ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးဆိုတာ လိင်ဆက်ဆံဖို့ လိင်တံကောင်းကောင်း မထောင်မတ်နိုင်တဲ့ အခြေအနေကို ခေါ်တာပါ။ ဘာတွေကများ ပန်းသေပန်းညှိုးကို ဖြစ်စေတာလဲ။ ဘယ်လိုကုသနိုင်မလဲဆိုတာ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပန်းသေပန်းညှိုးခြင်း

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာပဲဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာတော့ ကျားဟော်မုန်း ကျဆင်းလာတာ၊ ရောဂါတွေ ဖြစ်လာတာ၊ အမောမခံနိုင်တော့တာ စတဲ့ ပြဿနာတွေကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်း ပြဿနာအလွန်အဖြစ်များပါတယ်။ လေ့လာချက်တွေအရ ဒီဘက်ခေတ်မှာ လူငယ်အမျိုးသားတွေမှာလည်း ဒီလိုအလားတူပြဿနာတွေ အဖြစ်များလာတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာပေါ် စစ်တမ်းကောက်ကြည့်တဲ့အခါ စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တဲ့ ရာခိုင်နှုန်းဟာ တော်တော်လေးများပြီး အစာအာဟာရ မပြည့်ဝတာ၊ လေ့ကျင့်ခန်းမလုပ်တာ၊ အထိုင်များလာတာ၊ ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သုံးလာတာ၊ အိပ်ရေးပျက်တာတွေကြောင့်ဟာ ဒုတိယအဖြစ်များတဲ့ အကြောင်းရင်းလို့ သိရပါတယ်။ စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ဘူးဆိုတာ ဖြစ်နိုင်ရဲ့လား။ ယောက်ျားလေးမို့လို့ အမြဲတမ်း စိတ်ဓာတ်ကြံ့ခိုင်နေရမယ်၊ ဘယ်လိုအခက်အခဲ၊ စိတ်ညစ်စရာပြဿနာတွေပဲ ကြုံလာကြုံလာ […]

ပန်းသေပန်းညှိုးခြင်း ကို ရှာဖွေမည်။

ပန်းသေပန်းညှိုးခြင်း

ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်းအကြား ဆက်စပ်မှုရှိသလား

ပန်းညှိုးခြင်းဆိုတာကတော့ အမျိုးသားတွေ လိင်တံမထောင်မတ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အမြဲတမ်းဖြစ်သွားတတ်သလို ယာယီညှိုးတဲ့ အခြေအနေတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ ယောက်ျားအများစုအတွက် လိင်တံမထောင်မတ်နိုင်တဲ့ အခြေအနေကို မကြာခဏ ကြုံဖူးနိုင်ပါတယ်။ ရေရှည်မှာ မထောင်မတ်ရင်တော့ ပန်းညှိုးတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ပန်းညှိုးခြင်းကို ဖြစ်ပေါ်စေတဲ့ အခြေအနေတွေ အများကြီးရှိပြီး နှလုံးကျန်းမာရေးလည်း အပါအဝင် ဖြစ်ပါတယ်။ သွေးထဲမှာ ကိုလက်စထရောများခြင်းကလည်း နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်းအကြား ဆက်စပ်မှု ရှိ၊ မရှိ ဆိုတာပါပဲ။ သုတေသနတွေအရ ပန်းညှိုးခြင်းရဲ့ အဓိကအကြောင်းအရင်းက သွေးကြောများမာပြီး ကျဉ်းမြောင်းသွားလို့ ဖြစ်ပါတယ်။ သွေးကြောများကိုကျဉ်းစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ ကိုလက်စထရောမြင့်မားခြင်းပဲ ဖြစ်ပါတယ်။ ကိုလက်စထရောများဟာ သွေးကြောတွေထဲမှာ စုပုံလာတတ်ပြီး သွေးကြောများ ကျဉ်းမြောင်းခြင်းကို ဖြစ်စေပါတယ်။ သုတေသီတွေအနေနဲ့ ပန်းညှိုးခြင်းနဲ့ ကိုလက်စထရောများခြင်းအကြား ဆက်စပ်မှုရှိနေတယ်လို့ ယူဆထားခဲ့ကြပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို […]


ပန်းသေပန်းညှိုးခြင်း

လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား

အမျိုးသားတွေကြားထဲက လိင်ကိစ္စနဲ့ပတ်သက်ပြီး အရမ်းရေပန်းစားဆဲဖြစ်တဲ့ အလွဲတစ်ခုကို ပြောပါဆိုရင်တော့ မကြာခဏ ကိုယ့်လက်နဲ့ တစ်ကိုယ်တော် အာသာဖြေတဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညှိုးပြဿနာကို စောစီးစွာ ခံစားရတယ်ဆိုတဲ့ ကိစ္စပါပဲ။ ဒီအလွဲနဲ့ပတ်သက်ပြီး ဖြေရှင်းရမယ်ဆိုရင် လက်ဖြင့် အာသာဖြေခြင်း သည် ပန်းသေပန်းညှိုးကို မဖြစ်စေနိုင်ပါဘူးလို့ပဲ ဆိုရမှာပါ။ လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား ဆိုတာ ဆက်ကြည့်လိုက်စို့နော်။ ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction – ED) ပန်းသေပန်းညှိုးဆိုတာ အမျိုးသားတွေမှာသာ ဖြစ်တတ်တဲ့ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ကျားဟော်မုန်းကျဆင်းခြင်း၊ အသက်အရွယ်နဲ့ ရောဂါတွေကြောင့် ပန်းသေပန်းညှိုးဝေဒနာကို ခံစားကြရပါတယ်။ ခုနောက်ပိုင်းမှာ လူငယ်တွေမှာလည်း ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်မှီဝဲခြင်း၊ စိုးရိမ်ပူပန်စရာ၊ […]


အမျိုးသားကျန်းမာရေး

ပန်းရောဂါ နှင့် ဗီတာမင်

အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်လေ့ရှိတဲ့ အဓိက အကြောင်းအရင်းတွေကတော့ ဆီးချိုရောဂါ ၊ နှစ်ခြိုက်စွာအိပ်မပျော်တာ၊  သွေးအတွင်းအဆီဓာတ်များတာ ၊ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါ တို့ကြောင့် ဖြစ်လေ့ရှိပါတယ်။ အထက်ပါ ရောဂါများကြောင့်မဟုတ်သည့်တိုင် အချို့သောယောကျာ်းများဟာ ပန်းသေ ပန်းညှိုးမဟုတ်ပေမယ့် လိင်ပိုင်းဆိုင်ရာ အားနည်းတာ၊ မိမိအနေအထားကို အားရကျေနပ်မှုမရှိတာမျိုးတွေကို ခံစားရလေ့ရှိပါတယ်။ အချို့တွေက တစ်ပွဲတိုးနည်းနဲ့ ဆေးသောက်ပြီး ဖြေရှင်းကြပေမယ့် ဒါဟာရှေရှည် အတွက်တော့ မကောင်းပါဘူး။ ဆောင်ရန်ရှောင်ရန်တွေ များတဲ့ အတွက် ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပြီးမှသောက်သင့်ပါတယ်။ဒါ့အပြင် သောက်တာကြာလာတဲ့အခါ ဆေးမပါရင် အလုပ်မဖြစ်တော့တာမျိုးတွေ ရှိလာတတ်ပါတယ်။ အစားလည်းဆေး ဆေးလည်းအစာဆိုသလို ဗီတာမင် ဘီ၊ စီ၊ ဒီ ပေါ ကြွယ်၀ တဲ့ အစားအစာတွေကို ပုံမှန်စားသောက် ပေးခြင်းအပြင် ဖြည့်စွက် အားဆေးများကို ပုံမှန်သောက်သုံးပေးခြင်းကလည်း ပန်းသေပန်းညှိုး […]


ပန်းသေပန်းညှိုးခြင်း

ရောဂါမရှိဘဲ စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

အမျိုးသားတွေရဲ့ အဖြစ်အများဆုံး လိင်ပိုင်းဆိုင်ရာ ပြဿနာတွေထံမှာ လိင်တံမထောင်မတ်နိုင်တာလည်း တစ်ခုအပါအဝင်ပါပဲ။ အမြဲတမ်း မထောင်မတ်နိုင်တာမျိုးလည်း မဟုတ်ဘဲ မနက်နိုးရင် သူ့အလိုလို ထောင်မတ်နိုင်တယ်။ အာသာဖြေတဲ့အချိန်၊ ဆက်ဆံဖော်က ပါးစပ်နဲ့ နှိုးဆွနေရင်လည်း ထောင်တတ်ပါတယ်။ နောက်ဆုံး ထိုးသွင်းဆက်ဆံမှု ဖြစ်တော့မယ်ဆိုတော့မှ လိင်တံက ဆက်မထောင်နိုင်ဘဲ ပျော့ခွေကျပြီး ဘယ်လိုမှ ပြန်မထလာနိုင်တော့ ပြဿနာပေါ့။ ပုံမှန်အားဖြင့် အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ကျားဟော်မုန်း - တက်စတိုစတီရုန်းဟော်မုန်း ကျသွားတာကြောင့် ထောင်မတ်နိုင်စွမ်းအား နည်းသွားပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်အမျိုးသားတွေမှာလည်း တော်တော်လေး အဖြစ်များလာတာကို တွေ့ရပါတယ်။ နေထိုင်မှုပုံစံမှားယွင်းတာ၊ ကျန်းမာရေးချို့တဲ့တာတွေကြောင့်အပြင် စိတ်ကျန်းမာရေးပြဿနာတွေဟာလည်း လိင်တံထောင်မတ်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ စိတ်ကျန်းမာရေးနှင့် လိင်တံထောင်မတ်နိုင်စွမ်း စိတ်နဲ့ပတ်သက်လာရင် ခန္ဓာလောက် သတိမထား ဂရုမစိုက်တတ်ကြပါဘူး။ တကယ်တော့ ဒီစိတ်ဟာ ကိုယ့်ခန္ဓာကို ရှေ့ဆက်တိုးဖို့ မောင်းတင်ပေးနေတဲ့ […]


ပန်းသေပန်းညှိုးခြင်း

လူငယ်တွေမှာ ဘာလို့ ပန်းသေပန်းညှိုးအဖြစ်များလာတာလဲ

ပန်းသေပန်းညှိုး ဖြစ်တယ်ဆိုတာ ဘာလဲ။ လိင်မှုကိစ္စ ထမ်းဆောင်နေချိန်မှာ ကိုယ့်ရဲ့ လိင်တံဟာ ဆန္ဒမပြီးမြောက်ခင်မှာ ပျော့ခွေသွားတာ၊ လိင်တံထဲ သွေးစီးဆင်းမှုနည်းခြင်းကြောင့် ထိုးသွင်းဆက်ဆံမှု ပြုနိုင်တဲ့အထိ လိင်တံထောင်မတ်အား နည်းတဲ့ လက္ခဏာကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အသက်ကြီးလာတဲ့အခါ ကျားဟော်မုန်း နည်းသွားတာ၊ အသက်အရွယ်ကြောင့် ဟော်မုန်းတွေ ပြောင်းလဲပြီး လိင်စိတ်ဆန္ဒ လျော့နည်းလာတာကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း တစ်နည်းအားဖြင့် ပန်းသေပန်းညှိုး ဖြစ်ခြင်း (Erectile Dysfunction) ဖြစ်လာပါတယ်။ ယောက်ျားလေးတော်တော်များများကတော့ ဝန်ခံရမှာ ရှက်သလို၊ ယောက်ျားမာန ထိခိုက်သလို ခံစားရနိုင်ပေမယ့် ဒီပြဿနာက အသက်အရွယ်မရွေး အမျိုးသားအများစုမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာမျိုးပါ။ အသက်ငယ်သေးတဲ့အရွယ် အထူးသဖြင့် ဆယ်ကျော်သက်နဲ့ အသက် ၂၀မှ ၃၀အထိ ကျားဟော်မုန်း(testosterone) အများဆုံးထုတ်လုပ်တဲ့ အရွယ်ဖြစ်ပါရဲ့နဲ့ နေပုံထိုင်ပုံ မှားယွင်းမှုတွေကြောင့် စောစီးစွာ ပန်းသေပန်းညှိုး […]


ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ

ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အင်တာနက်ပေါ်မှာရော၊ တီဗွီရုပ်သံ၊ ဂျာနယ်မဂ္ဂဇင်းတွေမှာပါ အများအပြား မြင်တွေ့နိုင်ပါတယ်။ 'ငါးသိုင်းများ ဟင်းဟုန်' ဆိုသလို သတင်းအချက်အလက်တွေ များလွန်းတဲ့အခါကျပြန်တော့လည်း ဘယ်ဟာက အမှန်၊ ဘယ်ဟာကတော့ အယူအဆမှားဆိုတာကို သိနိုင်ဖို့ ခဲယဉ်းလာပါတယ်။ ရောထွေးလာပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆများ ကို မျှဝေပေးလိုက်ရပါတယ်။ ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ က ဘာတွေများလဲ။ လိင်တံထောင်မတ်နေသေးရင် ပန်းသေပန်းညှိုးဖြစ်နေတာ မဟုတ်ဘူး။ ပန်းသေပန်းညှိုးခြင်းရဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ တစ်ယောက်နဲ့ တစ်ယောက် တူညီမှာ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့်တော့ လိင်တံထောင်မတ်မှု မရှိခြင်း၊ ထောင်မတ်လာပေမယ့် လိင်ဆက်ဆံဖို့ ကြာရှည်စွာ ထိန်းသိမ်းထားနိုင်မှု မရှိခြင်း စတဲ့ အနေအထားတွေကို ပန်းသေပန်းညှိုးခြင်းလို့ အဓိပ္ပာယ်သတ်မှတ်ပါတယ်။ တချို့ကျပြန်တော့ […]


ပန်းသေပန်းညှိုးခြင်း

လိင်တံထောင်မတ် ခြင်းကို လွှမ်းမိုးနေတဲ့အချက် ၁၀ ချက်

လိင်တံထောင်မတ် မှုဟာ ကျွန်တော်တို့ ထင်ထားသလောက် မရှိးရှင်းပါဘူး။ လိင်တံတစ်ခု ထောင်မတ်ဖို့ အတွက် ဟော်မုန်းများ၊ နာဗ်ကြောများ၊ သွေးကြောများ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကာယပိုင်းဆိုင်ရာ ကျန်းမာရေး စတဲ့ အချက်များရဲ့ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်ပါတယ်။ ဒီအချက်တွေထဲက တစ်ချက်လောက် ချို့ယွင်းသွားတဲ့ အခါမှာ လိင်တံထောင်မတ်မှု အားနည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေ အားလုံး ပုံမှန် အလုပ်လုပ်နေဖို့က အရမ်း အရေးကြီးပါတယ်။ အခု ဒီဆောင်းပါးလေးထဲမှာတော့ ကျွန်တော် Hello sayarwon ကျန်းမာရေး ချစ်သူ စာဖတ်ပရိတ်သတ်တွေအတွက် လိင်တံထောင်မတ်မှုကို သက်ရောက်စေနိုင်တဲ့ အချက် ၁၀ ချက်ကိုဖော်ပြလိုက်ပါတယ်။ လိင်တံထောင်မတ် ခြင်းကို လွှမ်းမိုးနေတဲ့အချက် ၁၀ ချက် ၁။ အာဟာရနဲ့ စားသောက်မှုပုံစံ ။ Antioxidant ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ အသီးများနဲ့ […]


ပန်းသေပန်းညှိုးခြင်း

လိင်တံပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ

လိင်တံ ပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ အစားအစာတွေက သင့်ရဲ့ လိင်တံအပေါ် သက်ရောက်မှုရှိပါသလား။ ဆေးတွေ၊ လိင်တံပြွန်တွေ၊ ခွဲစိတ်မှုတွေက အမျိုးသားလိင်တံပျော့ခြင်းကို ကုသပေးနိုင်တယ်ဆိုတာ စာဖတ်သူတို့ သိကြမှာပါ။ ဒါဖြင့်ရင် အစားအစာတွေကရော အမျိုးသားလိင်တံပျော့ခြင်း အပေါ် သက်ရောက်မှုရှိသလား။ အဖြေကိုပြောရမယ်ဆိုရင်တော့ အစားအစာတွေကလည်း လိင်တံပျော့ခြင်းဆိုင်ရာ ပြဿနာ Erectile dysfunction (ED) ကို ကုသပေးနိုင်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ Hello ဆရာဝန် ပရိတ်သတ်ကြီးအတွက် လိင်တံပျော့ခြင်း ရောဂါကို ကုသပေးနိုင်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။ ၁။ ဖရဲသီး လိင်တံပျော့ခြင်းကို ကုသပေးနေတဲ့ ဆေးတွေမှာပါဝင်တဲ့ ဓာတ်ပေါင်းဟာ ဈေးတွေမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖရဲသီးတွေမှာလည်း ပါဝင်ပါတယ်။ ဒါ့အပြင်ဖရဲသီးဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒပြင်းပြခြင်းကို အရှိန်မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဖရဲသီးမှာ ရေဓာတ်အများဆုံးပါဝင်တဲ့အပြင် lycopene လို့ခေါ်တဲ့ အနီရောင်ခြယ်ပစ္စည်းဟာ […]


ပန်းသေပန်းညှိုးခြင်း

ကာမ အားတိုးဆေး တွေကြောင့် ပန်းသေပန်းညှိုး ဖြစ်စေနိုင်သလား

ကာမ အားတိုးဆေး ဆိုတာ ကာမဆန္ဒကို မြင့်တက်စေတဲ့ အစားအစာ ဒါမှမဟုတ် ဆေးကို ဆိုလိုတာ ဖြစ်ပါတယ်။ များသောအားဖြင့် ကုတင်ပေါ်မှာ ပြဿနာရှိတယ်ဆိုတဲ့ အမျိုးသားအများစုက အပေါ်မှာပြောထားတဲ့ ဆေးကို ဝယ်သောက်မယ်၊ ပြင်းပြင်းပြပြနဲ့ အချိန်ကြာကြာလေး ချစ်ပွဲဝင်မယ်၊ အဲဒီနည်းနဲ့ သူတို့ရဲ့ ယုံကြည်မှုနဲ့ ယောက်ျားပီသမှုကို ခံစားနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးနယ်ပယ်က ပါမောက္ခတွေကတော့ အဲ့ဖြစ်စဉ်တွေက ပန်းသေပန်းညှိုးလိုမျိုး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို  ခံစားရစေနိုင်တယ်လို့ ပြောထားပါတယ်။ ပန်းသေပန်းညှိုးရောဂါဆိုတာ အမျိုးသားတစ်ဦးဟာ လိင်ဆက်ဆံတဲ့အခါ လိုအပ်တဲ့ ထောင်မတ်မှုမျိုးကို မရရှိတာ မထိန်းသိမ်းနိုင်တဲ့ အခြေအနေတစ်ရပ်ကို ဆိုလိုတာပါ။ ဒါဟာ အသက်ကြီးတဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ သွေးတိုးနဲ့ ဆီးချိုလိုမျိုး ကျန်းမာရေးပြဿနာတွေက ဒီဖြစ်ရပ်ကို မြင့်တက်စေပါတယ်။ အသုံးများသော ကာမ အားတိုးဆေး များ အစားအစာ လိင်စိတ်ကိုလှုံ့ဆော်ပေးတယ်လို့ ယူဆရတဲ့ အစားအစာအချို့ကို […]


ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးခြင်း

ဘဝရဲ့တစ်ချိန်ချိန်မှာ ယောက်ျားတွေဟာ လိင်တံမထောင်မတ်နိုင်တော့ခြင်း (ပန်းသေပန်းညှိုးခြင်း)နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လိင်တံ မထောင်မတ်နိုင်ခြင်း(ပန်းသေပန်းညှိုးခြင်း) ဆိုတာ ဘာလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ ယခုဖော်ပြမဲ့ ဆောင်းပါးဟာ ယင်းအခြေအနေနဲ့ပတ်သတ်တဲ့ သိသင့်သိထိုက်တာတွေကို ပြောပြပေးမှာပါ။ လိင်တံ မထောင်မတ်နိုင်တော့ခြင်း ဆိုဘာလဲ။ လိင်တံမထောင်မတ်နိုင်ခြင်း ဒါမှမဟုတ် ပန်းသေပန်းညှိုးခြင်းဆိုတာ ယောက်ျားတစ်ယောက်ဟာ လိင်ဆက်ဆံရန်အတွက် အမျိုးသားတန်ဆာဟာ မထောင်မတ်ပေးနိုင်ခြင်းကို ခေါ်ပါတယ်။ တစ်ခါတစ်လေဖြစ်တယ်ဆိုပါက သိပ်တော့စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ ယင်းအခြေအနေက ဆက်တိုက်ဖြစ်နေပြီဆိုပါက စိတ်ဖိစီးမှု၊ ကို့ကိုယ်ကို ယုံကြည်မရှိတော့ခြင်းနှင့်၊ ကိုယ့်အဖော်နဲ့ အဆင်မပြေမှုများ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ရေရှည်မထောင်မတ်နိုင်ခြင်းက မိမိကျန်းမာရေးဟာ အမြန်ကုသဖို့လိုနေပြီဆိုတဲ့ လက္ခဏာတစ်ခုပါပဲ။ တစ်ခါတစ်ရံ ရောဂါရဲ့အကြောင်းအရင်းကို ကုသတယ်ဆိုရုံနဲ့ ပန်းသေပန်းညှိုးခြင်းဟာ ပျောက်ကင်းနိုင်ပါတယ်။ တစ်ခြားတစ်ဖက်မှကြည့်ရင်လည်း ပန်းသေပန်းညှိုးခြင်း ကုသခြင်းမှာ ဆေးဝါးဖြင့်ကုသခြင်းနှင့် အခြားသော တိုက်ရိုက်ကုသခြင်းများ ပါဝင်နိုင်ပါတယ်။ ဘယ်အချိန်မှာ မိသားစုဆရာဝန်နဲ့ ပြသင့်သလဲ။ ဆရာဝန်ပြဖို့ ရှက်ကြောက်တွန့်ဆုတ် နေကောင်းနေနိုင်သော်လည်း သီတင်းပတ်အနည်းငယ်ထိကျော်ပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း