နှုတ်ခမ်းတဝိုက်က ရေယုန် အတွက် အိမ်တွင်းကုထုံး
စားချင်တာမစားရဘဲ ပါးစပ်တဝိုက်မှာပေါက်တဲ့ ရေယုန်ကြောင့် စိတ်ညစ်နေရသူတွေရှိလား။ ဒါဆိုရင်တော့ နေ့စဉ်ဘဝရဲ့ လုပ်ဆောင်မှုတွေမှာ အနှောင့်အယှက်ဖြစ်နေတဲ့ ရေယုန် ကို သက်သာအောင်လုပ်ဆောင်လို့ရမယ့် အိမ်တွင်းကုထုံးလေးတွေအကြောင်းပြောပြပေးမယ်နော်။ နှုတ်ခမ်းတဝိုက်က ရေယုန် ဆိုတာ ဘာလဲ..... ပါးစပ်တဝိုက်မှာပေါက်တတ်သလို ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာလည်း ပေါက်နိုင်ပါတယ်။ Herpes simplex virus (HSV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ ရောဂါပိုးက အရေပြားကိုထိလိုက်မိတာနဲ့ အတွင်းလွှာဆီကို အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်၊၊ ရေယုန်အမျိုးအစားတွေ အမျိုးမျိုးရှိပေမယ့် နှုတ်ခမ်းတဝိုက်မှာဖြစ်တဲ့ ရေယုန်ကတော့ အဖြစ်များပါတယ်။ ဘယ်လိုလက္ခဏာတွေရှိလဲ.... တော်တော်များများက ကူးစက်ခံရတာကိုတောင်မသိလိုက်တာမျိုးရှိနိုင်ပါတယ်။ နှုတ်ခမ်းတဝိုက်မှာ အရည်ကြည်ဖုလေးတွေဖြစ်လာပြီး နာမယ်။ နှုတ်ခမ်းမှာ အရည်ကြည်ဖုလေးတွေဖြစ်လာပြီး နာနေမယ်ဆိုရင်တော့ ရေယုန်ဖြစ်ဖို့ များပါတယ်။ လိင်အင်္ဂါတဝိုက်မှာဖြစ်တတ်တဲ့ ရေယုန် တွေကလည် ဒီလိုပါပဲ၊၊ စအိုတဝိုက်မှာ နာကျင်တဲ့ အရည်ကြည်ဖုလေးတွေကနေ စဖြစ်တာပါ။ ဘယ်လိုသက်သာအောင်လုပ်မလဲ....... နှုတ်ခမ်းနဲ့ နှုတ်ခမ်းတဝိုက်မှာဖြစ်တဲ့ ရေယုန် တွေကို […]




















