backup og meta

COVID-19အတွက် mask တပ်ရတော့မှာလား။

COVID-19 စဖြစ်ဖြစ်ချင်းတုန်းက maskကို ကျန်းမာရေးဝန်ထမ်းတွေ၊ နေမကောင်းတဲ့သူတွေ၊ သူတို့ကို အနီးကပ် စောင့်ရှောက်နေတဲ့ သူတွေ အဓိက တပ်သင့်တယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် မကြာသေးခင်က လေ့လာမှုတစ်ခုမှာ mask တပ်တဲ့ နိုင်ငံတွေနဲ့ မတပ်တဲ့ နိုင်ငံတွေ နှိုင်းယှဉ်လိုက်ရင် တပ်တဲ့နိုင်ငံတွေမှာ ရောဂါဖြစ်တဲ့သူ နည်းနေလို့ maskတွေ တပ်ပြီး တတ်နိုင်သမျှ ကာကွယ်ကြရအောင်လို့ နိုင်ငံတော်တော်များများက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တကယ်တော့ ဒီလို မထုတ်ပြန်ခင်ကတည်းက ဟိုးအရင် ရောဂါစဖြစ်နေချိန်မှာ ဒီ maskတွေကို အလုအယက်တွေ ဝယ်ကြတာ စျေးတွေတက်၊ ပစ္စည်းတွေပြတ်တဲ့အထိပါပဲ။ ဒါဆို  maskတွေ တပ်ကြရတော့မှာပေါ့။ ဒါပေမယ့် ပစ္စည်းတွေပြတ်၊ စျေးတွေတက်နေချိန်မှာ ဒီmaskပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြည့်ရအောင်။

COVID-19အတွက် mask တပ်ရတော့မှာလား။

ဘာ mask တွေလဲ။

လတ်တလောမှာ အသုံးများတဲ့ maskတွေက ၃မျိုးပါ။ N95ရယ်၊ surgical maskရယ်၊ အဝတ်maskရယ်ပေါ့။ အရင်တုန်းက အဝတ်maskက COVID-19ကို ကာကွယ်နိုင်စွမ်း တော်တော်နည်းတာကြောင့် မသုံးဖို့ ပြောခဲ့ကြပေမယ့် ခုလို ပစ္စည်းရှားပါးနေချိန်မှာ ဒါဟာ ရွေးချယ်စရာ တစ်ခု ဖြစ်လာပါတယ်။  စင်ကာပူမှာတောင် လူတစ်ယောက်ကို ပြန်လျော်သုံးလို့ရတဲ့ အဝတ် ကို တစ်ယောက် ၄ခုကျ ဝေပေးနေပါပြီ။

ဘယ်သူတွေ ဘာ mask တပ်မှာလဲ။

လတ်တလောမှာတော့ လူတိုင်းတပ်နိုင်ရင် ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူနှစ်ယောက် Physical distancingလုပ်ဖို့ ခက်ခဲတဲ့ အနေအထား တစ်ခုမှာ  နီးနီးကပ်ကပ်နေရှိနေခဲ့မယ်ဆိုရင် တစ်ယောက်က စကားပြောတာဖြစ်ဖြစ်၊ သီချင်းဆိုတာ ဖြစ်ဖြစ်၊ အော်ရယ်လိုက်တာ ဖြစ်ဖြစ် ထွက်လာတဲ့ အသက်ရှူလမ်းကြောင်းထဲက aerosolတွေကနေ တဆင့် နောက်တစ်ယောက်ကို ကူးနိုင်ချေ ရှိလို့ပါတဲ့။ သာမန်လူတွေကတော့ အဝတ်maskကို တပ်လို့ရပါတယ်။

CDCကတော့ သင့်မှာ ဘာလက္ခဏာမှမပြလည်း ရောဂါပိုးရှိနေရင် သူများကို ကူးနိုင်ပါတယ်။ ဆိုလိုတာက carrierပေါ့။ ဒါကြောင့် ခုချိန်မှာတော့ လူကြားထဲပဲ သွားသွား၊ ပစ္စည်းပဲ သွားယူယူ၊ စျေးပဲ သွားသွား အဝတ်maskကို တပ်သင့်ပါတယ်။ ကာမှ မကာကွယ်နိုင်တာ ဘာလို့တပ်ရမှာလဲဆိုရင် ဘာမှမရှိတာထက်စာရင် မျက်နှာကို တစ်ခုခုအုပ်ထားတာက ပိုပြီး စိတ်ချရပါတယ်။ နောက်ပြီး maskတပ်ထားတော့ မျက်နှာကို သိပ်မထိမိတော့ပါဘူး။

တတ်နိုင်ရင် ကျန်းမာရေးဝန်ထမ်းတွေအတွက် ထုတ်ထားတဲ့ N95နဲ့ surgical maskကို မသုံးစေချင်ပါဘူး။ သူတို့တွေအတွက် အဝတ်maskက ဘယ်လိုမှ အဆင်မပြေပါဘူး။ ခုလို ပစ္စည်းရှားပါးချိန်မှာ ရှေ့တန်းမှာ ရောဂါပိုးနဲ့ တကယ်ထိပ်တိုက်ရင်ဆိုင်နေရတဲ့ သူတို့အတွက် N9maskနဲ့ surgical maskအပြင် တခြားဟာ မသင့်တော်တာကြောင့် သူတို့အတွက် ချန်ကို ချန်ထားပေးရမှာပါ။ ဒါကြောင့် အဝတ်maskက သာမန်လူတွေအတွက် choiceတစ်ခု ဖြစ်လာတာပါ။

ကျန်းမာရေး ဝန်ထမ်းတွေကတော့ N95နဲ့ surgical maskက လွဲပြီး တခြားဟာ သုံးလို့မရပါဘူး။

ပြန်သုံးလို့ရလား။

ဒီနေရာမှာ maskတစ်ခုချင်းစီအကြောင်း အသေးစိတ်ပြန်ပြောရအောင်။

  • အဝတ်mask

တခြား အဝတ်တွေလိုပဲ ပြန်လျော်ပြီး သုံးလို့ရပါတယ်။ ရေနဲ့ ဆပ်ပြာ သုံးပြီးလျော်ပါ။ သုံးတဲ့ အကြိမ်အရေအတွက် မူတည်ပြီး ပြန်လျော်လို့ရပါတယ်။ အဝတ်စတွေ ပြဲသွားရင်၊ အပေါက်တွေ ကျယ်လာရင်၊ ဘေးနားက ကြိုးတွေ လျော့တိလျော့ရဲ ဖြစ်လာရင် အသစ်လဲပါ။ ဘာmaskကိုပဲ တပ်တပ် တတ်နိုင်သလောက် ယိုပေါက်မရှိအောင် တပ်ပါ။

  • N95 mask

တကယ်တော့ ဒီmaskတွေက တစ်ခါသုံးတွေပါ။ ပြန်သုံးလို့မရပါဘူး။ ဒီလိုကြပ်တည်းတဲ့ ကာလမို့လို့သာ ပြန်သုံးဖို့ စဉ်းစားကြတာပါ။ ဒီနေရာမှာ တစ်ခုတည်းကို အကြာကြီး သုံးမလား (Extended use)နဲ့ ပြန်သုံးမလား (Reuse) ဆိုပြီး ရှိပါတယ်။ ပြန်သုံးမယ်ဆိုရင်လည်း ဘယ်နှခါ ပြန်သုံးမှာလည်းက ကန့်သတ်ချက်ရှိပါတယ်။

-Extended use

တစ်ခုတည်းကို အကြာကြီး သုံးတာက ပြန်သုံးတာထက် ရောဂါကူးနိုင်ချေ ပိုနည်းပါတယ်။ ဒီလိုသုံးဖို့အတွက် maskက ကိုယ့်မျက်နှာမှာ ကွက်တိ ကာနိုင်ရမယ်။ ပိုးတွေကို စစ်ထုတ်ပေးနိုင်ရပါမယ်။ အရင်လေ့လာချက်တွေအရ ၈နာရီလောက် ဆက်တိုက်တပ်ထားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သွေးတွေ၊ အချွဲတွေ ပေသွားရင်၊ ထမင်းစားနားရင်၊ အိမ်သာသွားရင်တော့ ချွတ်ပစ်ရမှာပါ။

-Reuse

ပြန်သုံးနိုင်တယ်ဆိုပေမယ့် ဘယ်နှခါပြန်သုံးနိုင်လဲ ဆိုတာတော့ မသိရသေးပါဘူး။ သုံးမယ်ဆိုရင် တတ်နိုင်သမျှ မညစ်ပတ်အောင် ထားရမှာပါ။ ဥပမာ ရှေ့ကနေ face shieldခံပြီး သုံးတာဖြစ်ဖြစ်ပေါ့။ နောက်ပြီး ပြန်သုံးမယ်ဆိုရင် တစ်ခုတည်းကို ပြန်ပြန်သုံးတာထက် အပိုထားပြီး လှည့်သုံးတာ ပိုကောင်းပါတယ်။ ဒီဗိုင်းရပ်စ်က ပလတ်စတစ်တို့၊ သံထည်ပစ္စည်းတို့ ပေါ်မှာ ၃ရက်ကနေ ၅ရက်အထိ နေနိုင်တဲ့ အတွက် အနည်းဆုံး ၅ခုလောက် ဝယ်ပြီး လှည့်သုံးပါ။

သုံးပြီးသားတွေကို လေဝင်လေထွက်ကောင်းပြီး သန့်ရှင်းတဲ့ နေရာမှာ သိမ်းပါ။ ဥပမာ စက္ကူအိတ်လိုမျိုးပေါ့။ တစ်ခုနဲ့ တစ်ခု သီးသန့်ခွဲသိမ်းပါ။ သိမ်းတဲ့ နေရာကိုလည်း မကြာခဏ သန့်ရှင်းရေးလုပ်ပါ။

  • Surgical mask

Surgical maskက N95 maskလောက် ကာကွယ်မပေးနိုင်ပေမယ့် တစ်ခုခုလာစင်တာမျိုး၊ ချောင်းဆိုး နှာချေလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကနေတော့ ကာကွယ်နိုင်ပါတယ်။ သူ့ကိုလည်း ပြန်သုံးမယ်ဆိုရင် မပေကျံအောင် ဂရုစိုက်ပါ။ ဒီmaskက ရေလျှော်လို့ မရပါဘူး။ သုံးရင်းနဲ့ စိုထိုင်းလာတယ်ဆိုရင် လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ အခြောက်လှန်းပါ။ ရွဲသွားပြီး ကိုယ့်မျက်နှာနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ mask တွေကို ပြန်မသုံးပါနဲ့။

အနှစ်ချုပ်

  •  အပြင်သွားတိုင်း maskတပ်ပါ။ သာမန်လူတွေက ဘာမှမရှိရင်တောင် အဝတ်maskလောက်တပ်ပါ။ ကျန်းမာရေးဝန်ထမ်းတွေက N95mask ဒါမှမဟုတ် surgical maskမှ အဆင်ပြေမှာမို့လို့ သူတို့တွေကို ဦးစားပေးပါ။
  • ဘာ maskပဲ ဖြစ်ဖြစ် ကိုယ့်မျက်နှာနဲ့ အံဝင်ခွင်ကျ မဖြစ်ရင် အသစ်လဲပါ။
  • mask တပ်ထားရုံနဲ့ ရောဂါကို အပြည့်အဝ မကာကွယ်နိုင်ပါဘူး။ ခုထက်ထိ လက်ဆေးတာ၊ physical distancingလုပ်တာ၊ အိမ်မှာနေတာတွေက ရောဂါကာကွယ်ရေးရဲ့ ထိပ်ဆုံးနည်းလမ်းတွေ ဖြစ်နေတုန်းပါပဲ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[covid_19]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/niosh/topics/hcwcontrols/recommendedguidanceextuse.html

https://www.cdc.gov/coronavirus/2019-ncov/hcp/ppe-strategy/face-masks.html

https://www.cdc.gov/coronavirus/2019-ncov/prevent-getting-sick/prevention.html

https://www.cdc.gov/coronavirus/2019-ncov/prevent-getting-sick/diy-cloth-face-coverings.html

 

ယခုပုံစံ

14/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တီဘီ ကာကွယ်ဆေးကCOVID-19အတွက်အဖြေတစ်ခုဖြစ်လာမလား။

အဝတ်အစားတွေပေါ် ရောဂါပိုး မကပ်ငြိစေဖို့ဆိုရင်



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ