backup og meta

အိမ် ထဲမှာပဲ နေပါ လို့ ထပ်ကာတလဲလဲ ဘာကြောင့် သတိပေးနေကြသလဲ

အိမ် မှာပဲ နေဖို့ ၊ အိမ်ကနေ အလုပ်လုပ်ဖို့ ၊ လူများတဲ့ နေရာ မသွားဖို့ ၊ ပွဲလမ်းသဘင် တွေ မလုပ်ဖို့ ဘာကြောင့် တားကြသလဲ။  COVID-19 ဗိုင်းရပ်စ် ကို ထိန်းချုပ်နိုင်ဖို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူချင်း မနီးစေဖို့ သီးခြားနေခြင်း (social distancing) နည်းလမ်း ကို အကြံပြု ကျင့်သုံးကြတာပါ။

အိမ် ထဲမှာပဲ နေပါ လို့ ထပ်ကာတလဲလဲ ဘာကြောင့် သတိပေးနေကြသလဲ

Social distancing ဆိုတာ ဘာလဲ

မလိုအပ်ဘဲ အပြင်မထွက်၊ လူများတဲ့ နေရာလည်း မသွားဘဲ အိမ်ထဲ မှာပဲ နေတဲ့အခါ ကူးစက်ပြန့်ပွားမှုတွေ ကို ကာကွယ်နိုင်ပါတယ်။ social distancing ဆိုတာ အဲဒီ သဘော ပါပဲ။ ကိုရိုနာဗိုင်းရပ်စ် လိုမျိုး ကူးစက်မြန်တဲ့ ရောဂါမျိုး ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့၊ အရှိန်လျှော့ချနိုင်ဖို့ အများပြည်သူ ကျင့်သုံးရတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။

လေ့လာမှုတွေ အရ အိမ်ကနေ အလုပ်လုပ်တာ၊ ကျောင်းတွေ ပိတ်တာ၊ ပွဲအစီအစဉ် တွေ ဖျက်သိမ်းတာ လိုမျိုး နည်းလမ်းတွေက ကူးစက်မှုအသစ်တွေ ထပ်မတိုးအောင် သိသိသာသာ လျှော့ချနိုင်တယ် လို့ သိရပါတယ်။

သီးခြားနေဖို့ ဘာကြောင့် အရေးကြီးတာလဲ

ရောဂါ ကာကွယ်ရေး အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာန နဲ့ အစိုးရထုတ်ပြန်ချက်၊ အကြံပြုချက်တွေ ကို လိုက်နာတာ အကောင်းဆုံးပါ။ လူတိုင်း မကြာခဏ လက်ဆေးပါ၊ ချောင်းဆိုး သို့မဟုတ် နှာချေသူ နဲ့ ၆ ပေ အထက် အကွာမှာ နေရမယ်၊ မျက်နှာကို လက်နဲ့ မထိပါနဲ့ ဆိုတာ အဓိက အချက်တွေ ပါ။ လူမှုရေး တွေ့ဆုံမှုတွေ၊ ပွဲတွေ၊ အခမ်းအနားတွေ၊ စုဝေးမှုတွေ က လူအစုလိုက် အပြုံလိုက် ကူးစက်နိုင်ခြေ အမြင့်ဆုံး ဖြစ်ပါတယ်။

သီးခြားနေရင် အထီးကျန်မှာလား

ကိုယ့်ဘာသာ သီးခြားနေတဲ့ နည်းလမ်းဟာ တစ်ယောက်တည်း အထီးကျန်သွားတော့မယ် လို့တော့ မမှတ်ယူစေချင်ပါဘူး။ လူချင်း မတွေ့ရ၊ အနီးမနေရ ပေမယ့် ဆက်သွယ်ရေး တိုးတက်နေတဲ့ ဒီခေတ်မှာ အဆက်အသွယ် ပြတ်မှာတော့ မဟုတ်ပါဘူး။

ဖုန်းဆက်သွယ်လို့ ရတယ်၊ ဗီဒီယိုကော နဲ့ ဆက်သွယ်လို့ရတယ်၊ မက်ဆေ့ချ် အက်ပ်တွေ၊ လူမှုကွန်ရက်တွေ အများကြီးရှိတာမို့ အားလုံးအဝေးက ဆက်သွယ်လို့ ရတာပဲ မဟုတ်လား။ တစ်ခဏတာ သီးခြားနေလိုက်ဖို့ ကို သည်းမခံနိုင်ရင် တစ်သက်တာ မတွေ့ရအောင် လုပ်ပစ်လိုက်နိုင်တဲ့ COVID-19 အန္တရာယ် ကို သတိရလိုက်ပါ။

Social distancing လုပ်တဲ့အခါ –

  • သွားနေကျ စားသောက်ဆိုင်တွေ၊ စျေးဝယ်စင်တာတွေ၊ အပန်းဖြေနေရာ တွေကို မသွားတော့တာ၊
  • လူချင်း တွေ့ဆုံမှုတွေကို ရှောင်တာ၊
  • မလိုအပ်ဘဲ အပြင်လျှောက်မသွားတော့တာ၊
  • အိမ်က အလုပ်လုပ်တာ (အလုပ်သွား/ပြန် အများစီး ဘတ်စ်ကားတွေ စီးဖို့မလိုတော့)တွေ အဓိက ပါဝင်ပါတယ်။

သတိပြုဖို့

အိမ်မှာပဲ နေမယ် ဆိုလည်း မိသားစုလိုက် စုဝေးမှုတွေ၊ ပျော်ပွဲစားပွဲ အိမ်မှာ ကျင်းပနေမယ်ဆို သီးခြား နေထိုင်မှု မဖြစ်နိုင်တော့တာ သတိပြုပါနော်။

အိမ်မှာ သီးခြားနေပါ ဆိုပေမယ့်လည်း လမ်းထွက်လျှောက်တာ၊ အပြင်ထွက်တာ တော့ ရပါသေးတယ်။ လူများတဲ့ နေရာ မဟုတ်ရင် ရတာပဲလေ။ အဓိက က လူလူချင်း နီးကပ်စွာထိတွေ့မှု မရှိစေဖို့ ဖြစ်ပါတယ်။

နောက်တစ်ချက် က ကြိုတင်ကာကွယ်မှု နည်းလမ်းတွေ မလိုက်နာရင် အိမ်မှာ နေ့တိုင်း ဘေးကင်းတာ မဟုတ်ဘူးဆိုတာပါပဲ။ ဥပမာ ကိုယ့်အိမ်မှာပဲ ဆိုပြီး ဖြစ်သလို နေမယ်၊ ရုံးတက်တုန်းက လောက်တောင် လက်မဆေးဖြစ်ဘူး၊ မျက်နှာပွတ်လိုက်၊ နှာခေါင်းပွတ်လိုက် လုပ်နေမယ် ဆို အရင်ကထက်တောင် အန္တရာယ် များနိုင်ပါတယ်။

အကြောက်မလွန်ပါနဲ့။ သတင်းမှား တွေကို မယုံပါနဲ့။ ကိုယ် စိုးရိမ်တဲ့ အကြောင်းအရာတွေ ကို စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ ဆီမှာ အဖြေရှာပါ။ သက်ဆိုင်ရာ ထုတ်ပြန်ချက်တွေ ကို သတင်းစောင့်ကြည့်ပါ။

အိမ် မှာ နေရင်း နေမကောင်းဖြစ်ရင်

နေထိုင်မကောင်းတဲ့ လက္ခဏာ ကိုယ့်မှာ ဖြစ်လာခဲ့ရင် သေချာ စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ ကိုယ်နဲ့ အနီးဆုံး ကိုယ့်ရဲ့မိသားစု ကို ထိခိုက်နိုင်ခြေ အများဆုံး မို့ပါ။

သက်ဆိုင်ရာနဲ့ ပူးပေါင်းပါ

သီးခြား နေထိုင်ရတဲ့ နည်းလမ်းတွေ အားလုံးဟာ  ကူးစက်ရောဂါတွေ ရဲ့ ပျံ့နှံ့မှုကို နှေးကွေးစေ၊ ရပ်တန့်စေနိုင်တဲ့ နည်းလမ်းတွေမို့ လိုအပ်လာရင် လိုက်နာသင့်ပါတယ်။

ကိုယ်တိုင် အပါအဝင် ဘယ်သူမှာမဆို ကိုရိုနာဗိုင်းရပ်စ် သံသယလက္ခဏာ တွေ့ရှိရင် သက်ဆိုင်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက် စစ်ဆေးမှုခံယူသင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.mohfw.gov.in/SocialDistancingAdvisorybyMOHFW.pdf

Accessed Mar 23, 2020.

https://www.mahealthcare.com/coronavirus/covid-19-quarantine-isolation-and-social-distancing

Accessed Mar 23, 2020.

 

ယခုပုံစံ

14/09/2020

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိမ်လုပ် လက်သန့်ဆေးရည် တွေက ထိရောက်ရဲ့လား

ကိုယ့်ကြောင့် မိသားစုကို ရောဂါမကူးစေဖို့ ဒါလေးတွေ လိုက်နာပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ