brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Malaria (ငှက်ဖျား) ဆိုတာဘာလဲ

ငှက်ဖျား (Malaria) ဆိုတာ

Malaria (ငှက်ဖျား) ဆိုတာဘာလဲ

ပိုးတွေက ခန္ဓါကိုယ်ထဲရောက်ရှိသွားတဲ့အခါ အသည်းဆီကိုရောက်ရှိသွားပြီး အသည်းမှာရှင်သန်ကြီးထွားတာဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ ပိုးတွေကသွေးကြောထဲရောက်ရှိသွားပြီးသွေးနီဥဆဲလ်တွေဆီကို စတင်ကူးစက်ပါတယ်။သွေးနီဥဆဲလ်ထဲရောက်ရှိသွားပြီးနောက် ၄၈ နာရီကနေ ၇၂ နာရီအတွင်းပေါက်ပွားလာပြီး ဆဲလ်တွေဆီကိုကူးစက်တာဖြစ်ပါတယ်။

ပိုးတွေကသွေးနီဥဆဲလ်တွေထဲမှာ ဆက်လက်ပြန့်နှံ့နေပြီး ၂ ရက် ၃ ရက်အကြာမှာမှရောဂါလက္ခဏာတွေစပေါ်လာပါတယ်။ ငှက်ဖျားရောဂါပိုးရှင်သန်ပေါက်ဖွားရာ အပူပိုင်းနဲ့ သမပိုင်းတွေမှာ ရောဂါအဖြစ်များပါတယ်။

ငှက်ဖျားရောဂါလက္ခဏာတွေကဘာတွေလဲ

ငှက်ဖျားရောဂါရဲ့ရောဂါလက္ခဏာတွေကို သာမန်ငှက်ဖျားရောဂါ (uncomplicatedmalaria) နဲ့ပြင်းထန်တဲ့ငှက်ဖျားရောဂါ (severe mlaria) ဆိုပြီး ၂ မျိုးခွဲခြားသတ်မှတ်ထားပါတယ်။

သာမန်ငှက်ဖျားရောဂါ (Uncomplicated malaria)

သာမန်ငှက်ဖျားရောဂါကိုရောဂါလက္ခဏာပေါ်လာတဲ့အချိန်မှသာသိရှိနိုင်တာဖြစ်ပါတယ်။ပြင်းထန်တာမျိုးတွေနဲ့ ကိုယ်တွင်းအင်္ဂါထိခိုက်တာမျိုးတွေတော့မရှိပါဘူး။

မကုသဘဲနေမယ်ဆိုရင်တော့ရောဂါပြင်းထန်လာနိုင်ပါတယ်။ ကိုယ်ခံအားနည်းနေမယ်ဆိုရင်လည်းရောဂါကပြင်းထန်လာနိုင်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ကတော့အေးတာ၊ပူတာ။ ချွေးထွက်တာတွေကနေတဆင့်ရောဂါလက္ခဏာတွေကပြင်းလာပြီး

  • အေးစိမ့်စိမ့်ဖြစ်ပြီး ခိုက်ခိုက်တုန်အောင်ချမ်းတာ
  • အဖျားတက်တာ၊ခေါင်းကိုက်တာနဲ့အော့အန်တာ
  • ငယ်ရွယ်တဲ့သူတွေမှာ အဖျားကြီးပြီး တက်တာ
  • ချွေးတအားထွက်ပြီး အပူချိန်ကျသွားပေမယ့် နုံးချိနေတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ပြင်းထန်ငှက်ဖျားရောဂါ (Severe malaria)

အပြင်းစားငှက်ဖျားရောဂါကိုဆေးခန်းတွေနဲ့ ဓါတ်ခွဲစမ်းသပ်မှုတွေလုပ်တဲ့အခါ ကိုယ်တွင်းအင်္ဂါတွေထိခိုက်ပျက်စီးနေတာမျိုးတွေကနေရောဂါခံစားနေရတာကိုတွေ့ရှိရပါတယ်။

ရောဂါလက္ခဏာတွေကတော့ –

  • အဖျားတက်တာ၊ ချမ်းတုန်တာ
  • သတိလစ်တာ
  • နုံးချိတာ
  • တက်တာ
  • အသက်ရှုကြပ်တာ၊ အသက်ရှုရခက်တာ
  • ပုံမှန်မဟုတ်တဲ့ သွေးယိုစီးမှုဖြစ်တာ၊ သွေးဆုတ်တာ
  • အသားဝါတာ၊ အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထိခိုက်ပျက်စီးလာတာ
  • ပြင်းထန်တဲ့ ငှက်ဖျားရောဂါကို အချိန်မီကုသမှုမခံယူပါကသေဆုံးသည်အထိဖြစ်နိုင်တာ။

အကြောင်းအရင်းများ

Plasmodium ကပ်ပါးပိုးကူးစက်ခံထားရတဲ့Anophelesခြင် အကိုက်ခံရတာကနေကူးစက်လာတာဖြစ်ပါတယ်။ ငှက်ဖျားရောဂါကAnophelesခြင်ကနေတဆင့်ပဲကူးစက်တာဖြစ်ပါတယ်။

ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင်က လူကိုကိုက်လိုက်တဲ့အခါရောဂါပိုးကသွေးကြောတွေထဲကိုရောက်ရှိသွားပါတယ်။ရောဂါပိုးက သွေးကြောတွေထဲကနေတဆင့် အသည်းဆီကိုရောက်ရှိသွားပြီး အသည်းမှာရှင်သန်ပေါက်ပွားတာဖြစ်ပါတယ်။ရောဂါပိုးကူးစက်ခံရပြီး ၁၀ ရက်ကျော်ကြာတဲ့အထိရောဂါလက္ခဏာကမပြတတ်ပါဘူး။ ထိုကာလအတွင်းမှာရောဂါပိုးကစပြီးပေါက်ပွားပြန့်နှံ့တာဖြစ်ပါတယ်။

အဲ့သည့်နောက်မှာတော့ ငှက်ဖျားရောဂါပိုး အသစ်တစ်မျိုးကသွေးကြောတွေထဲကိုပြန့်နှံ့သွားပြီးသွေးနီဥဆဲလ်တွေနဲ့ အခြားအစိတ်အပိုင်းတွေဆီကို ကူးစက်ပြန့်နှံ့ပါတယ်။ အချို့ငှက်ဖျားပိုးတွေက အသည်းထဲမှာကျန်ရှိနေပြီးနောက်ပိုင်းမှပေါ်လာပြီး တကျော့ပြန်ပြန်ဖြစ်စေပါတယ်။

ငှက်ဖျားမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ

  • ငှက်ဖျားကာကွယ်နိုင်တဲ့ ကာကွယ်ဆေးမရှိသေးပါဘူး။
  • ငှက်ဖျားရောဂါပိုးရှိတဲ့နေရာဒေသတွေကို သွားရောက်မယ်ဆိုရင် မသွားခင် ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။ရောဂါကာကွယ်နိုင်မယ့်ဆေးတွေကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
  • ခြင်ကိုက်မခံရအောင်ခြင်ထောင်နဲ့အိပ်ပါ။
  • ခြင်ကိုက်မခံရအောင် အင်္ကျီလက်ရှည်ဘောင်းဘီရှည်တွေဝတ်ဆင်ပါ။ DEET ပါတဲ့ ခြင်နိုင်ဆေးလူးပါ။ခြင်နိုင်ဆေးအသုံးပြုပေးပါ။ DEET ပါတဲ့ခြင်ဆေးတွေက ငှက်ဖျားအကူးစက်မခံရအောင် ကာကွယ်ပေးပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/01/2022 ဖြစ်ပါသည်။