အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဝှေးစေ့ပူရင် မြုံတတ်သလား

မြုံတယ်လို့ ပြောလိုက်ရင် အခါခပ်သိမ်း အမျိုးသမီးတွေ အပြစ်ပဲ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ ကလေးမရတဲ့ အတွဲတွေမှာ ၃ပုံ ၁ပုံလောက်က အမျိုးသား ပြစ်ချက်ကြောင့်ပါတဲ့။ အမျိုးသားတွေ မြုံရတဲ့ အကြောင်းရင်းတွေထဲမှာ ဝှေးစေ့ ပူနေတာကြောင့်လည်း ပါပါတယ်။ ဝှေးစေ့ပူရင် မြုံနိုင်လားဆိုတာ ဆက်ကြည့်ရအောင်။ ဝှေးစေ့ပူရင်  မြုံတတ်သလား။ အမေ့ဗိုက်ထဲ သန္ဓေသားဘဝမှာ ဝှေးစေ့က ဝမ်းဗိုက်ထဲမှာ ရှိပါတယ်။ နောက်ပိုင်းကျမှ အောက်ကို ဆင်းလာပြီး ကပ္ပာယ်အိတ်ထဲကို ရောက်လာတာပါ။ ဘာကြောင့် ဆင်းလာရတာလဲဆိုတော့ ဝမ်းတွင်းအပူချိန်က ပူလွန်းတာကြောင့်ပါ။ ဒီလို ပူနေရင် ဝှေးစေ့က သူ့အလုပ်ဖြစ်တဲ့ သုက်ကောင်လေးတွေ ထုတ်တာကို ကောင်းကောင်း မလုပ်နိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်နဲ့ ထိမနေဘဲ တွဲလောင်းနေနေတာပါ။ ဝှေးစေ့ရဲ့ အပူချိန်က ခန္ဓာကိုယ်အပူချိန်ထက် နည်းပါတယ်။ ၃၂-၃၅ ဒီဂရီစင်တီဂရိတ်လောက်ပဲ ရှိပါတယ်။ ခန္ဓာကိုယ် […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားတွေမှာ ရှိတဲ့ ဟော်မုန်းတွေ အကြောင်း

နေ့စဉ်ဘဝမှာ စိတ်ခံစားမှုတွေ ကောင်းမွန်စေဖို့၊ အသက်အရွယ် အလိုက် ဖြစ်ပေါ်လာရမယ့် ပြောင်းလဲ ဖွံ့ထွားမှုတွေအတွက် အရေးပါတဲ့ အရာလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဟော်မုန်းတွေ ပါ။ ဟော်မုန်း ဆိုတဲ့နေရာမှာ အမျိုးအစားတွေက အများကြီးပါ။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုစီရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ ထိန်းချုပ် လုပ်ဆောင်ပေးနေတဲ့ ဟော်မုန်းတွေက အစုံစုံပါပဲ။ ဒီတစ်ခေါက်တော့ အမျိုးသားတွေမှာ ရှိတဲ့ ဟော်မုန်းတွေ နဲ့ တစ်ခုစီက ဘယ်လိုတွေ တာဝန်ယူ ဆောင်ရွက်နေလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။ ဟော်မုန်း ဆိုတာ ဘာလဲ....... ဟော်မုန်း ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ဂလင်းတွေက ထုတ်လုပ်လိုက်တဲ့ chemical messenger တွေပါ။ ဟော်မုန်းတွေကို သွေးတွေက ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ သယ်ဆောင်သွားပြီး သူတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဖွံ့ဖြိုးကြီးထွားဖို့၊ မျိုးဆက်ပွားနိုင်ဖို့နဲ့ ကျန်းမာပျော်ရွှင်နေစေဖို့ ဟော်မုန်းတွေက […]


လိင်တံပြဿနာများ

သင့် လိင်တံ က ပုံမှန်ဟုတ်ရဲ့လား။

အမျိုးသားတွေက မိမိရဲ့ လိင်တံ နဲ့ ပတ်သက်ပြီး ပုံမှန်မဟုတ်မှာကို စိုးရိမ်တတ်ကြပါတယ်။ လိင်တံမှာ ရောဂါတစ်ခုခုခံစားရတယ်လို့ ထင်ရင်လည်း တော်ရုံတန်ရုံ ဆရာဝန်နဲ့ ဆွေးနွေးလေ့မရှိပါဘူး။ ဒါကြောင့် ရောဂါဖြစ်လာရင် အသိနောက်ကျသလို ရောဂါမဟုတ်တာကိုလည်း ရောဂါလို့ ထင်နေတတ်ပါတယ်။ အထူးသဖြင့် ခုပြောမယ့် အကြောင်းအရာတွေက ပုံမှန်ဖြစ်နေပေမယ့် အမျိုးသားတွေ အနေနဲ့ ပုံမှန်မဟုတ်ဘူးလို့ ထင်ပြီး လက်တည့်ရာနဲ့ စမ်းသပ်တတ်ပါတယ်။ သင့် လိင်တံ က ပုံမှန်ဟုတ်ရဲ့လား။ လိင်တံ တွေက 'Snowflakes'တွေလိုပဲတဲ့။ ဆိုလိုတာက ထပ်တူကျတဲ့ လိင်တံဆိုတာ ကမ္ဘာမှာ မရှိပါဘူးတဲ့။ အမျိုးသားတွေရဲ့ လိင်တံက တစ်ယောက်နဲ့ တစ်ယောက် တစ်ပုံစံတည်း ဖြစ်နေတာ မဟုတ်ပါဘူး။ ပုံစံတွေ၊ အရွယ်အစားတွေ၊ အရှည်တွေ၊ ကောက်တာတွေ စသဖြင့် အနည်းငယ်ဆီတော့ ကွဲလွဲတတ်ကြပါတယ်။ ဒီလို ကွဲလွဲနေပေမယ့်လည်း […]


Peyronie's ရောဂါ

ပုံမှန်မဟုတ်သော လိင်တံကောက်ကွေး ခြင်း

အမျိုးသားတွေမှာ ပုံမှန်အားဖြင့်လည်း လိင်တံက တဖြောင့်တည်း မရှိတတ်ပါဘူး။ ထောင်မတ်နေချိန်မှာ အနည်းငယ်တော့ ဟိုကောက် ဒီစောင်း ဖြစ်တတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေး ခြင်းလည်း ရှိပါတယ်။ ဒါကိုတော့ Peyronie's Disease လို့ ခေါ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေး ခြင်းဆိုတာ ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေးခြင်း ဖြစ်ရတာ လိင်တံမှာ အမာရွတ်တွယ်နေလို့ပါ။ ဒီအမာရွတ်ပေါ် မူတည်ပြီး လိင်တံက ကောက်တာ၊ ကွေးတာ၊ တိုသွားတာ၊ လုံးပတ်မညီတာတာ စတာတွေ ဖြစ်တတ်ပါတယ်။ အမာရွတ်တစ်ရှူးကို လက်နဲ့ ဒီတိုင်းစမ်းလို့ရပါတယ်။ တချို့တွေမှာ လိင်တံထောင်မတ်ချိန်ဆို ကောက်ကွေးတာက ပိုပြီး သိသာပါတယ်။ နာလည်း နာပါတယ်။ ထူးထူးခြားခြား လိင်တံရဲ့ အရင်းမှာ မဟုတ်ဘဲ အလယ်မှာ အမာရွတ် လာတွယ်နေတဲ့သူလည်း ရှိပါတယ်။ ဒါဆိုရင်တော့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေရော ချင်ခြင်းတပ် ကြသလား

ချင်ခြင်းတပ် တယ်ဆိုတာက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်တဲ့ စိတ်အခြေအနေတစ်ခုပါ ။ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုဟာ ပုံမှန်အစားအစာတွေကို စားသောက်ကြပေမယ့် အချို့ကတွေတော့ ပုံမှန်မဟုတ်တဲ့ အရာတွေကို စားချင်စိတ်ဖြစ်တတ်ကြပါတယ် ။ ဒါကို ချင်ခြင်းတပ်တယ် လို့ ခေါ်ကြတာပါ ။ အစားအသောက် တစ်ခုခု ကို တောင့်တနေတယ် ၊ အရမ်းစားချင်နေတယ် ဆိုတာကို craving ဖြစ်တယ်လို့ ခေါ်ကြပါတယ်။ ဒါကို သွေးတောင်းတယ် ၊ ဓာတ်ကျနေတယ် စသည်ဖြင့်လည်း မြန်မာစကားအခေါ် မျိုးစုံ ပြောတတ်ကြပါသေးတယ် ။ ဒါက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ် တစ်ခုခု လိုအပ်နေတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ သူ့အလိုလို တောင့်တမိလာတာလို့ တချို့က ယူဆကြတယ် ။ အမျိုးသားတွေရော ချင်ခြင်းတပ် ကြသလား များသောအားဖြင့်တော့ ဒီလိုအခြေအနေမျိုးကို ချင်ခြင်းတပ် တယ်လို့ ခေါင်းစဉ်တပ် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။ တခြားလူမပြောနဲ့ အတူတူအိပ်တဲ့ အိပ်ရာပေါ်က ကြင်သူကိုတောင် မပြောပဲ ဖုံးကွယ်ထားတတ်ကြတာမျိုး။ ထင်သလောက်မစွမ်း တော့ဘူးလို့ ထင်ပြီး လောင်နေတာမျိုးပေါ့။ ဒါပေမယ့် အမျိုးသား အများစုဟာ လိင်မှုစွမ်းဆောင်ရည်ကျဆင်းတဲ့ ပြဿနာကို ရင်ဆိုင်ကြရလေ့ရှိပြီးတော့ ထုတ်ဖော်ပြောဆိုဖို့ ရှက်နေတာကြောင့် ကြိတ်ကုတာ၊ မသိချင်ယောင်ဆောင် ဖုံးကွယ်ထားတာတွေလုပ်ရင်း အခြေအနေတွေ ပိုဆိုးသွားတတ်ကြပါတယ်။ တကယ်တော့ လိင်အင်္ဂါမထောင်မတ်တော့တာ၊ အချိန်ကြာကြာ မစွမ်းဆောင်နိုင်တာ၊ သုက်ထွက်နည်းတာ၊ စိတ်ပါသင့်တဲ့အချိန်မှာ မပါတာတွေဟာ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဖြစ်လာနိုင်ပြီး ကိုယ်တစ်ဦးတစ်ယောက်တည်းမှာပဲ ကွက်ပြီးဖြစ်နေတဲ့ ပြဿနာတွေလည်း မဟုတ်ပါဘူး။ အမျိုးသား ၁၅% ကနေ ၂၃% လောက်ဟာ အသက်အရွယ် အိုမင်းရင့်ရော်မှုကြောင့်မဟုတ်ပဲ ငယ်ရွယ်နုပျိုနေစဉ်မှာတင် လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံဆုံရတတ်ပါတယ်။ ဒီလို လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံလာရပြီဆိုရင်လည်း […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတွေက ဆေးရုံဆေးခန်းသွားရမှာ၊ ဆေးသောက်ရမှာ၊ ကုသမှု ခံယူရတာကို သဘောမတွေ့ကြပါဘူး ဒါပေမယ့် လူတိုင်းကတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တာပါ။ အမျိုးသားဆိုသည်မှာလည်း လူသားတွေပဲမို့ ကျန်းမာရေးကို သေချာလေး စောင့်ရှောက်ဖို့ လိုမှာပါ။ ဒီတစ်ခေါက်တော့ မြန်မာနိုင်ငံက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာလေးတွေကို ပြောပြပေးသွားပါမယ်။ မြန်မာနိုင်ငံမှာ အတွေ့ရများတဲ့ အမျိုးသား ကျန်းမာရေး ပြဿနာတွေက ဘာတွေလဲ.......... မြန်မာနိုင်ငံက အမျိုးသားတွေဟာ ဆီးချို သွေးတိုး သွားနဲ့ခံတွင်းကျန်းမာရေးပြဿနာ ခံတွင်းကင်ဆာ ဆီးကျိတ်ကြီးခြင်း ဆီးကျိတ်ကင်ဆာ အူမကြီးကင်ဆာ နှလုံးသွေးကြောဆိုင်ရာ ရောဂါ အသည်းအဆီဖုံးတာတွေကို ခံစားရပါတယ်။ နေထိုင်မှုပုံစံ၊ အစားအသောက်၊ အရက်နဲ့ ဆေးလိပ်တွေ သောက်သုံးမှု များလွန်းတာကြောင့် အခုလို ကျန်းမာရေးပြဿနာတွေကို ခံစားရတာပါ။ နောက်တစ်ခုက မြန်မာနိုင်ငံက အမျိုးသားတွေက ကွမ်းစားတာပါ။ ကွမ်းကြောင့် သွားနဲ့ […]


အမျိုးသားကျန်းမာရေး

အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း

အမျိုးသားတွေက ဆရာဝန်တွေကို ရှောင်ရှားသူတွေ၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားနေရတာမျိုးတွေကို အလေးမထား လျစ်လျူရှုတတ်သူတွေရယ်လို့ နာမည်ကြီးသူတွေပါ။ အမျိုးသားတွေက အသက်ရှည်ရှည်နေချင်တယ်ဆိုတဲ့ ဆန္ဒထက် ရနေတဲ့ ဘဝတာမှာ စိတ်တိုင်းကျ ပျော်ပျော်ရွှင်ရွှင်နေဖို့ကိုပဲ ပိုမို အားသန်ကြသူတွေပေါ့။ နှစ်စဉ် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေကိုလည်း သူတို့ မလုပ်သလို ဆရာဝန်တွေနဲ့ရက်ချိန်း ပုံမှန်ပြသတာကလည်း သူတို့ရဲ့ အလေ့အထ မဟုတ်ပါဘူး။ တကယ်ကတော့ ဆရာဝန်နဲ့ပုံမှန် ပြသမှပဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖြေရှင်းနိုင်မှာပါ။ ဆရာဝန်နဲ့ ပုံမှန် ပြသတာ၊ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်တာဟာ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ သွေးတွင်းကိုလက်စထရော ပမာဏတွေကို စောင့်ကြည့်စစ်ဆေးရာမှာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း ရှိသင့်တဲ့ ကိုယ်အ​လေးချိန်ထက် ပိုများတာ၊ သွေးတွင်းကိုလက်စထရောပမာဏကို ပိုမိုမြင့်တက်နေတာ၊ သွေးပေါင်ချိန် မြင့်နေတာတွေက နှလုံးသွေးကြောဆိုင်ရာ […]


ပန်းသေပန်းညှိုးခြင်း

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာပဲဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာတော့ ကျားဟော်မုန်း ကျဆင်းလာတာ၊ ရောဂါတွေ ဖြစ်လာတာ၊ အမောမခံနိုင်တော့တာ စတဲ့ ပြဿနာတွေကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်း ပြဿနာအလွန်အဖြစ်များပါတယ်။ လေ့လာချက်တွေအရ ဒီဘက်ခေတ်မှာ လူငယ်အမျိုးသားတွေမှာလည်း ဒီလိုအလားတူပြဿနာတွေ အဖြစ်များလာတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာပေါ် စစ်တမ်းကောက်ကြည့်တဲ့အခါ စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တဲ့ ရာခိုင်နှုန်းဟာ တော်တော်လေးများပြီး အစာအာဟာရ မပြည့်ဝတာ၊ လေ့ကျင့်ခန်းမလုပ်တာ၊ အထိုင်များလာတာ၊ ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သုံးလာတာ၊ အိပ်ရေးပျက်တာတွေကြောင့်ဟာ ဒုတိယအဖြစ်များတဲ့ အကြောင်းရင်းလို့ သိရပါတယ်။ စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ဘူးဆိုတာ ဖြစ်နိုင်ရဲ့လား။ ယောက်ျားလေးမို့လို့ အမြဲတမ်း စိတ်ဓာတ်ကြံ့ခိုင်နေရမယ်၊ ဘယ်လိုအခက်အခဲ၊ စိတ်ညစ်စရာပြဿနာတွေပဲ ကြုံလာကြုံလာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေတယ်ဆိုတာ အမှန်ပဲလား

အမျိုးသားတွေရဲ့ သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေသလားဆိုတဲ့ မေးခွန်းက စိတ်ဝင်စားဖွယ်ရာ မေးခွန်းတစ်ခုပါ။ အထူးသဖြင့် လူငယ်တွေအကြားမှာ တီးတိုးတီးတိုး သဖန်းပိုး ငြင်းခုံကြလေ့ရှိတဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်ပါတယ်။ လိင်ကိစ္စအကြောင်း ပြောကြတဲ့အခါမှာ သုက်ရည်က မပါမဖြစ် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အခြေခံအားဖြင့် ပြောရရင် သုက်ရည်ကို လိင်တံကနေ ထုတ်လွှတ်ပေးတာဖြစ်ပြီး သုက်ပိုးတွေက ဝှေးစေ့အတွင်းမှာ တည်ရှိနေတာပါ။ လိင်ဆက်ဆံပြီးချိန်၊ အာသာဖြေပြီးချိန် သုက်ရည် ထွက်လာတတ်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးက မမျိုးဥနဲ့ ပေါင်းစပ်မိချိန်မှာ သန္ဓေတည်စေပြီး ကိုယ်ဝန်ရစေပါတယ်။ အမျိုးသား တစ်ယောက် တစ်ကြိမ် သုက်လွှတ်တဲ့အခါတိုင်းမှာ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါဝင်နေတတ်ပါတယ်။ ဒါပေမယ့် သုက်ရည်မှာ သုက်ပိုးတစ်ခုတည်း ပါဝင်နေတာ မဟုတ်ပါဘူး။ ဒီထက်ထူးခြားတာတွေလည်း ပါဝင်နေပါသေးတယ်။ ဒါတွေကတော့ အာဟာရဓာတ်တွေပါပဲ။ သုက်ရည်မှာ အာဟာရဓာတ်တွေရှိနေတာလား ဟုတ်ပါတယ်။ သုက်ရည်ထဲမှာ အာဟာရဓာတ်တွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း