brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Dengue Fever (သွေးလွန်တုပ်ကွေး)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dengue Fever (သွေးလွန်တုပ်ကွေး) ကဘာလဲ။

သွေးလွန်တုတ်ကွေးဟာ ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး သွေးလွန်တုတ်ကွေးဗိုင်းရပ်စ်ပိုး လေးမျိုးကြောင့် ဖြစ်ပွားပါတယ်။ ဒီရောဂါကို တခါတရံ ပြင်းထန်တဲ့ အဆစ်နဲ့ ကြွက်သားနာကျင်မှုတွေ ဖြစ်ပွားစေပြီး အရိုးကျိုးသလို ခံစားရတာမို့ break bone fever လို့လဲ ခေါ်ပါတယ်။

Dengue Fever (သွေးလွန်တုပ်ကွေး)

သွေးလွန်တုတ်ကွေး ရောဂါအပျော့စားတွေဟာ အဖျားတက်ခြင်း၊ အနီကွက်ထခြင်း၊ ကြွက်သားနဲ့ အဆစ်နာကျင်ခြင်းတွေကို ဖြစ်စေပါတယ်။ ပြင်းထန်တဲ့ သွေးလွန်တုတ်ကွေးရောဂါကိုတော့ dengue hemorrhagic fever လို့ခေါ်ပြီး သူဟာ ပြင်းထန်တဲ့ သွေးထွက်ခြင်း၊ သွေးပေါင်ရုတ်တရက်ကျခြင်း (ရှော့ခ် ရခြင်း) နဲ့ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

Dengue Fever (သွေးလွန်တုပ်ကွေး) က ဘယ်လောက်အဖြစ်များသလဲ

တစ်နှစ်တစ်နှစ်ကို သန်းပေါင်းများစွာသော သွေးလွန်တုတ်ကွေးရောဂါရှင်တွေဟာ ကမ္ဘာအနှံ့အပြားမှာ တည်ရှိပါတယ်။ သူဟာ အရွယ်မရွေးမှာ ဖြစ်ပွားနိုင်ပါတယ်။ သွေးလွန်တုတ်ကွေးရောဂါကို များသောအားဖြင့် မိုးရာသီကျော်လွန်ပြီးချိန်မှာ တွေ့ရတတ်ပါတယ်။ အောက်ဖေါ်ပြပါ နေရာတွေရဲ့ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။

• အာဖရိက

• အရှေ့တောင်အာရှနဲ့ တရုတ်နိုင်ငံ

• အင်ဒီးယား

• အရှေ့အလည်ပိုင်း

• Caribbean နဲ့ အလယ်ပိုင်းနဲ့ တောင်အမေရိက

• သြစတေးလျ၊ တောင်နဲ့ အယ်ပိုင်း ပစိဖစ်ဒေသ

ဒီရောဂါကို ဖြစ်ပွားမှုများစေတဲ့ အရာတွေကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Dengue Fever (သွေးလွန်တုပ်ကွေး) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွေးလွန်တုတ်ကွေး ရောဂါ အမျိုးအစား သုံးခုရှိပါတယ်။ classic dengue, dengue hemorrhagic fever နဲ့ dengue shock syndrome တို့ပဲဖြစ်ပါတယ်။

classic dengue

ရောဂါလက္ခဏာတွေဟာ ရှုပ်ထွေးမှု မရှိပဲ ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရပြီး ၄ရက်ကနေ ၇ရက်အတွင်း စတင်ဖြစ်ပွားနိုင်ပါတယ်။

• အဖျားတက်ခြင်း (105F)

• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း

• မျက်စိနောက်ဘက် နာကျင်ခြင်း

• အဆစ်အမြစ်နဲ့ ကြွက်သား ပြင်းထန်စွာ နာကျင်ခြင်း

• ပျို့အန်ခြင်း

• အကွက်ထခြင်း

• အနီကွက်တွေဟာ စဖျားပြီး ၃ ရက်ကနေ ၄ရက်အတွင်းမှာ ကိုယ်ခန္ဓါ အနှံ့အပြားမှာ ပေါ်လာနိုင်ပါတယ်။ နောက်တစ်ခေါက် အနီကွက် ထပ်ထွက်ခြင်းကို ရက်အနည်းငယ်အကြာမှာ ထပ်မံဖြစ်ပွားနိုင်ပါတယ်။

Dengue Haemorrhagic Fever

Dengue Haemorrhagic Fever ရဲ့ လက္ခဏာတွေကတော့ အထက်ဖေါ်ပြပါ လက္ခဏာတွေ အပြင်

• သွေးနဲ့ ပြန်ရောကြောစနစ်ကို ပြင်းထန်စွာ ပျက်စီးစေခြင်း

• နှာခေါင်း၊ သွားဖုံး၊ အရေပြားအောက်မှာ သွေးထွက်ပြီး ခရမ်းရောင် အညိုအမည်းစွဲခြင်း တို့ကို တွေ့ရတတ်ပါတယ်။

Dengue Shock syndrome

Dengue Shock syndrome ဟာ အပြင်းထန်ဆုံး သွေးလွန်တုတ်ကွေး ရောဂါတစ်ခုဖြစ်ပါတယ်။ အထက်ဖေါ်ပြပါ အမျိုးအစားနှစ်ခုရဲ့ ရောဂါလက္ခဏာတွေ အပြင်

• သွေးကြောအပြင်ဘက်ကို အရည်တွေ စိမ့်ထွက်လာခြင်း

• သွေးထွက်လွန်ခြင်း နဲ့

• ရှော့ခ်ရခြင်း (သွေးပေါင်အလွန်ကျခြင်း) တို့ ဖြစ်ပွားနိုင်ပါတယ်။

ဒီအမျိုးအစားဟာ အများအားဖြင့် ကလေးမှာဖြစ်ပွားတတ်ပြီး ဒုတိယအကြိမ် သွေးလွန်တုတ်ကွေးဖြစ်ခြင်းမှာ ပိုဖြစ်ပွားနိုင်ပါတယ်။ သူဟာ အထူးသဖြင့် ကလေးတွေနဲ့ လူငယ်တွေမှာ သေစေနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သွေးလွန်တုတ်ကွေး ဖြစ်ပွားတတ်တယ်လို့ သိရှိထားတဲ့ နေရာတစ်ခု ကို အလည်သွားပြီးရင် (သို့) အဖျားရုတ်တရက် တက်လာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Dengue Fever (သွေးလွန်တုပ်ကွေး) ကိုဘာတွေကဖြစ်စေသလဲ

သွေးလွန်တုတ်ကွေးရောဂါဟာ ခြင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားပါတယ်။ သွေးလွန်တုတ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ် လေးမျိုးရှိပြီး DEN-1, DEN-2, DEN-3, နဲ့ DEN-4 တို့ဖြစ်ပါတယ်။ ခြင်တွေဟာ Aedes aegypti or Aedes albopictus အုပ်စုက ဖြစ်ပြီး ရောဂါရှိသူထံက သွေးကိုစုပ်ယူပြီး အခြားတစ်ယောကို ပြန့်ပွားစေနိုင်ပါတယ်။ သွေးလွန်တုတ်ကွေးရောဂါကနေ ပြန်ကောင်းလာပြီးရင် သွေးလွန်တုတ်ကွေးရောဂါကို ခုခံအားရရှိပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ သင်ဖြစ်ဖူးတဲ့ အမျိုးအစားတစ်ခုကိုပဲ ဖြစ်ပါတယ်။ အမျိုးအစားလေးခု ရှိတဲ့အတွက် သွေးလွန်တုတ်ကွေးကို နောက်တစ်ကြိမ် ထပ်မံ ဖြစ်ပွားနိုင်ပါတယ်။ ဒါ့ကြောင့် လက္ခဏာတွေကို သေချာစွာ သိရှိပြီး ဆေးကုသဖို့ လိုအပ်ပါတယ်။

Risk factors

ငါ့ဆီမှာ Dengue Fever (သွေးလွန်တုပ်ကွေး) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သွေးလွန်တုတ်ကွေး ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

သွေးလွန်တုတ်ကွေး (သို့) ပိုမိုပြင်းထန်တဲ့ ရောဂါကို ဖြစ်စေတဲ့ အချက်တွေကတော့

• အပူပိုင်းဒေသတွေမှာ နေထိုင်ခြင်း (သို့) ခရီးသွားခြင်း။ အပူပိုင်းနဲ့ အပူလျော့ပိုင်းတွေမှာ နေထိုင်ခြင်းဟာ သွေးလွန်ုတုတ်ကွေးရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ထိတွေ့မှု များစေပါတယ်။ အရှေ့တောင်အာရှ၊ အနောက်ပစိဖိတ် ကျွန်းတွေနဲ့၊ လက်တင်အမေရိက၊ Caribbean တွေဟာ ဖြစ်ပွားနှုန်း မြင့်တဲ့ နေရာတွေ ဖြစ်ပါတယ်။

• အရင်တုံးက သွေးလွန်ုတုတ်ကွေးကူးစက်ခံရဖူးခြင်း။ အရင်တုံးက သွေးလွန်ုတုတ်ကွေးကူးစက်ခံရဖူးခြင်းဟာ နောက်တစ်ခါ ထပ်မံဖြစ်ပွားရင် ပြင်းထန်တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dengue Fever (သွေးလွန်တုပ်ကွေး) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးလွန်ုတုတ်ကွေးရောဂါကို ရှာဖွေအမည်တပ်ဖို့ဟာ ခက်ခဲပါတယ်။ သူ့ရဲ့ ရောဂါလက္ခဏာတွေဟာ အခြားရောဂါတွေဖြစ်တဲ့ ငှက်ဖျား၊ leptospirosis နဲ့ typhoid fever ရဲ့ လက္ခဏာတွေနဲ့ ဆင်ဆင်တူပါတယ်။

သင့်ဆရာဝန်က သင့်ရဲ့ ကျန်းမာရေးနဲ့ ခရီးသွားရာဇဝင်ကို မေးမြန်းပါလိမ့်မယ်။ တကယ်လို့ နိုင်ငံခြားကို ခရီးသွားခဲ့တယ်ဆိုရင် သွားတဲ့နိုင်ငံတွေ၊ သွားခဲ့တဲ့ နေ့ရက်တွေနဲ့ ခြင်ကိုက်ခံရမှု ရှိမရှိပါ ပြောပြဖို့လိုပါတယ်။

အချို့ ဓါတ်ခွဲခန်းစစ်ဆေးမှုတွေဟာ သွေးလွန်ုတုတ်ကွေးဗိုင်းရပ်စ်ကို ရှာဖွေနိုင်ပါတယ်။ ဒါပေမယ့် စစ်ဆေးမှုအဖြေတွေဟာ ကုသမှု မပြုလုပ်ခင် ရရှိဖို့ ခက်ခဲပါတယ်။

Dengue Fever (သွေးလွန်တုပ်ကွေး) ကို ဘယ်လိုကုသပါသလဲ

သွေးလွန်ုတုတ်ကွေးကို ကုသမှု အတိအကျတော့ မရှိပါဘူး။ လူအများစုဟာ နှစ်ပတ်အတွင်း ပြန်ကောင်းတတ်ကြပါတယ်။ ဒါကြောင့်ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ကာကွယ်နိုင်အောင် ရောဂါလက္ခဏာတွေကို ကုသဖို့ိလိုအပ်ပါတယ်။ ဆရာဝန်တွေက များသောအားဖြင့် အောက်ပါတို့ကို ညွှန်ကြားလေ့ရှိပါတယ်။

• အိပ်ရာပေါ်မှာ အနားယူခြင်း

• အရည် အများအပြား သောက်ခြင်း

• အဖျားပျောက်ဆေးသောက်ခြင်းဟာ နာကျင်မှုရော အဖျားကိုပါ ပျောက်စေပါတယ်။

• နာကျင်မှုသက်သာစေနဲ့ဆေးတွေဟာ သွေးထွက်မှုကို ဖြစ်စေနိုင်တာကြောင့် ရှောင်ရှားသင့်ပါတယ်။

ဆိုးဝါးတဲ့ သူတွေမှာ သွေးလွန်ုတုတ်ကွေးဟာ ရှော့ခ် (သို့) အရေးပေါ် ဆေးကုသမှု လိုအပ်တဲ့ အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။