COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ ကာကွယ်ဆေးတွေ အမျိုးအမည် အမျိုးမျိုးထွက်ပေါ်လာနေပြီဖြစ်သလို တစ်ဖက်မှာလည်း Super Strain လို့ နာမည်ကြီးလာနေတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးမျိုးစိတ်သစ်ကလည်း ပိုမိုသောင်းကျန်းလာနေပါတယ်။
COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ ကာကွယ်ဆေးတွေ အမျိုးအမည် အမျိုးမျိုးထွက်ပေါ်လာနေပြီဖြစ်သလို တစ်ဖက်မှာလည်း Super Strain လို့ နာမည်ကြီးလာနေတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးမျိုးစိတ်သစ်ကလည်း ပိုမိုသောင်းကျန်းလာနေပါတယ်။

ဒါကြောင့် ခုကာလမှာ တိုင်းပြည်တိုင်းနိုင်ငံတိုင်းက ကာကွယ်ဆေးထိုးနှံရေးကို အာရုံစိုက်လုပ်ကိုင်နေကြပြီး လူတိုင်းကလည်း ကာကွယ်ဆေးထိုးနှံခွင့်ရဖို့ မျှော်လင့်တောင့်တနေကြတာပါ။
ဒီလိုအခြေအနေမျိုးမှာ ကာကွယ်ဆေးတွေက တရားဝင်ခွင့်ပြုချက်မျိုးရရှိထားကြတာမဟုတ်ပဲ ယာယီအရေးပေါ်အသုံးပြုခွင့်သာ ရရှိထားသေးတာကတစ်ကြောင်း ပုံမှန်ကာကွယ်ဆေးတွေကို နှစ်နဲ့ချီပြီး အချိန်ယူစမ်းသပ်ဖို့လိုအပ်ပေမယ့် အခြေအနေအရ COVID-19 ကာကွယ်ဆေးတွေကိုတော့ ကာလတိုစမ်းသပ်မှုသာ ပြုလုပ်ပြီး ထုတ်လုပ်လာကြတာကတစ်ကြောင်း စသဖြင့် အခြေအနေတွေကြောင့် လူတိုင်းနဲ့ အဆင်ပြေနိုင်ပါမလားလို့လည်း စိုးရိမ်နေရပြန်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေက ဓာတ်မတည့်မှုတွေဖြစ်နိုင်တယ်ဆိုတာကိုလည်း လူတွေသိလာကြပြီမို့ စိုးရိမ်မှုတွေ ပိုတိုးပွားလာတာ မဆန်းလှပါဘူး။ ဒါကြောင့်လည်း ကာကွယ်ဆေးထိုးနှံရာမှာ ဘယ်သူတွေ ထိုးနှံနိုင်ပြီး ဘယ်သူတွေမှာတော့ အန္တရာယ်များတယ်ဆိုတာကို ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြောပြပေးချင်ပါတယ်။
WHO ကရော ကမ္ဘာတစ်ဝှမ်းက ကျန်းမာရေးပညာရှင်တွေကရော အခိုင်အမာပြောဆိုထားတာကတော့ ကာကွယ်ဆေးတွေဟာ လူအများစုကို ထိုးနှံဖို့ အဆင်ပြေတယ်လို့ အခိုင်အမာ ဆိုထားကြပါတယ်။ ဓာတ်မတည့်မှုပြဿနာရှိသူတစ်ချို့ကလွဲပြီး ကျန်တဲ့သူအများစုမှာထိုးနှံနိုင်ပါတယ်တဲ့။
ဒါပေမယ့်လည်း အများစုလို့ ဆိုထားရတဲ့အကြောင်းအရင်းကတော့ ကာကွယ်ဆေးတွေရဲ့ သဘောသဘာဝအရ ဆေးဝါးတွေဟာ ၁၀၀% ကာကွယ်မှုမပေးနိုင်ကြသလို တစ်ချို့သောစမ်းသပ်မှုတွေကိုလည်း ပြီးစီးအောင် မပြုလုပ်နိုင်သေးတာကြောင့်ဖြစ်ပါတယ်။
ဒါကြောင့်လည်း WHO က ဘယ်သူတွေမှာ ဆေးထိုးနှံလို့ရပြီး ဘယ်သူတွေသတိထားရမလဲဆိုတာကို အောက်ပါအတိုင်း အသိပေးထားပါတယ်။
WHO ရဲ့ လက်ရှိ အကြံပြုချက်ဟာ အမေရိကန်နိုင်ငံထုတ် Pfizer-BioNTech ရဲ့ COVID-19 ကာကွယ်ဆေးကို အခြေပြုပြီး လမ်းညွှန်ထားတာဖြစ်ပါတယ်။ အဆိုပါဆေးဝါးဟာ ၂ ကြိမ်ထိုးနှံရတဲ့ ဆေးဝါးဖြစ်ပြီး ပထမဆေးထိုးနှံပြီး ၁၂ ရက်အကြာမှာ ဒုတိယဆေးကို ထပ်မံထိုးနှံရမှာပါ။
မြန်မာနိုင်ငံမှာတော့ အိန္ဒိယနိုင်ငံ Serum Institute က ထုတ်တဲ့ Covidshield နဲ့ တရုတ်နိုင်ငံ Sinovac ကထုတ်လုပ်တဲ့ CoronaVac ဆေးဝါးတွေကို အသုံးချသွားမှာဖြစ်ပြီး အာနိသင်အနည်းငယ်ကွဲပြားပေမယ့် ဆေးဝါးထိုးနှံတဲ့ အကြိမ်ရေနဲ့ တခြားအပိုင်းတွေမှာ ကွာခြားချက်သိပ်မရှိဘူးလို့ သိထားရပါတယ်။
[covid_19]