်ဗူး ထုတ်လုပ်ရာမှာ သုံးပါတယ်။ ဆီးထဲမှာ BPA ပမာဏ မြင့်တက်ခြင်းဟာ အမျိုးသားများရဲ့ သုတ်ပိုး ပုံမှန် စွမ်းဆောင်ရည်ထက် ကျဆင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။ စည်သွပ်စားစရာတွေကို လုံး၀ ရှောင်ကြဉ်စရာတော့ မလိုပါဘူး။ သင့်တင့်ရုံလောက်ပဲ စားခြင်းဟာ အမျိုးသားများရဲ့ ကျန်းမာရေးအပေါ် မထိခိုက်နိုင်ပါဘူး။

အသင့်စား အစာများ

သုတေသီတွေရဲ့ အဆိုအရ အမျိုးသားများရဲ့ အဆီဓါတ်များပြားတဲ့ စားသောက်မှုပုံစံဟာ သုတ်ပိုးအရေအတွက်ရော သိပ်သည်းမှုကိုပါ ကျဆင်းစေတယ်လို့ သိရပါတယ်။ ပုံပြောင်းဆီများကို လျင်မြန်စွာ အသင့်စားသုံးနိုင်တဲ့ စားစရာတွေထဲမှာ တွေ့ရပြီး သုတ်ပိုးရဲ့ အရည်အသွေးရော အရေအတွက်ပါ ကျဆင်းစေပါတယ်။ ဒါကြောင့် သင်ကလေးရလိုရင် ဒီကိစ္စမှာ အနှောင့်အယှက် ပေးနေတဲ့ ကျန်းမာရေးနဲ့လည်း မညီညွတ်တဲ့ စားစရာတွေကို ရှောင်ကြဉ်လိုက်ပါ။

ပဲပိစပ်

ပဲပိစပ်ပမာဏ အနည်းငယ်ဟာ ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ဒါပေမယ့် ပဲပိစပ်ကနေ ထုတ်လုပ်ထားတဲ့ တိုဖူး၊ ပဲနို့နဲ့ ပဲအချဉ်တွေကို များများစားစား စားသုံးမယ်ဆိုရင် သုတ်ပိုး အရေအတွက်ကို ကျဆင်းစေပါတယ်။ သုတေသန တခုရဲ့ အဆိုအရ ပဲပိစပ်အများအပြားစားတဲ့ အမျိုးသားများရဲ့ သုတ်ရည်ဟာ လုံးဝမစားတဲ့ အမျိုးသားများထက် ၃၂% လျော့နည်းတယ်လို့ သိရပါတယ်။ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းတွေဟာလည်း အဆီဓါတ် များပြားခြင်းကနေ အီစထရိုဂျင်ပမာဏကို မြင့်တက်စေတာကြောင့် ထိခိုက်မှုရှိပါတယ်။ ဒါကြောင့်မို့ ပဲပိစပ် စားသုံးမှုကို လျှော့ချပါ။

အဆီပြည့်ဝသော နို့ထွက်ပစ္စည်းများ

အမေရိကရဲ့ သုတေသနတခုအရ အဆီပြည့်ဝတဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးတဲ့ အမျိုးသားများဟာ မြုံခြင်းဖြစ်နိုင်ခြေ ရှိပါတယ်။ ရေခဲမုန့်၊ ဒိန်ခဲ စတာတွေဟာ သုတ်ပိုးအရေအတွက်ရော အရည်အသွေးပါ လျော့နည်း စေပါတယ်။ နို့ထွက်ပစ္စည်းများကို ဖန်တီးထားတဲ့ ဟော်မုန်းများနဲ့ ပေါင်းစပ်လိုက်ခြင်းဟာ သဘာဝဟော်မုန်း ထုတ်လုပ်ခြင်းကို အမျိုးသားများဆီမှာရော အမျိုးသမီးများဆီမှာပါ ကျဆင်းစေပါတယ်။ နို့ထွက်ပစ္စည်းများမှာပါတဲ့ လက်တစ်အက်ဆစ်ဟာ လိင်စိတ်ဆန္ဒကို ထိခိုက်မှုရှိပါတယ်။ အဆီဓါတ်နည်းတဲ့ နို့ထွက်ပစ္စည်းများကတော့ သုတ်ပိုးများကို အားဖြစ်စေပြီး လှုပ်ရှားမှုလည်း အားကောင်းစေပါတယ်။ ကယ်လ်ဆီယမ်ဟာ လိင်မှုကိစ္စကျန်းမာရေး ပိုမိုကောင်းမွန်သေပါတယ်။ ဒါကြောင်မို့ နို့ကိုအားဖြည့်ထားတဲ့ စားစရာများ အစိမ်းရောင် ဟင်းသိးဟင်းရွက်များကို စားသုံးရပါမယ်။

ကြော်ထားသော စားစရာများ

ကြော်ထားတဲ့ စားစရာများ အထူးသဖြင့် အဆင့်ဆင့် ပြုပြင်ထားတဲ့ အသားများကို စားသုံးခြင်းဟာ သုတ်ပိုးအရေအတွက် ကျဆင်းခြင်းနဲ့ ဆက်စပ် နေပါတယ်။ ပြုပြင်ထားတာအများဆုံးဖြစ်တဲ့ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ဆလာမီ၊ ကြပ်တိုက်ထားတဲ့ စားစရာများ၊ ဝက်အူချောင်း စတာတွေ စားသုံးတဲ့ အမျိုးသားများဟာ သုတ်ပိုးအရေအတွက် လေးပုံတပုံကျဆင်းတယ်လို့ သုတေသနတခုမှာ ဆိုထားပါတယ်။ ကြော်ထားတဲ့ စားစရာတွေဟာ တက်စ်တိုစထရုန်းဓါတ် ပမာဏကို လျော့နည်းစေနိုင်ပြီး သုတ်ပိုးရဲ့ အရည်အသွေးကို ကျစေတဲ့အပြင် ပုံမှန်မဟုတ်တဲ့ သုတ်ပိုးတွေ ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။

သင်စားတဲ့ အစားအစာတွေဟာ သင့်မှာရှိတဲ့ သုတ်ပိုးအရေအတွက်၊ ပုံစံကျမကျ၊ ရွေ့လျားနိုင်ခြင်း ရှိမရှိ စတာတွေအတွက် အရေးကြီးတဲ့ကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မုနဲ့ နေထိုင်မှုပုံစံတွေဟာ အမျိုးသားများရဲ့ သုတ်ပိုးများ ကျန်းမာရေးကို တိုးတက်ကောင်းမွန် စေပါတယ်။ အထက်ပါ အချက်အလက်များဟာ သင့်ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရွေးချယ်မှုများအတွက် လမ်းညွှန်ပေးနိုင်မှာပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Soy food and isoflavone intake in relation to semen quality parameters among men from an infertility clinic. http://humrep.oxfordjournals.org/content/23/11/2584.full. Accessed September 6, 2016.

Dairy intake and semen quality among men attending a fertility clinic. http://www.ncbi.nlm.nih.gov/pubmed/24636397. Accessed September 6, 2016.

BPA plastic and fertility studied. http://www.nhs.uk/news/2010/08August/Pages/bisphenol-A-and-infertility.aspx. Accessed September 6, 2016.

Can Food Make You Infertile? Foods to Eat and Avoid. http://www.thedailybeast.com/articles/2011/12/09/can-food-make-you-infertile-foods-to-eat-and-avoid.html. Accessed September 6, 2016.

ယခုပုံစံ

28/01/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့သော်

အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့



Dr. Thant Zin မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ