brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိလာရတဲ့ Omicron XE မျိုးကွဲ

ပြီးခဲ့တဲ့ စနေနေ့က ထိုင်းမှာ Omicron မျိုးကွဲတစ်ခုဖြစ်တဲ့ Omicron XE ကို စတင်တွေ့ရှိရပြီလို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံမှာ တွေ့နေရတာ ဖြစ်တဲ့အတွက် အချိန်မရွေး ဒီဘက်ကို ကူးလာနိုင်တာကြောင့် ဘာတွေသိထားသင့်လဲဆိုတာကို ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိလာရတဲ့ Omicron XE မျိုးကွဲ

Omicron XE မျိုးကွဲဆိုတာ

Omicron XEက Omicron BA.1 နဲ့ BA.2 ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် မျိုးကွဲဆိုတာထက် မျိုးစပ်ထားတယ်လို့ ပြောရင် ပိုမှန်ပါတယ်။ ဒီမျိုးစိတ်ကို ဇန်နဝါရီ ၁၉၊ ၂၀၂၂ မှာ ယူကေမှာ စတွေ့ခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၂၅ရက်နေ့ထိဆိုရင် လူနာပေါင်း ၆၀၀ကျော် တွေ့ခဲ့ပြီး ဖြစ်ပါတယ်။

Phylogenetic Assignment of Named Global Outbreak Lineages (Pangolin) အဆိုအရ ဒယ်တာနဲ့ BA.1 နဲ့ စပ်ထားတာက XDနဲ့ XFဆိုပြီး ၂ခုရှိနေပါတယ်တဲ့။ BA.1နဲ့ BA.2 စပ်ထားတာကတော့ XE, XG, XH, XJ, XKနဲ့ XL ဆိုပြီး ၆မျိုးတောင် ရှိပါတယ်။ ခုတွေ့ထားတဲ့ Omicron XEဆိုတာ ဒီ၆မျိုးထဲက တစ်ခုပါ။

ဘာလို့ မျိုးကွဲတွေ ဆက်တိုက်ထွက်နေရတာလဲ။

ယူကေအမျိုးသား ကျန်းမာရေးလုံခြုံရေးအင်ဂျင်စီရဲ့ အကြီးတန်း ကျန်းမာရေးအကြံပေးဖြစ်တဲ့ Dr. Susan Hopkins က ‘ပြောရမယ်ဆိုရင် ဒီလိုမျိုး မျိုးကွဲတွေထွက်နေတာက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အထူးသဖြင့် လူထုကြားမှာ မျိုးကွဲတွေ အများကြီး တစ်ပြိုင်နက်တည်း ရှိနေချိန်မှာ ပိုပြီး တွေ့ရတတ်ပါတယ်။ ဒီလိုမျိုး ပေါင်းစပ်တာတွေက ဟိုးအရင် ကပ်ရောဂါအစတည်းက ရှိခဲ့တာပါ။’ လို့ ပြောထားပါတယ်။

တကယ်လည်းပဲ ဒီလိုမျိုး မျိုးစပ်သွားတာတွေက ရှိခဲ့ပါတယ်။ ရှိခဲ့ပေမယ့် သိသိသာသာ အန္တရာယ်ပေးနိုင်စွမ်း မရှိလို့သာ လူထုကြားထဲကို ထုတ်မပြတာပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါက ကိုဗစ်မှ မဟုတ်ပါဘူး။ ကိုဗစ်ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် အပါအဝင် တခြားဗိုင်းရပ်စ်တွေ (ဥပမာ တုပ်ကွေးဗိုင်းရပ်စ်) ကလည်း ဒီလိုမျိုး မျိုးစပ်တတ်တဲ့ သဘောမျိုး ရှိပါတယ်။

Omicron XEက ပိုဆိုးလာမှာလား။

Omicron XEက Omicron BA.1 တို့၊ BA.2 တို့ထက် ပိုဆိုးလာမလားဆိုပြီး ထင်ကြေးပေးကြတာရှိပါတယ်။ တကယ်ဆိုရင် BA.2က BA.1 ထက် ပိုပြီးကူးစက်နှုန်းမြန်ပါတယ်။ နောက်ဆုံး UK Health Services Agency (UKHSA)ရဲ့ ထုတ်ပြန်ချက်အရတော့ Omicron XE က BA.2ထက် ၁၀% ကူးနှုန်းပိုမြန်ပြီး BA.1 ထက် ၄၃% ပိုကူးတယ်လို့ ဆိုပါတယ်။

WHOကတော့ ဒီအချက်ကို အတည်ပြုဖို့ ဆက်ပြီးလေ့လာရဦးမယ်လို့ ဆိုပါတယ်။ ကူးစက်နှုန်းတင်မကဘဲ ရောဂါလက္ခဏာ၊ ပြင်းထန်မှု၊ ကာကွယ်ဆေးတိုးမတိုး စတာတွေကိုပါ ဆက်ပြီး လေ့လာနေကြပါတယ်။

Omicron XE နဲ့ ပတ်သက်လို့ ဘာတွေပြင်ဆင်ထားရမလဲ။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက ကပ်နေတာဖြစ်တဲ့အတွက် အချိန်မရွေး ကူးလာနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ Omicron XEကြောင့် အသေအပျောက်တွေ သိသိသာတိုးလာတာကိုတော့ မကြားရသေးပါဘူး။ ကူးစက်နှုန်း မြန်နိုင်တယ်လို့ ထင်ကြေးပေးထားကြတာ ဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်

  • ကိုဗစ်ကာကွယ်ဆေးတွေ အပြည့်အစုံထိုးထားပါ။ ထပ်ဆောင်းကာကွယ်ဆေး ထပ်ထိုးပါ။
  • အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းတပ်ဖို့ မမေ့ပါနဲ့။ နွေရာသီမို့လို့လား မသိ။ နှာခေါင်းစည်းတပ်တဲ့သူတွေ နည်းလာကြတာကို တွေ့နေရပါတယ်။
  • မကြာခဏလည်း လက်ဆေးပါ။
  • လူစုလူဝေးတွေ ရှောင်ပါ။ အကူးမြန်တာဖြစ်တဲ့အတွက် မတော်တဆ ပိုးရှိသူ ပါလာခဲ့ရင် လူအများကြီး ကူးသွားနိုင်ပါတယ်။
  • နေထိုင်မကောင်း ဖြစ်တယ်လို့ ခံစားရရင် အိမ်မှာ

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 04/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။