မနက်ခင်းမှာဆောင်းလေအေးလေးမျက်နှာကို ထိတွေ့တိုက်ခတ်မှုက ကဗျာဆန်တယ်နော်။ စိတ်ကြည်နူးစရာလည်းကောင်းပါတယ်။ဆောင်းရဲ့ အငွေ့အသက်က လူကိုပျော်ရွှင်လန်းဆန်းစေပါတယ်။ဆောင်းမနက်ခင်းက အလှအပတရားတွေပြည့်စုံတယ်လို့ တင်စားကြတာတောင်ရှိပါတယ်။ ဒီပျော်ရွှင်စရာကောင်းတဲ့ဆောင်းရာသီကို လန်းဆန်းပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ဒီဆောင်းပါးလေးကနေ သတိထားရမယ့်အချက်တွေကိုပြောပြမယ်နော်။
ကဲဆောင်းရာသီမှာ ကျန်းမာပျော်ရွှင်ဖို့ ဒါလေးတွေ လိုက်နာပါနော်……
အိပ်ရေးဝဝအိပ်ပါ -ဆောင်းရာသီက အိပ်ကောင်းတာလည်းအမှန်ပဲနော်။ ဒီတော့ အိပ်ပျော်အောင်အိပ်ဖို့တော့လိုမှာပေါ့။ ညဘက်တွေမှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေလျှော့လို့ အိပ်ရေးဝအောင်အိပ်ပေးပါနော်။ အိပ်ရေးဝဝအိပ်တာက ကိုယ်ခံအားေကာင်းစေတဲ့ အချက်တစ်ခုပေါ့။ တစ်ညကို အနည်းဆုံး အိပ်ချိန် ၆ နာရီကနေ ၈ နာရီအိပ်ပါ။
ရေများများသောက်ပါ –ဆောင်းအေးတာကြောင့်ရေသိပ်မသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ရေသောက်နည်းတဲ့အခါ ခန္ဓါကိုယ်ကရေဓါတ်ဆုံးရှုံးပြီး အသားအရေခြောက်သွေ့တာနဲ့ ခံတွင်းခြောက်တာ၊ မအီမသာဖြစ်တာ၊ခြေကုန်လက်ပန်းကျတာနဲ့ အာရုံမစိုက်နိုင်တာမျိုးတွေခံစားရနိုင်ပါတယ်။ရေအပြင် စွတ်ပြုတ်လိုမျိုးရေဓါတ်ရရှိစေနိုင်တဲ့ အရာတွေကိုသောက်သုံးလို့ရပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ –ဆောင်းအေးလို့ဆိုပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုမစိုက်တာမျိုးမလုပ်ပါနဲ့။နေ့စဉ် ပုံမှန်ရေချိုးတာမျိုးတော့ မဖြစ်မနေလုပ်ပေးပါ။ ဒါမှ မမြင်ရတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်နိုင်မှာပါ။
လက်ဆေးပါ – မမြင်ရတဲ့ ဘက်တီးရီးယားတွေ အများဆုံးရှိနေနိုင်တာက လက်ချောင်းလေးတွေမှာပါ။ ဒါကြောင့် မလိုလားအပ်ဘဲ ခန္ဓါကိုယ်ထဲကို ဘက်တီးရီးယားတွေ မဝင်ရောက်စေဖို့အတွက် လက်ကိုသေချာသန့်စင်ဆေးကြောပေးပါ။ သွားလေရာကိုရေမလိုလက်သန့်ဆေးရည်ေဆာင်သွားပေးပါ။
နေအိမ်ကို သန့်ရှင်းအောင်ထားပါ -နေအိမ်ထဲမှာ ဖုန်မှုန့်တွေသန့်စင်တာ၊ ကြမ်းပြင်နဲ့ စားပွဲ၊ကုလားထိုင်လိုမျိုး အမြဲထိတွေ့နေတဲ့အရာတွေကို သန့်ရှင်းတာကို ပုံမှန်လုပ်ပေးပါ။ အိပ်ရာခင်းတွေ နဲ့စောင်တွေကို ပုံမှန်လျှော်ဖွတ်ပါ။နေပူထုတ်လှမ်းပါ။
ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ -ဆောင်းရာသီမှာပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာဖြတ်သန်းဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့ကတော်တော်လေးအရေးပါပါတယ်။ ဒီတော့ဆောင်းရာသီမှာ အစာကြေလွယ်ပြီး အာဟာရြပည့်ဝစေတဲ့ အစားအစာတွေကို ဂရုစိုက်စားသုံးပေးပါ။ ဒိန်ချဉ်၊အစိမ်းရင့်ရောင်အသီးအရွက်တွေ၊ ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီးတွေစားသုံးပေးပါ။
ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ – တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက်တော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ လမ်းလျှောက်တာဖြစ်ဖြစ်၊ အကြောလျှော့လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်ပေါ့။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာကလည်း ကိုယ်ခံအားကောင်းစေတဲ့ အချက်တစ်ခုပါပဲ။
ကဲ ဒီနည်းလမ်းလေးတွေ လိုက်လုပ်ပြီးပျော်ရွှင်ကျန်းမာတဲ့ဆောင်းရာသီလေးဖန်တီးလိုက်ပါနော်……
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

















