backup og meta

ဆင်တုပ်ကွေးနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းများ

ခုတလော လူတကာနှုတ်ဖျားမှာခေတ်စားနေတာက ဆင်တုပ်ကွေးလို့ခေါ်တဲ့ (Chikungunya) ပါ။ ဒီတုပ်ကွေးကို နာမည်သာကြားဖူးနေတယ်၊ ဘာရယ်လို့သေသေချာချာမသိဘူး ဆိုပြီးဖြစ်နေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။

ဆင်တုပ်ကွေးနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းများ

ဆင်တုပ်ကွေးနဲ့ပတ်သက်လို့ ဒါတွေကို ဇဝေဇဝါဖြစ်နေလား

ဆင်တုပ်ကွေးက အခုတလောတော်တော်များများဖြစ်နေကြတာပါ။ခြင်ကနေတဆင့်ဖြစ်တဲ့ရောဂါပေါ့။

ကာကွယ်ဆေးထိုးထားရင် ဆင်တုပ်ကွေးမဖြစ်တော့ဘူးမှတ်လား……..

ကာကွယ်ဆေးက ရာသီတုပ်ကွေးကိုပဲကာကွယ်နိုင်တာပါ။ ဆင်တုပ်ကွေးရောဂါပိုးကို မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် တုပ်ကွေး ကာကွယ်ဆေးထိုးထားတာပဲဆိုပြီး ခပ်ပေါ့ပေါ့မနေစေချင်ပါဘူး။

လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်လား……..

ဆင်တုပ်ကွေးကရောဂါပိုးသယ်ဆောင်ထားတဲ့ခြင်ကိုက်ခံရမှုကနေတဆင့်ပဲ ကူးစက်တာပါ။ရောဂါခံစားနေရတဲ့လူကို ကိုင်တွယ်ထိတွေ့မိတာကြောင့် မကူးစက်နိုင်ပါဘူး။ တုပ်ကွေးဆိုပေမယ့်လေထဲကနေ ကူးစက်တာမျိုးလည်း မရှိပါဘူး။

ဆင်တုပ်ကွေးဖြစ်ရင်ရေချိုးလို့ရလား……

ဆင်တုပ်ကွေးဖြစ်တဲ့အခါရေနွေးနွေးလေးနဲ့ချိုးပေးတာက ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေနဲ့ကြွက်သားတွေ နာကျင်ကိုက်ခဲမှုကို သက်သာစေမှာ အသေအချာပါ။

နို့တိုက်မေမေဆင်တုပ်ကွေးဖြစ်ရင်ဘေဘီလေးကိုနို့တိုက်လို့ရလား….

ဆင်တုပ်ကွေးရောဂါပိုးက မိခင်နို့ကနေတဆင့် မကူးစက်နိုင်ပါဘူး။ ဒါကြောင့် ဆင်တုပ်ကွေးရှိနေရင်တောင်ဘေဘီလေးကို မိခင်နို့ဆက်တိုက်ပါ။

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အနီရောင်အဖုအပိမ့်တွေက သက်သာပါ့မလား…….

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အနီရောင်အဖုအပိမ့်တွေက အဖျားသက်သာမှုနဲ့အတူ တဖြည်းဖြည်းချင်းသက်သာသွားမှာပါ။

အဖျားပျောက်ပေမယ့် အဆစ်အမြစ်တွေကိုက်တာကကျန်ခဲ့မှာလား…….

အဖျားပျောက်ပေမယ့် အဆစ်တွေကိုက်တာက လနဲ့ချီပြီး ကျန်ခဲ့နိုင်သလို အချို့တွေမှာဆိုရင် ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေနာကျင်မှုက တစ်နှစ်လောက်အထိကြာတာမျိုးတောင်ဖြစ်နိုင်ပါတယ်။

ဆင်တုပ်ကွေးကဘယ်လောက်ကြာရင်ပြန်ကောင်းမှာလဲ……

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ရောဂါလက္ခဏာတွေက ၃ ရက်ကနေ ၁၀ ရက်အတွင်းမှာ တဖြည်းဖြည်းချင်းသက်သာလာမှာပါ။

ဆင်တုပ်ကွေးဖြစ်ရင် အစားရှောင်ဖို့လိုမလား….

ဆင်တုပ်ကွေးဖြစ်တဲ့အခါ အာဟာရပြည့်ဝအောင်စားသုံးပေးပါ။ အထူးသဖြင့်တော့ ဗီတာမင် C ပါဝင်တဲ့ အစားအစာတွေနဲ့ ဗီတာမင် E ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို များများလေးစားပေးပါ။

ဆင်တုပ်ကွေး ကာကွယ်ဆေးရှိလား……..

လက်ရှိအချိန်ကာလအထိ ဆင်တုပ်ကွေးကာကွယ်ဆေး မထုတ်လုပ်နိုင်သေးပါဘူး။ ဆင်တုပ်ကွေးကိုဖြစ်လာမှပဲ ကုသလို့ရမှာပါ။

ဆင်တုပ်ကွေးက အခြားတုပ်ကွေးတွေလိုပဲ လက္ခဏာပြတတ်လား…..

ဟုတ်ကဲ့လို့ပြောပါရစေ။ရောဂါတိုင်းက လက္ခဏာတစ်ခုလောက်တော့ အနည်းဆုံးပြတတ်စမြဲပါ။ ဆင်တုပ်ကွေး စဖြစ်ဖြစ်ချင်းမှာကိုယ်ပူမယ်။အဆစ်အမြစ်တွေကိုက်ခဲမယ်။နောက်ပိုင်းရက်တွေမှာ ခန္ဓါကိုယ်မှာ အားမရှိသလိုဖြစ်ပြီး နုံးတာ၊ ကြွက်သားတွေနာကျင်လာတာ၊ခေါင်းကိုက်တာနဲ့အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဆင်တုပ်ကွေးဖြစ်လာရင်ဆေးသောက်လိုက်ရင်ပျောက်ရောလား……..

ဆင်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဒါကြောင့် ပဋိဇီဝဆေးတွေသောက်လို့ အဆင်မပြေနိုင်ပါဘူး။ အဖျား က ၃ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပြီး လိုအပ်တဲ့ ကုသမှုခံယူလို့ပြည့်ပြည့်ဝဝအနားယူတာလိုမျိုး ဂရုစိုက်ဖို့လိုပါမယ်။ရေများများသောက်ဖို့လည်း မမေ့သင့်ပါဘူး။

ဆင်တုပ်ကွေးကသေစေနိုင်လား……

ဆင်တုပ်ကွေးက အဖျားကြီးစေနိုင်တယ်ဆိုပေမယ့် လူကိုသေစေနိုင်တာမျိုးတော့မရှိပါဘူး။ ဆင်တုပ်ကွေးကြောင့်သေဆုံးနိုင်ခြေက ၁ ရာခိုင်နှုန်းလောက်ပဲရှိတာပါ။

ဆင်တုပ်ကွေးကြောင့်အဖျားတက်ရင် အရမ်းမြင့်နိုင်လား…..

ဆင်တုပ်ကွေးကြောင့်အဖျားတက်တဲ့အခါ အဖျားစဝင်စ ပထမရက်နဲ့ ဒုတိယရက်အတွင်းမှာ ကိုယ်အပူချိန်က ၁၀၄ ဒီဂရီဖာရင်ဟိုက်လောက်အထိမြင့်တက်နိုင်ပြီးနောက်ပိုင်းမှာတော့ပြန်ကျသွားနိုင်ပါတယ်။

ဆင်တုပ်ကွေးကို ကာကွယ်လို့ရလား…….

ဆင်တုပ်ကွေးကို ကာကွယ်ဖို့ ကာကွယ်ဆေးမရှိပေမယ့်ခြင်ကိုက်မခံရအောင် ကာကွယ်တာက အကောင်းဆုံးသော ကာကွယ်မှုပါ။

ဆင်တုပ်ကွေးကြောင့် အဆစ်တွေကိုက်တာကို သက်သာအောင်လုပ်လို့ရလား….

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေကိုက်တာကမနက်ခင်းပိုင်းမှာ ပိုဆိုးနိုင်ပြီး ဒီဝေဒနာကို သက်သာစေဖို့ဆိုရင်ရေအေးဝတ်ကပ်ပေးလို့ရသလိုရေနွေးနွေးလေးထဲကို ဆားထည့်ပြီး စိမ်ပေးလို့လည်းရပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What is chikungunya fever, and should I be worried?https://www.mayoclinic.org/diseases-conditions/infectious-diseases/expert-answers/what-is-chikungunya-fever/faq-20109686 Accessed Date 30 July 2019

Recovering From Chikungunya the Natural Wayhttp://www.hgcaribbean.com/living/healthy-living/recovering-from-chikungunya-the-natural-wayAccessed Date 30 July 2019

ယခုပုံစံ

07/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆင်တုပ်ကွေးဖြစ်နေပြီလား

ကိုယ်ဝန်ဆောင်မေမေတို့ သိချင်နေမယ့် ဆင်တုပ်ကွေးအကြောင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ