backup og meta

ကိုဗစ်ကာလမှာ အန္တရာယ်ကင်းကင်း လမ်းလျှောက်ထွက်ရအောင်

ကိုဗစ်ကာလမှာ အန္တရာယ်ကင်းကင်း လမ်းလျှောက်ထွက်ရအောင်

ခုလို ကိုဗစ်ကာလမှာ ကျန်းမာဖို့က တော်တော်လေး အရေးကြီးပါတယ်။ ကိုယ်ခံအား ကောင်းအောင် သေချာ ဂရုစိုက်တာက ကိုဗစ်ကို ကာကွယ်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ကိုယ်ခံအားကောင်းစေဖို့ဆိုတဲ့ နေရာမှာ အာဟာရ မျှတအောင် စားသုံးတာအပြင် သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့လည်း လိုပါမယ်။

ဒီတော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးဖြစ်တဲ့ လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာကို ရွေးချယ်မယ်ဆိုရင် အခုလိုကာလမှာ ဘယ်လိုများ လမ်းလျှောက်ရမလဲ၊ လို့ တွေးပြီး စိတ်ညစ်မနေပါနဲ့။ ကိုဗစ်ကာလမှာ အန္တရာယ် ကင်းကင်းနဲ့ လမ်းလျှောက်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။

အခုလို ကာလမှာ လမ်းလျှောက်ထွက်တာ အန္တရာယ်များလား

လူအများစုက ကိုယ်လက်လေ့ကျင့်ခန်းဆိုရင် လမ်းလျှောက်တာကို အများဆုံး လုပ်ဖြစ်ကြပါတယ်။ ဒါကလည်း လမ်းလျှောက်တာက ကျန်းမာရေး ပြဿနာအားလုံးအတွက် အဆင်ပြေတဲ့ လေ့ကျင့်ခန်း ဖြစ်နေတာလည်း ပါပါတယ်။

ပုံမှန်အားဖြင့် လူ ၃ ယောက်မှာ ၂ ယောက်က လမ်းလျှောက် လေ့ကျင့်ခန်းကို လုပ်ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းမြင့်တဲ့ ကာလတွေမှာတော့ အပြင်ထွက်ခွင့်တွေ ပိတ်ထားတာကြောင့် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း လုပ်နေသူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ အခက်တွေ့ခဲ့နိုင်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ရောဂါဖြစ်ပွားမှုနှုန်း သေဆုံးမှုနှုန်း ကျဆင်းလာတာကြောင့် အခုနောက်ပိုင်းမှာ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးလာကြပါတယ်။

ဒါကြောင့်  လမ်းလျှောက်တဲ့လေ့ကျင့်ခန်း လုပ်ချင်သူ အနေနဲ့ အခုလိုကာလမှာ ကျန်းမာရေးအတွက် အန္တရာယ်ကင်းကင်း လမ်းလျှောက်နိုင်စေဖို့ နည်းလမ်းကောင်းလေးတွေကို အတူတူကြည့်ရအောင်လား………….

  • အပြင်ထွက်ရင် Mask တပ်ပါ

အပြင်ထွက်တဲ့အခါတိုင်း ရောဂါပိုး ကူးစက်ခံရမှု ကင်းစေဖို့ mask တပ်ပါ။ ကိုယ့်မှာ ရောဂါပိုး ရှိနေရင်လည်း သူများဆီ မကူးအောင် ကာကွယ်ပေးရာလည်း ရောက်ပါတယ်။

Mask  တပ်တဲ့အခါ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ ကြိုးကနေကိုင်ပြီး တပ်ပါ။ ပြီးရင် နှာခေါင်းနေရာလေးကို သေချာလေး နေရာကျအောင် တပ်ပေးပါ။ တစ်ခါသုံး Mask မတပ်ချင်ရင်တောင် အဝတ်နဲ့ ချုပ်ထားတဲ့ mask ကို တပ်ပေးလို့ ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က တံခါးလက်ကိုင်တွေ၊ လှေကား လက်ရန်းတွေနဲ့ နေ့စဉ် ကိုင်တွယ်ထိတွေ့မိနေတဲ့ အများသုံးနေရာက အရာတော်တော်များများမှာ ရှင်သန်နေနိုင်ပါတယ်။ ဒီနေရာတွေကို ကိုင်တွယ်ထိတွေ့နေတာက လက်နဲ့ဆိုတော့  လက်နဲ့သာ မျက်နှာကို ထိမိရင် ရောဂါပိုးကို ကိုယ်တိုင် နှာခေါင်း၊ ပါးစပ်တို့ဆီ ပို့လိုက်သလို ဖြစ်သွားမှာပါ။

ဒါကြောင့် လမ်းလျှောက်ထွက်တဲ့အခါ ဘာအကြောင်းကြောင့်နဲ့မှ မျက်နှာကို လက်နဲ့ မထိပါနဲ့။ နဖူးက ချွေးတွေ သုတ်တာမျိုးမလုပ်ခင်မှာ လက်ကို အရင်သန့်စင်ပါ။ နှာခေါင်းကို လက်နဲ့ ပွတ်တာ၊ မျက်လုံးကို လက်နဲ့ ပွတ်တာမျိုး မလုပ်ပါနဲ့။ မျက်နှာကို ကိုင်တွယ်ထိတွေ့မှု မလုပ်ခင် လက်ကို အရင်ဆုံး သေချာစွာ ဆေးကြောပါ။

လမ်းလျှောက်တဲ့အခါ လူတစ်ဦးနဲ့ တစ်ဦး အနည်းဆုံး ၆ ပေခွာထားပါ။ ခပ်ဝေးဝေးက လျှောက်နိုင်လေ အဆင်ပြေလေပါ။ ဒါမှ ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကနေ ကာကွယ်ရာရောက်မှာပါ။ အခြားသူတွေရဲ့ နောက်တည့်တည့်ကနေ လျှောက်တာမျိုး မလုပ်ပါနဲ့။ လေသင့်နေတဲ့အခါ ပိုးကူးစက်ခံရနိုင်ခြေ မြင့်နိုင်လို့ပါ။ ဒါကြောင့် လမ်းလျှောက်တဲ့အခါ ခပ်ခွာခွာ လျှောက်ဖို့ မမေ့ပါနဲ့။

မကြာသေးခင်က လေ့လာမှုတွေအရ ကိုရိုနာ ဗိုင်းရပ်စ်ဟာ မျက်လုံးတွေကနေတဆင့်လည်း ကူးစက်ခံရနိုင်ပါတယ်။ ပိုးရှိတဲ့ လက်နဲ့ မျက်လုံးကို ပွတ်မိရင်ပေါ့။ ဒါကြောင့် အပြင်ထွက်တဲ့အခါ မျက်လုံးတွေကို ကာကွယ်ထားဖို့လည်း လိုပါမယ်။ ဒါကြောင့် အပြင်သွားတဲ့အခါ ထိုက်သင့်တဲ့ အကွာအဝေးမှာ နေပါ။ မျက်လုံးကို မျက်မှန်တပ်တာဖြစ်ဖြစ် မျက်နှာကို Face shield တပ်တာဖြစ်ဖြစ် လုပ်ပါ။ မတပ်နိုင်ရင်လည်း  face maskလောက်တော့ တပ်ပါ။ လက်ဆေးပါ။

  • လူရှင်းတဲ့ လမ်းကို ရွေးပါ

လမ်းလျှောက်တဲ့အခါ ရောဂါကူးစက်ခံရနိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် လူများတဲ့ လမ်းတွေကို မသွားပါနဲ့။ လူရှင်းတဲ့လမ်းတွေကိုပဲ ရွေးချယ်စေချင်ပါတယ်။ ဒါက လမ်းလျှောက်ရတာ အဆင်ပြေသလို ရောဂါ ကူးစက်ခံရနိုင်ခြေကိုလည်း ကာကွယ်လိုက်ရာ ကျပါတယ်။

လမ်းလျှောက်က ပြန်လာတိုင်းမှာ ဖိနပ်မှာ ရောဂါပိုးတွေ ကပ်ပါလာနိုင်ပါတယ်။ ဒါကြောင့် အိမ်ပြန်ရောက်တဲ့အခါ ဖိနပ်ကို အိမ်အပြင်မှာပဲ ချွတ်ခဲ့ပါ။ ဖိနပ်ကို သေချာလေး ပိုးသတ် သန့်စင်ပြီးမှ အိမ်ထဲဝင်ပါ။

[covid_19]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Tips for Safe Walking During Coronavirus https://www.thehealthy.com/infectious-disease/safe-walking-during-coronavirus/ Accessed Date 22 May 2020

7 Tips for Safe Walking During Coronavirus https://www.msn.com/en-us/health/wellness/7-tips-for-safe-walking-during-coronavirus/ss-BB142Tix?li=BBnba9O Accessed Date 22 May 2020

How to stay safe when people are breathing heavy while running, walking outside amid coronavirus pandemic https://www.cnbc.com/2020/04/15/how-to-stay-safe-running-walking-outside-amid-coronavirus-pandemic.html Accessed Date 22 May 2020

ယခုပုံစံ

05/08/2020

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်ရဲ့ Second wave ကို ဘယ်လို ကိုင်တွယ်ကြမလဲ............

ကိုယ်ပူတိုင်း COVID_19 လား………………….



Aye Thi Mon မှ ရေးသားသည်။ · 05/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ