ဇီကာဗိုင်းရပ်စ်

ဇီကာဗိုင်းရပ်စ် ရဲ့ ကူးစက်ပုံ၊ ရောဂါလက္ခဏာ၊ နောက်ဆက်တွဲဆိုးကျိုး၊ ကုသနည်းနဲ့ ကာကွယ်နည်းတွေကို သိရှိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဇီကာဗိုင်းရပ်စ်

ဦးနှောက်ကင်ဆာကို ဇီကာဗိုင်းရပ်စ်နဲ့ ကုသနိုင်

သုတေသနတစ်ခုက ဦးနှောက်ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထား၊ တိုက်ဖျက်နိုင်ဖို့ ဇီကာဗိုင်းရပ်စ်ကို အသုံးပြုဖို့လေ့လာနေပြီး ခုချိန်ထိတော့ ရလဒ်တွေက အလားအလာကောင်းနေတယ်လို့ သိရပ်ါတယ်။ ဒါပေမယ့်ဘေးအန္တရာယ်ကင်းတဲ့ ကုသမှုတစ်ခုဖြစ်လာဖို့ကတော့ အချိန်အတော်စောင့်ရဦးမယ်လို့ သုတေသီတွေကပြောပါတယ်။   ဇီကာရောဂါပိုးကို ကုသရေးမှာသုံးလို့ရနိုင်ပါ့မလား။ သုတေသနအသစ်ကတော့ ရနိုင်ပါတယ်လို့ဖြေပါတယ်။ ဒီဗိုင်းရပ်စ်က ဗဟိုအာရုံကြောစနစ်အတွင်းမှာ အာရုံကြောဆဲလ်တွေနဲ့glial ဆဲလ်တွေကို ခွဲခြားပေးတဲ့ ဦးနှောက်ဆဲလ် (neural progenitor cells) တွေကို ပစ်မှတ်ထားတိုက်ဖျက်ပေးလေ့ရှိတာကြောင့်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒီအချက်ကြောင့်ပဲ ကိုယ်ဝန်ဆောင်ချိန်မှာ ဇီကာကူးစက်ခံရတဲ့ မိခင်တွေရဲ့ သားသမီးတွေဟာ မွေးရာပါဦးခေါင်းသေးရောဂါ (microcephaly) နဲ့မွေးဖွားလာရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်ပဲ ဇီကာဗိုင်းရပ်စ်က ဦးနှောက်ကင်ဆာတစ်မျိုး (glioblastoma) ဖြစ်ခြင်းကို အားပေးတဲ့ glioblastoma ပင်မဆဲလ်တွေကို တိုက်ဖျက်နိုင်တာဖြစ်ပါလိမ့်မယ်။ သုတေသနကို Washington University School of Medicine မှ ပညာရှင်တွေကလေ့လာခဲ့တာဖြစ်ပြီးThe Journal of Experimental […]

ဇီကာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ဇီကာဗိုင်းရပ်စ်

ဇီကာဗိုင်းရပ်စ်Zika Virus၏လိင်မှတစ်ဆင့်ကူးစက်ခြင်းကို သတိပြုရန်လိုအပ်လာခြင်း

ရောဂါလက္ခဏာများဇီကာဗိုင်းရပ်စ်၏ရောဂါပျိုးချိန်(ရောဂါပိုးစဝင်ချိန်မှရောဂါလက္ခဏာပြချိန်)အတိအကျကိုမသိရသေးပါ။ ရက်အနည်းငယ် ကြာမြင့်နိုင်ပါသည်။ မျိုးနွယ်တူ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကဲ့သို့ပင် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ အနီကွက်များထွက်ခြင်း၊ မျက်စိနာခြင်း ၊ကြွက်သားနှင့် အဆစ်များနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း တို့ဖြစ်နိုင်သည်။ ရောဂါလက္ခဏာများမှာ ပြင်းထန်မှုမရှိဘဲ၂ရက်မှ၁ပတ်အထိ ကြာမြင့်တတ်သည်။ ဇီကာဗိုင်းရပ်စ်၏နောက်ဆက်တွဲပြဿနာများ၂၀၁၆ခုနှစ်မေလ၃၀ရက်နေ့အထိလေ့လာချက်များအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ထုတ်ပြန်သည်မှာ ကိုယ်ဝန်ဆောင်စဉ် ရောဂါကူးစက်ခံရပါက မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှု့ချို့တဲ့ရောဂါ၊ ဦးနှောက်သေးခြင်း(Microcephaly)နှင့် GuillianBarre’Syndrome ဟုခေါ်သော အာရုံကြောရောင်ရမ်းခြင်း ရောဂါများလည်း ခံစားရစေနိုင်သည်။ ဇီကာဗိုင်းရပ်စ်နှင့်ဦးနှောက်အာရုံကြောရောဂါများ၏ ဆက်စပ်မှုကို သုတေသနလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေကြပါသည်။ ရောဂါကူးစက်ပုံဇီကာဗိုင်းရပ်စ်သည် အဓိကအားဖြင့် ရောဂါပိုးရှိသော အေးဒီးစ်(Aedes)ခြင်ကျား အကိုက်ခံရခြင်းမှ ကူးစက်သည်။ အေးဒီးစ်ခြင်သည် အပူပိုင်းဒေသများတွင် တွေ့ရပြီး မနက်စောစောနှင့် နေ့လည် နေ့ခင်းဘက်တွင် အများဆုံး ကိုက်တတ်သောခြင် ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါ၊ ရှင်ကန်ဂန်းယားရောဂါနှင့် ငန်းဝါရောဂါတို့ကို ဖြစ်စေသော ခြင်အမျိုးအစားလည်း ဖြစ်ပါသည်။ လိင်မှတစ်ဆင့်လည်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း