
(၁) အအေးမိဖျားနာခြင်း – မိုးရာသီမှာအတွေ့ရအများဆုံးရောဂါတစ်ရပ်ဖြစ်ပါတယ်။ ရာသီဥတုအပူချိန်ပြောင်းလဲမှုကြောင့် ဖျားနာကြတာဖြစ်ပါတယ်။ အဖျားဝင်လာပြီဆိုရင် အများစုက ကူးစက်ရောဂါအဖြစ်ပြောင်းလဲသွားပြီး တစ်ဦးကနေတစ်ဦးကိုကူးစက်နိုင်တာကြောင့် အဖျားမဝင်အောင်ကာကွယ်ဖို့လိုပါတယ်။
ရောဂါလက္ခဏာတွေ –
(၂) ငှက်ဖျား -Anopheles အမျိုးအစားခြင်အကိုက်ခံရာကနေကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ မိုးရာသီမှာ မိုးသည်းထန်စွာရွာသွန်းမှုက ခြင်တွေကိုပေါက်ဖွားစေတာကြောင့် ငှက်ဖျားရောဂါကိုဖြစ်ပွားစေပါတယ်။
ရောဂါလက္ခဏာတွေ-
(၃) ကာလဝမ်းရောဂါ –မိုးရာသီမှာနောက်ထပ်အဖြစ်များတဲ့ရောဂါတစ်ရပ်ကတော့ ကာလဝမ်းရောဂါပဲဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့အစားအစာတွေက ကာလဝမ်းရောဂါပိုးကူးစက်ပျံ့နှံ့အောင် အားပေးပါတယ်။ သန့်ရှင်းမှုအားနည်းတာနဲ့ရေဆိုးနုတ်စနစ်တွေ အားနည်းတဲ့နေရာတွေမှာ ကာလဝမ်းရောဂါပျံ့နှံမှုမြန်ဆန်ပါတယ်။
ရောဂါလက္ခဏာတွေ-
(၄) ဝမ်းလျှောခြင်း – ဝမ်းလျှောတာကလည်း မိုးရာသီမှာအတွေ့ရများတဲ့ရောဂါတွေထဲကတစ်ခုလို့ဆိုရပါမယ်။ မသန့်ရှင်းတဲ့သောက်သုံးရေတွေနဲ့အစားအစာတွေကိုစားသုံးမိတာကနေဖြစ်ပွာတာဖြစ်ပါတယ်။ရောဂါဖြစ်ပွားနေချိန်မှာ အစာချေစနစ်ရဲ့လုပ်ငန်းစဉ်တွေက တစ်စတစ်စ ယိုယွင်းလာတာဖြစ်ပါတယ်။ အရည်အသွေးမပြည့်မီတဲ့ဆီတွေနဲ့ပြုလုပ်ထားတဲ့ အစားအသောက်တွေကြောင့်လည်း ဝမ်းလျှောနိုင် ပါတယ်။ မိုးရာသီမှာ အစားအသောက်တွေစားသုံးတဲ့အခါ သန့်ရှင်းမှုကိုအထူးဂရုပြုပါ။
ရောဂါလက္ခဏာတွေ-
(၅) တိုက်ဖွိုက် – တိုက်ဖွိုက်ရောဂါက မုတ်သုံရာသီမှာဖြစ်ပွားတတ်တဲ့ ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အစားအသောက်နဲ့ရေတွေသန့်ရှင်းမှုမရှိတာကြောင့်ရောဂါဖြစ်ပွားရတာဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေ-
(၆) အူမရောင်နာ –မသန့်ရှင်းတဲ့အစားအသောက်တွေနဲ့သောက်သုံးရေတွေထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ မသန့်ရှင်းတဲ့အစားအသောက်တွေနဲ့ရေတွေ အူထဲကိုရောက်ရှိသွားတဲ့အခါရောဂါပိုးကူးစက်ပြီး အူတွေရောင်ရမ်းလာတာဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေ-
(၇) အသည်းရောင် အသားဝါအေ –မုတ်သုံဝင်လာတာနဲ့ယင်တွေကပေါက်ဖွားလာပြီဖြစ်ပါတယ်။ အသည်းရောင် အသားဝါအေက ယင်ကောင်တွေကြောင့်ဖြစ်တာဖြစ်ပါတယ်။ လူနာနဲ့တိုက်ရိုက်ထိတွေ့မှုကနေလည်းကူးစက်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေ-
(၈)Sheet Pitt –မုတ်သုံရာသီမှာအဖြစ်များတဲ့ရောဂါတွေထဲကတစ်ခုပါ။ ရာသီဥတုပူတာကြောင့်ရော အေးတာကြောင့်ပါဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အရေပြားပေါ်မှာ ယားယံတာတွေစတင်ခံစားလာရပြီး အဖုအပိမ့်လေးတွေထွက်လာကာ ပူစပ်ပူလောင်ခံစားရပါတယ်။
(၉) အသားဝါခြင်း –မသန့်ရှင်းတဲ့ရေတွေနဲ့အစားအစာတွေကနေကူးစက်ပြန့်နှံ့လေ့ရှိတာကြောင့် မိုးရာသီမှာ အသားဝါတာကိုခံစားရနိုင်ပါတယ်။ လမ်းဘေးမှာရောင်းချတဲ့အစားအသောက်တွေကနေ အဓိကကူးစက်တာဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေ-
(၁၀) သွေးလွန်တုပ်ကွေး – မိုးရာသီမှာအဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ခြင်ကျားတွေကိုက်ခံရတာကြောင့်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေ-
(၁၁)Leptospirosis –ရောဂါပိုးကူးစက်ခံထားရတဲ့ တိရစ္ဆာန်ရဲ့ ဆီးနဲ့မစင်တွေက မြေဆီလွှာ၊ရေနဲ့ အပင်တွေကိုသွားထိတွေ့မိပြီးရောဂါပိုးတွေကူးစက်ပြန့်နှံ့တာဖြစ်ပါတယ်။ရောဂါပိုးရှိနေတဲ့ အစားအစာတွေနဲ့ရေကို စားသုံးမိတာ၊ အနာ၊အရေပြားပွန်းပဲ့ဒဏ်ရာ၊ မျက်စိ၊ နှာခေါင်းနဲ့ပါးစပ်တွေကိုရောဂါပိုးရှိနေတဲ့ရေ၊မြေကြီးတွေနဲ့ထိတွေ့မိတဲ့အခါLeptospirosisရောဂါကူးစက်ခံရနိုင်ပါတယ်။
ရောဂါလက္ခဏာတွေ-
အထက်ပါရောဂါတွေဖြစ်တတ်တဲ့အကြောင်းရင်းနဲ့ရောဂါလက္ခဏာတွေကိုဖတ်ရှုပြီး မိုးတွင်းမှာဖြစ်တတ်တဲ့ရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။