brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

COVID-19 အတွက် ကုထုံးတစ်ရပ် sotrovimab

ကိုဗစ်အတွက် ကာကွယ်ဆေးတွေ ထွက်ပေါ်နေပေမယ့် ကာကွယ်ဆေးရဲ့ အခန်းကဏ္ဍက ရောဂါ မဖြစ်အောင် ကာကွယ်ပေးတာပါ။ ရောဂါ တကယ်ကူးစက်ခံရတဲ့အခါ ထိရောက်တဲ့ ကုသမှုကို ရရှိမှ ရောဂါကို ပြင်းပြင်းထန်ထန် မခံစားရမှာပါ။ ဒီတစ်ခေါက်တော့ ကိုဗစ်ကူးစက်ခံရသူတွေအတွက် ထိရောက်မှု ရှိတာကြောင့် နိုင်ငံ အများစုမှာ အသုံးပြုခွင့်ရရှိလာတဲ့ ကုထုံးလေး တစ်ရပ်အကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့ sotrovimab လို့ အမည်ရတဲ့ ကုထုံးလေးပါ။

COVID-19 အတွက် ကုထုံးတစ်ရပ် sotrovimab

COVID-19 အတွက် ကုထုံးတစ်ရပ် sotrovimab

ကုထုံးဆိုတာက သေဆုံးနိုင်ခြေကို လျှော့ချနိုင်ဖို့ လိုသလို ရောဂါ ပြင်းထန်မှုကိုပါ လျှော့ချနိုင်ဖို့ လိုပါမယ်။ ဒါအလည်း ထိရောက်အသုံးဝင်တဲ့ ကုထုံးဖြစ်မှာပါ။

Sotrovimab ကုထုံးဆိုတာ

Sotrovimabကုထုံးဆိုတာက novel monoclonal antibody ကုထုံး အမျိုးအစားပါ။ ဓာတ်ခွဲခန်းမှာ ကိုဗစ်ဗိုင်းရပ်စ် ခန္ဓာကိုယ်ထဲ ဝင်ရောက်တဲ့အခါ ကိုယ်ခံအားက ရောဂါပိုးကို တုံ့ပြန်ဖို့ ထုတ်လွှတ်တဲ့ သဘာဝ antibodies တွေနဲ့ ဆင်တူတဲ့ ပရိုတင်း အမျိုးအစားကို ဓာတ်ခွဲခန်းမှာ ထုတ်လုပ်ပြီး အသုံးပြုကုသတဲ့ ကုထုံး တစ်ရပ်ပါ။ ကိုယ်ခံအားကို antibodies ထွက်ရှိအောင် လှုံ့ဆော်လေ့ကျင့်ပေးပြီး ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်း ရရှိအောင် လုပ်ဆောင်ပေးတာပါ။

ဒီ လူလုပ် monoclonal antibodies တွေက ကိုဗစ်ဗိုင်းရပ်စ်တွေကို ကိုယ်တွင်းက လက်ခံဆဲလ်တွေဆီ မဝင်ရောက်စေဖို့ တားဆီးပေးသလို ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဆဲလ်တွေကိုလည်း ဗိုင်းရပ်စ်ကို တုံ့ပြန်တိုက်ခိုက်နိုင်စေဖို့ ထောက်ကူပေးပါတယ်။

ဒီကုထုံးက အကြောထဲကို ဆေးသွင်းကုသရတဲ့ နည်းလမ်းဖြစ်ပြီး ဆေးတစ်ကြိမ် သွင်းရုံနဲ့ လုံလောက်တဲ့ ကုသမှုကို ရရှိစေမှာ ဖြစ်ပါတယ်။

ဘယ်နိုင်ငံတွေမှာ တရားဝင် အသုံးပြုခွင့် ရရှိထားပြီလဲ……

ဒီ Sotrovimab ကုထုံးကို ယူကေ၊ အမေရိက နဲ့ ဩစကြေးလျနိုင်ငံတွေမှာ တရားဝင် အသုံးပြုခွင့်ရရှိထားပြီ ဖြစ်ပါတယ်။ ယခုနှစ် မေလက အမေရိကန်နိုင်ငံမှာ ဒီကုထုံးကို ရောဂါလက္ခဏာ မပြင်းထန်သူတွေနဲ့ သိပ်မပြင်းထန်သူတွေမှာ အသုံးပြုဖို့ အရေးပေါ် ခွင့်ပြုပေးခဲ့တာပါ။

ကိုဗစ်ကူးစက်ခံရပေမယ့် ပြင်းထန်တဲ့ လက္ခဏာ တစ်စုံတရာမပြတဲ့ အသက် ၁၂ နှစ်အထက်၊ ကိုယ်အလေးချိန် ၈၈ ပေါင် အနည်းဆုံး ရှိသူတွေမှာ အသုံးပြု ကုသပေးဖို့ ခွင့်ပြုပေးခဲ့တာပါ။

ဘယ်လိုသူတွေမှာ Sotrovimab ကုထုံးကို အသုံးမပြုသင့်ဘူးလဲ………

Sotrovimabကုထုံးက ကိုဗစ်အတွက် အထောက်အကူပြုတဲ့ ကုထုံးဆိုပေမယ့်

ကုထုံးရဲ့ အောင်မြင်မှုက ရလဒ်ကောင်းရဲ့လား……..

နိုင်ငံ အတော်များများမှာ လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု ရလဒ်တွေအရကတော့ Sotrovimabကုထုံးက ရောဂါ ပြင်းထန်နိုင်ခြေကို ၈၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။ ရောဂါလက္ခဏာ လုံးဝ မပြင်းထန်သူတွေနဲ့ သိပ်မပြင်းထန်သူ ၆၁၇၅ ဦးပါဝင်ခဲ့တဲ့ ၁၃ ရက်ကြာ လေ့လာမှုမှာလည်း ကုထုံးကို ခံယူပြီး ၁၄ ရက်အတွင်းမှာ ၉၇ ရာခိုင်နှုန်းက လုံးဝ ကျန်းမာလာသလို အထူးကြပ်မတ်ကုသခံရမယ့် အခြေအနေကိုလည်း ၉၉ ရာခိုင်နှုန်းအထိ ရှောင်နိုင်ခဲ့ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 07/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။