အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ
ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ
ကြက်ညှာချောင်းဆိုးရောဂါဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တဲ့ရောဂါပါ။ ကူးစက်ပျံ့နှံ့မှုနှုန်း အလွန်မြင့်ပါတယ်။ ဘာလို့ကြက်ညှာချောင်းဆိုးလို့ ခေါ်ရသလဲဆိုရင်တော့ ချောင်းဆိုးတဲ့အသံဟာ စူးစူးအက်အက်ကြီးဖြစ်နေပြီး ကြက်တစ်ကောင်ရဲ့အသံနဲ့ အလားသဏ္ဍန် တူပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါဟာ ကာကွယ်ဆေးထိုးဖို့ရန် အလွန်ငယ်သေးတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါကြောင့် သေဆုံးခြင်းရာခိုင်နှုန်းကတော့ နည်းပါတယ်။ သေဆုံးမှုဟာ (၁)နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေးကို လူတိုင်းထိုးထားဖို့ လိုအပ်တာပါ။ ရောဂါလက္ခဏာများ ရောဂါပိုးကူးစက်ပြီး (၇)ရက်မှ (၁၀)ရက်အတွင်း ရောဂါလက္ခဏာတွေ စပြပါတယ်။ ဒီထက်လည်း ကြာကောင်းကြာနိုင်ပါတယ်။ အစပိုင်းမှာ လက္ခဏာဟာ သိပ်မပြင်းထန်တတ်ပါဘူး။ တုပ်ကွေးရောဂါနဲ့ ဆင်တူတတ်ပါတယ်။ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ မျက်လုံးရဲခြင်းနဲ့ မျက်ရည်များကျခြင်း၊ ဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေ ခံစားရတတ်ပါတယ်။ တစ်ပတ်(သို့မဟုတ်)နှစ်ပတ် အကြာမှာတော့ ရောဂါလက္ခဏာဟာ ပိုဆိုးလာနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ အချွဲတွေ စုဆောင်းမှုများလာပြီး ချောင်းဆိုးခြင်းကို မရပ်တန့်နိုင်တော့ပါဘူး။ စက္ကန့်(၂၀)ကြာအောင် […]
























