brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အိုမီခရွန်နဲ့ ဒယ်တာပေါင်းစပ်ထားတဲ့ ဗီဇပြောင်းပိုး တွေ့ရှိ

ကိုဗစ်နဲ့ ပတ်သက်ပြီး ပြောရရင် ပြီးခဲ့တဲ့ တတိယလှိုင်းတုန်းက ဖြစ်ခဲ့တဲ့ ဒယ်တာမျိုးကွဲ (ယူဆရ)က တော်တော်အသေအပျောက်များခဲ့ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများ အလူးအလဲ ခံလိုက်ရပါတယ်။ သိပ်မကြာခင်ကလည်း ပိုးရဲ့ နေရာတော်တော်တော်များများမှာ ဗီဇပြောင်းထားတဲ့ အိုမီခရွန်ဆိုတဲ့ ဗီဇပြောင်းပိုး မျိုးစိတ်ကို ထပ်တွေ့ပြီး ခုဆိုရင် လူနာတွေ တရိပ်ရိပ်တက်နေပါတယ်။

အိုမီခရွန်နဲ့ ဒယ်တာပေါင်းစပ်ထားတဲ့ ဗီဇပြောင်းပိုး တွေ့ရှိ

ကိုဗစ်က ဒါနဲ့တင် အားရတဲ့ပုံ မပေါ်ပါဘူး။ နောက်ထပ် ဗီဇပြောင်းပိုးအသစ် ထပ်ထွက်လာပါပြီ။ ဒီတစ်ခါမှာတော့ အိုမီခရွန်နဲ့ ဒယ်တာကို ပေါင်းထားတာပါတဲ့။

အိုမီခရွန်နဲ့ ဒယ်တာပေါင်းစပ်ထားတဲ့ ဗီဇပြောင်းပိုး တွေ့ရှိ

ပြီးခဲ့တဲ့ သောကြာနေ့ (ဇန်နဝါရီ ၆ရက်)က ဆိုက်ပရပ်စ်မှာ ဒယ်တာနဲ့ အိုမီခရွန် ပေါင်းစပ်ထားတဲ့ ဗီဇပြောင်းပိုးကို တွေ့ရှိခဲ့တယ်လို့ ဆိုက်ပရပ်စ် ဇီဝသိပ္ပံ တက္ကသိုလ်ရဲ့ ပါမောက္ခလည်းဖြစ်၊ Laboratory of Biotechnology and Molecular Virologyရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့ Leondios Kostrikis ကဆိုပါတယ်။

တစ်ယောက်တည်းမှာ အိုမီခရွန်ရော၊ ဒယ်တာရော ပေါင်းစပ် ကူးစက်ထားတာကို တွေ့ရှိခဲ့ရပြီး ဒါကို လက်ရှိမှာ “deltacron” လို့ နာမည်ပေးထားပါတယ်။ ဒီလိုပေးလိုက်ရတာက သူ့မှာ ဒယ်တာရဲ့ ကိုယ်ထဲမှာ အိုမီခရွန်ရဲ့ မျိုးဗီဇတွေ တွေ့နေရလို့ပါတဲ့။

လက်ရှိမှာ “deltacron” ကူးစက်ခံထားရတဲ့ လူနာပေါင်း ၂၅ယောက်ရှိပြီး သူတို့က ဆေးရုံတက်နေရတဲ့ သူတွေပဲ ဖြစ်ပါတယ်။ “deltacron” ကို ဆက်လက်စစ်ဆေးဖို့ GISAID လို့ခေါ်တဲ့ ဗိုင်းရပ်စ်တွေရဲ့ ဗီဇပြောင်းပုံကို လေ့လာတဲ့ အဖွဲ့အစည်းကို ပို့ထားပါတယ်။

အိုမီခရွန်နဲ့ ဒယ်တာပေါင်းစပ်ထားတဲ့ ဗီဇပြောင်းပိုး တွေ့ရှိ

ဗီဇပြောင်းပိုး Deltacron က ပိုဆိုးလာမှာလား။

ဒါကတော့ ပြောဖို့ အတော်စောပါသေးတယ်။ ပိုပြီးဆိုးမလား၊ ပိုပြီး ကူးစက်တာများမလားဆိုတာကို ဆက်လက်လေ့လာနေတုန်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့တစ်ကိုယ်စာ အမြင်အရတော့ ဒီဗီဇပြောင်းပိုးက လက်ရှိမှာ ကူးစက်မြန်နေတဲ့ အိုမီခရွန်ကို ကျော်တက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

ဘာလုပ်ကြမလဲ။

အမြဲတမ်း သတိပေးခဲ့တာ ဗိုင်းရပ်စ်က သူ့အလုပ်သူ လုပ်နေမှာပါ။ သူဆက်ပြီး ရှင်သန်ဖို့ ဗီဇတွေကို ခဏခဏ ပြောင်းနေဦးမှာပါ။ လူသားတွေဘက်ကလည်း ဗိုင်းရပ်စ်ကို အဝင်မခံဖို့

  • ကာကွယ်ဆေးတွေ အကြိမ်ပြည့်အောင် ထိုးတာ
  • တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းတွေ ဖြစ်တဲ့ လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ၊ လူစုလူဝေးရှောင်တာကို မမေ့မလျော့ လိုက်နာနေဖို့ လိုပါတယ်။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 01/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။