နှာခေါင်းစည်း လို့ သိကြတဲ့ mask တွေဟာ Covid-19 ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ မဖြစ်မနေ သုံးရတာ သိထားပြီးသား မဟုတ်လား။ အခုတော့ mask ကို တပ်တော့ တပ်ကြပါရဲ့။ ပူလို့လား၊ မနေတတ်လို့လားပဲ မသိ၊ မေးစေ့အောက်ထိ ဆွဲချထားတဲ့ စတိုင် မြင်ရတာများလာပါတယ်။
နှာခေါင်းစည်း လို့ သိကြတဲ့ mask တွေဟာ Covid-19 ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ မဖြစ်မနေ သုံးရတာ သိထားပြီးသား မဟုတ်လား။ အခုတော့ mask ကို တပ်တော့ တပ်ကြပါရဲ့။ ပူလို့လား၊ မနေတတ်လို့လားပဲ မသိ၊ မေးစေ့အောက်ထိ ဆွဲချထားတဲ့ စတိုင် မြင်ရတာများလာပါတယ်။
ဒါဟာ ရောဂါပိုး ကူးစက်မှုကာကွယ်ရေးအတွက် အန္တရာယ်ဖိတ်ခေါ်မှု တစ်ခုပါနော်။ ဟိုးအရင်က mask တပ်တဲ့အခါ သတိထားဖို့ ကြိုတင်သတိပေးခဲ့ကြတဲ့ထဲ ဒီအချက်လည်း ပါဝင်ပါတယ်။
နှာခေါင်းစည်း ဆိုတဲ့အတိုင်းပဲ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ဖုံးအုပ် ကာကွယ်ပေးတဲ့ပစ္စည်းပါ။ သူ့ရဲ့ကာကွယ်နိုင်စွမ်းက တကယ်ကို ထိရောက်၊ အသုံးဝင်လှတာမို့ အပြင်ထွက်တိုင်း တပ်ဖို့ သတိပေးလာကြတာပါ။
ဒါပေမယ့် သူ့ကို သုံးတဲ့အခါ အသုံးမတတ်ရင် ကာကွယ်တာထက် ကူးစက်ခံရနိုင်ခြေပိုများသွားနိုင်ပါတယ်။ mask တွေ တပ်တဲ့အခါ –
တကယ်လို့ mask ကို မေးစေ့အောက်မှာ ဆွဲချထားတဲ့အခါ –
တချို့တွေမှာ mask ကို အောက်ဆွဲချလျက်သား တဝက် တပ်ထားတာ၊ နှာခေါင်းပေါ်နေတာ စတဲ့ အနေအထားတွေက တပ်ဆင်နည်းမှားနေတယ်လို့ ဆိုနိုင်ပါတယ်။
Mask ကို တဝက်ချွတ်ချပြီး စကားပြောဆို၊ လှုပ်ရှားသွားလာနေတာတွေဟာ သိပ်ကို အန္တရာယ်များတဲ့ အပြုအမူတွေဖြစ်လို့ သတိထားသင့်ပါတယ်။ ဒီလိုသာ တပ်မယ်ဆိုရင် mask မတပ်တာကမှ လက်နဲ့ထိတွေ့မှု၊ mask နဲ့ မျက်နှာ အကြိမ်ကြိမ်ထိတွေ့၊ ပွတ်တိုက်မှု ပိုနည်းစေတာမို့ မတပ်တာ ပိုကောင်းပါလိမ့်ဦးမယ်။
Mask တွေကို တွေ့ရာ ပစ်ချမထားဖို့ပါပဲ။ အမှိုက်အိတ်ထဲ၊ အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ။ ဒီတိုင်း လမ်းမှာ လွှင့်ပစ်လိုက်တာ၊ ခဏလောက်ဖြစ်ဖြစ် တစ်နေရာ ချထားလိုက်တာက ရောဂါပိုးကူးစက်ဖို့ အခွင့်အလမ်းများပါတယ်။
ရောဂါပိုးက mask တွေမှာ ရက်ပိုင်းလောက်အထိ ရှိနေနိုင်တာကြောင့် ပြန်သုံးဖို့ ရည်ရွယ်တယ်ဆိုရင် လူတွေနဲ့ ဝေးလွတ်ရာ တစ်နေရာမှာ နေပူပြပြီး ထားထားပါ။ဒါမှမဟုတ် ဘူးထဲ ထည့်သိမ်းထားပါ။ အဝတ် mask ဆိုလည်း ဝတ်ဆင်ပြီးတဲ့အချိန် ချက်ချင်း ဆပ်ပြာနဲ့သေချာလျှော်ဖွပ်ပစ်ပါ။ သန့်ရှင်းစွာ သုံးပါလို့ အကြံပြုလိုက်ချင်ပါတယ်။
Covid-19 ကပ်ဘေးရောဂါကနေ ဘေးကင်းလုံခြုံစွာနဲ့ ကျော်လွှားနိုင်ကြပါစေ၊ အကောင်းဆုံး ကာကွယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။