backup og meta

မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။

မိုးရာသီမှာအဖြစ်များတဲ့ရောဂါများ

မုတ်သုံရာသီကနွေရာသီရဲ့ပူပြင်းခြောက်သွ့မှုဒဏ်ကိုလျော့ပါးစေတယ်ဆိုပေမယ့် မုတ်သုံရာသီနဲ့အတူရောဂါဘယအမျိုးမျိုးပါလာတတ်ပါ တယ်။ မုတ်သုံရာသီတိုင်းလိုလိုမှာ သန့်ရှင်းမှုမရှိတဲ့အနေအထားတွေနဲ့ကြိုတင်ကာကွယ်မှုနည်းလမ်းတွေကိုလုပ်ဆောင်ဖို့အားနည်းတာကြောင့်ရောဂါအမျိုးမျိုးဖြစ်ပေါ်ခံစားရတတ်ပါတယ်။ မိုးရာသီမှာဖြစ်လေ့ရှိတဲ့ရောဂါတွေနဲ့ရောဂါလက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။

မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။

(၁) အအေးမိဖျားနာခြင်း – မိုးရာသီမှာအတွေ့ရအများဆုံးရောဂါတစ်ရပ်ဖြစ်ပါတယ်။ ရာသီဥတုအပူချိန်ပြောင်းလဲမှုကြောင့် ဖျားနာကြတာဖြစ်ပါတယ်။ အဖျားဝင်လာပြီဆိုရင် အများစုက ကူးစက်ရောဂါအဖြစ်ပြောင်းလဲသွားပြီး တစ်ဦးကနေတစ်ဦးကိုကူးစက်နိုင်တာကြောင့် အဖျားမဝင်အောင်ကာကွယ်ဖို့လိုပါတယ်။

ရောဂါလက္ခဏာတွေ –

  • နှာစေးတာ
  • ကိုယ်လက်တွေကိုက်ခဲတာ
  • လည်ချောင်းနာတာ
  • အဖျားတက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

(၂) ငှက်ဖျား -Anopheles အမျိုးအစားခြင်အကိုက်ခံရာကနေကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ မိုးရာသီမှာ မိုးသည်းထန်စွာရွာသွန်းမှုက ခြင်တွေကိုပေါက်ဖွားစေတာကြောင့် ငှက်ဖျားရောဂါကိုဖြစ်ပွားစေပါတယ်။

ရောဂါလက္ခဏာတွေ-

  • အချိန်မှန်အဖျားတက်တာ
  • ခိုက်ခိုက်တုန်အောင်ချမ်းတာ
  • ကြွက်သားတွေနာကျင်ကိုက်ခဲတာ
  • အားနည်းတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

(၃) ကာလဝမ်းရောဂါ –မိုးရာသီမှာနောက်ထပ်အဖြစ်များတဲ့ရောဂါတစ်ရပ်ကတော့ ကာလဝမ်းရောဂါပဲဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့အစားအစာတွေက ကာလဝမ်းရောဂါပိုးကူးစက်ပျံ့နှံ့အောင် အားပေးပါတယ်။ သန့်ရှင်းမှုအားနည်းတာနဲ့ရေဆိုးနုတ်စနစ်တွေ အားနည်းတဲ့နေရာတွေမှာ ကာလဝမ်းရောဂါပျံ့နှံမှုမြန်ဆန်ပါတယ်။

ရောဂါလက္ခဏာတွေ-

  • ဝမ်းအရည်တွေမကြာခဏသွားတာ
  • အော့အန်တာ
  • ရေဓါတ်လျင်မြန်စွာခမ်းခြောက်တာ မျိုးတွေခံစားရနိုင်ပါတယ်။

(၄) ဝမ်းလျှောခြင်း – ဝမ်းလျှောတာကလည်း မိုးရာသီမှာအတွေ့ရများတဲ့ရောဂါတွေထဲကတစ်ခုလို့ဆိုရပါမယ်။ မသန့်ရှင်းတဲ့သောက်သုံးရေတွေနဲ့အစားအစာတွေကိုစားသုံးမိတာကနေဖြစ်ပွာတာဖြစ်ပါတယ်။ရောဂါဖြစ်ပွားနေချိန်မှာ အစာချေစနစ်ရဲ့လုပ်ငန်းစဉ်တွေက တစ်စတစ်စ ယိုယွင်းလာတာဖြစ်ပါတယ်။ အရည်အသွေးမပြည့်မီတဲ့ဆီတွေနဲ့ပြုလုပ်ထားတဲ့ အစားအသောက်တွေကြောင့်လည်း ဝမ်းလျှောနိုင် ပါတယ်။ မိုးရာသီမှာ အစားအသောက်တွေစားသုံးတဲ့အခါ သန့်ရှင်းမှုကိုအထူးဂရုပြုပါ။

ရောဂါလက္ခဏာတွေ-

  • ဝမ်းအရည်တွေသွားတာ
  • ဗိုက်ထဲကအောင့်တာ
  • အဖျားတက်တာ
  • ဝမ်းသွားတဲ့အခါသွေးပါတာ
  • လေပွတာ
  • မအီမသာဖြစ်တာ မျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

(၅) တိုက်ဖွိုက် – တိုက်ဖွိုက်ရောဂါက မုတ်သုံရာသီမှာဖြစ်ပွားတတ်တဲ့ ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အစားအသောက်နဲ့ရေတွေသန့်ရှင်းမှုမရှိတာကြောင့်ရောဂါဖြစ်ပွားရတာဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေ-

  • အချိန်အတော်ကြာအဖျားတက်နေတာ
  • ခေါင်းကိုက်တာ
  • ဗိုက်အောင့်တာ
  • အော့အန်တာ
  • ခံတွင်းပျက်တာ
  • ဝမ်းသွားတာ
  • မအီမသာဖြစ်တာ မျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

(၆) အူမရောင်နာ –မသန့်ရှင်းတဲ့အစားအသောက်တွေနဲ့သောက်သုံးရေတွေထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ မသန့်ရှင်းတဲ့အစားအသောက်တွေနဲ့ရေတွေ အူထဲကိုရောက်ရှိသွားတဲ့အခါရောဂါပိုးကူးစက်ပြီး အူတွေရောင်ရမ်းလာတာဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေ-

  • အစားအစာတွေနဲ့ရေတွေကိုမျိုချရခက်ခဲလာတာ
  • အစာစားပြီးတိုင်း ဗိုက်ထဲမှာပူလောင်နေတာ
  • အရမ်းပြင်းထန်လာတဲ့အခါ ဝမ်းသွားတဲ့အခါသွေးပါတာမျိုးအထိဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

(၇) အသည်းရောင် အသားဝါအေ –မုတ်သုံဝင်လာတာနဲ့ယင်တွေကပေါက်ဖွားလာပြီဖြစ်ပါတယ်။ အသည်းရောင် အသားဝါအေက ယင်ကောင်တွေကြောင့်ဖြစ်တာဖြစ်ပါတယ်။ လူနာနဲ့တိုက်ရိုက်ထိတွေ့မှုကနေလည်းကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေ-

  • ဖျားနာတာ
  • တုပ်ကွေးလက္ခဏာတွေလိုမျိုး အားနည်းတာ၊ကြွက်သားတွေနဲ့အဆစ်တွေကိုက်ခဲနာကျင်တာ။ အစားစာချင်စိတ်မရှိတာ၊မူးဝေတာ
  • ဝမ်းဗိုက်ထဲမှာမအီမသာဖြစ်တာ
  • ရက်အနည်းငယ်ကြာလာတဲ့အခါ အသားဝါတာမျိုးအထိဖြစ်လာနိုင်ပါတယ်။

(၈)Sheet Pitt –မုတ်သုံရာသီမှာအဖြစ်များတဲ့ရောဂါတွေထဲကတစ်ခုပါ။ ရာသီဥတုပူတာကြောင့်ရော အေးတာကြောင့်ပါဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အရေပြားပေါ်မှာ ယားယံတာတွေစတင်ခံစားလာရပြီး အဖုအပိမ့်လေးတွေထွက်လာကာ ပူစပ်ပူလောင်ခံစားရပါတယ်။

(၉) အသားဝါခြင်း –မသန့်ရှင်းတဲ့ရေတွေနဲ့အစားအစာတွေကနေကူးစက်ပြန့်နှံ့လေ့ရှိတာကြောင့် မိုးရာသီမှာ အသားဝါတာကိုခံစားရနိုင်ပါတယ်။ လမ်းဘေးမှာရောင်းချတဲ့အစားအသောက်တွေကနေ အဓိကကူးစက်တာဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေ-

  • အားနည်းလာတာ
  • ဆီးအဝါတွေသွားတာ
  • အော့အန်တာ
  • ဗိုင်းရပ်စ်ကြောင့် အသည်းလုပ်ငန်းစဉ်တွေပုံမှန်မဟုတ်တာမျိုးအထိခံစားရနိုင်ပါတယ်။

(၁၀) သွေးလွန်တုပ်ကွေး – မိုးရာသီမှာအဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ခြင်ကျားတွေကိုက်ခံရတာကြောင့်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေ-

  • အဖျားတက်တာ
  • ကိုယ်လက်တွေကိုက်ခဲတာ
  • အဆစ်တွေနာကျင်ကိုက်ခဲတာ
  • အနီအဖုအပိမ့်တွေထွက်တာ မျိုးခံစားရနိုင်ပါတယ်။

(၁၁)Leptospirosis –ရောဂါပိုးကူးစက်ခံထားရတဲ့ တိရစ္ဆာန်ရဲ့ ဆီးနဲ့မစင်တွေက မြေဆီလွှာ၊ရေနဲ့ အပင်တွေကိုသွားထိတွေ့မိပြီးရောဂါပိုးတွေကူးစက်ပြန့်နှံ့တာဖြစ်ပါတယ်။ရောဂါပိုးရှိနေတဲ့ အစားအစာတွေနဲ့ရေကို စားသုံးမိတာ၊ အနာ၊အရေပြားပွန်းပဲ့ဒဏ်ရာ၊ မျက်စိ၊ နှာခေါင်းနဲ့ပါးစပ်တွေကိုရောဂါပိုးရှိနေတဲ့ရေ၊မြေကြီးတွေနဲ့ထိတွေ့မိတဲ့အခါLeptospirosisရောဂါကူးစက်ခံရနိုင်ပါတယ်။

ရောဂါလက္ခဏာတွေ-

  • အဖျားရှိတာ
  • ကြွက်သားတွေနာကျင်ကိုက်ခဲတာ
  • ခေါင်းကိုက်တာ
  • ခြေသလုံးကြွက်သားတွေနာကျင်တာ
  • မျက်လုံးတွေနီမြန်းတာ
  • ရောဂါပြင်းထန်ပါက – အသည်း၊ဦးနှောက်နဲ့ကျောက်ကပ်ထိခိုက်ပျက်စီးတာမျိုးအထိဖြစ်နိုင်ပါတယ်။

အထက်ပါရောဂါတွေဖြစ်တတ်တဲ့အကြောင်းရင်းနဲ့ရောဂါလက္ခဏာတွေကိုဖတ်ရှုပြီး မိုးတွင်းမှာဖြစ်တတ်တဲ့ရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.rappler.com/move-ph/issues/disasters/102032-rainy-season-diseases-signs-prevention https://www.wockhardthospitals.com/most-common-monsoon-diseases-and-how-to-prevent-them http://www.oyetimes.com/lifestyle/health/48820-10-most-common-monsoon-diseases

ယခုပုံစံ

12/05/2020

Aye Thi Mon မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိုးတွင်းမှာအဖြစ်များတဲ့ ရောဂါတွေအန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ

မိုးတွင်းမှာ ကိုယ့်ရဲ့ကလေးငယ်တွေကို ဘယ်လို ဂရုစိုက်ကြမလဲ



Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ