backup og meta

ဘေဘီလေးကို COVID_19 ကနေ ဒီလို ကာကွယ်ပါ

အခုချိန်ခါက မေမေတိုင်း ကိုယ်တိုင်ကိုရော ရင်နဲ့အမျှချစ်ရတဲ့ ဘေဘီလေးတွေကိုပါ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID_19 ကူးစက်နေမှာကို စိုးရိမ်နေလောက်မှာပါ။ ဒီတော့ ဘေဘီလေးကို COVID_19 မကူးစက်စေဖို့ ဘယ်လိုကာကွယ်ရမလဲ ပြောပြပေးပါရစေနော်။

ဘေဘီလေးကို COVID_19 ကနေ ဒီလို ကာကွယ်ပါ

ဘေဘီလေးတွေရော COVID_19 ကူးစက်နိုင်လား………

ဒီရောဂါက အရွယ်သုံးပါးစလုံး ကူးစက်နိုင်ပါတယ်။ ကိုယ်ခံအား ဖွံ့ဖြိုးဆဲဖြစ်တဲ့ ဘေဘီလေးတွေမှာလည်း ကူးစက်နိုင်ပါတယ်။ ဒီတာ့ ဘေဘီလေးကို ရောဂါပိုး မကူးစက်စေဖို့က ဘယ်လိုကာကွယ်ကြမလဲ………

ကလေးကို အာဟာရပြည့်ဝအောင် ကျွေးမွေးပါ

ကလေးကို နေ့စဉ်တိုင်းမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်ကြတဲ့ ပရိုတင်း၊ ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် D၊ ကယ်လ်ဆီယမ် ကစလို့ အာဟာရတွေ ပြည့်ဝနေအောင် ကျွေးမွေးပေးရပါမယ်။ တစ်နေ့ကို ၃ ကြိမ် ထက်မနည်း အာဟာရကျွေးပေးရပါမယ်။

အိပ်ရေးဝအောင် ဂရုစိုက်ပါ

ဘေဘီလေးတွေကို တစ်နေ့တာမှာ အိပ်ချိန် အနည်းဆုံး ၈ နာရီ ရှိစေဖို့ ဂရုစိုက်ပါ။ အိပ်ရေးဝမှ ကိုယ်ခံအားကောင်းမှာပါ။ ဒါကြောင့် ဘေဘီလေးတွေကို ညတိုင်းရော နေ့ခင်းဘက်တွေမှာပါ အိပ်ချိန်လေး သေချာ သတ်မှတ်ပြီး သိပ်ပါ။

လက်ဆေးပေးပါ

ဘေဘီလေးကိုလည်း လက်ကို ရေနဲ့ ဆပ်ပြာအသုံးပြုလို့ စက္ကန့် ၂၀ ကြာ သေချာဆေးကြောသန့်စင်ပေးပါ။ ရောဂါကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်းက လက်ကို သေချာဆေးကြောတာပါ။

ရေမလိုလက်သန့်ဆေးသုံးခိုင်းပါ

ရေအလွယ်တကူမရနိုင်တဲ့နေရာမှာ ကလေးရဲ့ လက်ကို အနည်းဆုံး အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်း ပါတဲ့ ရေမလိုလက်သန့်ဆေးရည်နဲ့ အသုံးပြုပြီးဆေးကြောပေးပါ။ လက်သန့်ဆေးရည် ခြောက်သွားမှ​ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်စေပါ။ ရေအလွယ်တကူမရတဲ့ အခြေအနေမျိုးမှာသာ သုံးခိုင်းပါ။

မျက်နှာကို မကိုင်မိပါစေနဲ့

ကလေးကို မျက်နှာကို လက်နဲ့ကိုက်တာမျိုး၊ မျက်နှာပွတ်တာမျိုး၊ ပါးစပ်ထဲ လက်ထည့်တာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။ ဒီအပြုအမူတွေက ရောဂါပိုး အလွယ်တကူ ကူးစက်နိုင်တာကြောင့်ပါ။

လူတကာကို ပေးမချီပါနဲ့

ကလေးကို လူတကာကို ပေးမချီပါနဲ့။ ဒါက ရောဂါပိုးတွေ ကူးစက်ခံရနိုင်တာကြောင့်ပါ။ ဒါ​ကြောင့် အိမ်ကို ဧည့်သည် လာခဲ့ရင်တောင် ကလေးကို ပေးမချီပါနဲ့။

ကလေးမချီခင် လက်ဆေးပါ

မေမေဖေဖေတို့အနေနဲ့ လည်း ကလေးကို မချီခင်တိုင်းမှာ ရေနဲ့ ဆပ်ပြာ အသုံးပြုလို့ လက်ကို သေချာဆေးကြောပါ။ အပြင် က ပြန်လာတာဖြစ်မယ်ဆိုရင် အဝတ်အစားပါလဲပါ။

တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ

ကလေးကို တစ်နေ့တစ်ကြိမ်တော့ ရေချိုးသန့်စင်ပေးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်မှုကလည်း ကိုရိုနာဗိုင်းရပ်စ် ကို ကာကွယ်ရာရောက်ပါတယ်။

အပြင်ကပြန်လာတဲ့အခါ အဝတ်အစားလဲပေးပါ

ဆေးခန်းသွားတာမျိုး ဒါမှမဟုတ် မဖြစ်မနေအခြေအနေတစ်ခုခုကြောင့် ကလေးကို အပြင်ခေါ်သွားရတဲ့အခါမျိုးမှာ နှာခေါင်းစည်းတပ်သွားပေးပါ။ မဟုတ်လည်း Baby face Shield လေး တပ်သွားပေးပါ။ ပြန်လာတဲ့အခါ လက်သေချာ ဆေးကြောပြီး အဝတ်အစားလဲခိုင်းပါ။

ကလေးရဲ့ အသုံးအဆောင်တွေကို ပိုးသတ်ပါ

ကလေးရဲ့ အသုံးအဆောင်တွေကို သေချာလေး ပိုးသတ်သန့်စင်ပေးပါ။ အဝတ်အစားကစလို့ အိပ်ရာတွေ ဖိနပ်တွေက စလို့ပေါ့။ နေထိုင်ရာ နေရာလေးတွေကိုလည်း မေ့မထားပါနဲ့နော်။

ကလေးကို လူထူတဲ့နေရာတွေ ခေါ်မသွားပါနဲ့

ကလေးကို လူစုလူဝေးများတဲ့ နေရာတွေကို ခေါ်မသွားပါနဲ့။ ရောဂါကူးစက်နိုင်ခြေများတာ​ကြောင့်ပါ။

ကဲ… အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာလို့ ဘေဘီလေးတွေကို COVID_19 အန္တရာယ်ကနေ ကာကွယ်လိုက်ကြပါစို့။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[covid_19]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coronavirus disease (COVID-19): What parents should know https://www.unicef.org/stories/novel-coronavirus-outbreak-what-parents-should-know Accessed Date 13 April 2020

Coronavirus (COVID-19) https://www.cdc.gov/coronavirus/2019-ncov/index.html Accessed Date 13 April 2020

Coronavirus disease (COVID-19) Pandemic https://www.who.int/emergencies/diseases/novel-coronavirus-2019 Accessed Date 13 April 2020

ယခုပုံစံ

28/09/2021

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

COVID-19က လေထဲက ကူးနိုင်လား။

ကိုယ်ပူတိုင်း COVID_19 လား………………….



Aye Thi Mon မှ ရေးသားသည်။ · 28/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ