လူတော်တော်များများက ကိုဗစ်ကို မဖြစ်အောင် ကာကွယ်ကြပေမယ့် ကူးစက်မှုတွေ မြင့်တက်လာတာ ကူးစက်နှုန်းတွေ မြန်လာတာကြောင့် ကိုဗစ်ကို ခံစားရသူ အရေအတွက်ကလည်း တိုးလာပါတယ်။ ကိုဗစ် ကူးစက်ခံရတဲ့အခါ ရောဂါ ပြင်းထန်တဲ့အလျောက် ကိုယ်တွင်းမှာ ရောင်ရမ်းမှုတွေ ကို ခံစားရပါတယ်။ ဒါကို ကိုဗစ်ကြောင့် ရောင်ရမ်းမှု လို့ ခေါ်ပါတယ်။ ဒီလို ရောင်ရမ်းမှုတွေက အသက်ရှူရခက်စေပြီး အဆုတ်ကို ရေရှည် ထိခိုက်သွားတာမျိုး ဖြစ်စေနိုင်ကလို အခန့်မသင့်ရင် သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ဒီလို အခြေအနေမှာ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို လျှော့ချဖို့နဲ့ ပြန်လည် ကျန်းမာလာစေဖို့အတွက် အချို့သော အစားအစာတွေကို စားသုံးပေးဖို့ လိုပါမယ်။ ဒီလို စားသုံးမှုက ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို လျော့ကျစေပြီး မြန်မြန် နလန်ထစေဖို့ ထောက်ကူပေးနိုင်မှာပါ။
ရောင်ရမ်းမှုကို သက်သာစေဖို့ စားပေးသင့်တဲ့ အစားအစာတွေ ရှိနေသလို ရောင်ရမ်းမှုကို ပိုဆိုးစေနိုင်တာကြောင့် ရှောင်ရမယ့် အစားအစာတွေလည်း ရှိပါတယ်။ ဒါတွေကတော့ သကြားပါဝင်မှု များတဲ့ အစားအစာတွေ၊ အချိုရည်တွေ၊ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ၊ အနီရောင် အသား စတာတွေပါ။
ကိုဗစ်ကြောင့် ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါ သက်သာစေဖို့ ဒါလေးတွေကို စားပေးဖို့ လိုပါမယ်။
ဟင်းနုနွယ်မှာ ဗီတာမင် K၊ ဗီတာမင် A၊ ဗီတာမင် E၊ ကာရိုတီးနွိုက်၊ အမျှင်ဓာတ် နဲ့ အခြား phytochemicals တွေ ပါဝင်နေပါတယ်။ ဟင်းနုနွယ်က အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိပြီး အစိမ်းကို ဆားရည်စိမ်လို့ စားလို့ရသလို၊ ဖျော်ရည်လုပ်သောက်တာ၊ ကြော်စားတာမျိုးလည်း စားပေးလို့ ရပါတယ်။ ဟင်းနုနွယ်မှာပါတဲ့ သဘာဝ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေက ခန္ဓာကိုယ်က ရောင်ရမ်းမှုတွေကို ကျစေနိုင်ပါတယ်။
ဘလူးဘယ်ရီသီးတွေ၊ boysenberries၊ ခရမ်ဘယ်ရီသီး၊ သလဲသီး၊ ချယ်ရီသီး၊ ရက်စ်ဘယ်ရီသီးနဲ့ အခြားသော ဘယ်ရီသီးတွေက ကိုယ်ခံအားကို ကောင်းစေပြီး အရောင်ကျစေနိုင်ပါတယ်။ သကြားထပ်ထည့် မစားမိဖို့တော့ လိုပါမယ်။ အကြောင်းက သကြားက ရောင်ရမ်းမှုကို ဖြစ်စေနိုင်လို့ပါ။
ဘယ်ရီသီး အများစုမှာanthocyanins လို့ခေါ်တဲ့ အရောင်ကျစေနိုင်တဲ့ ခရမ်းပြာရောင်ခြယ်လေး ပါဝင်နေပါတယ်။ ဘလူးဘယ်ရီသီးမှာ အရောင်ကျစေနိုင်တဲ့ pterostilbene လို့ခေါ်တဲ့ potent antioxidants ပါဝင်နေပါတယ်။
သစ်ကြားသီး၊ အယ်လ်မွန်စေ့၊ pistachios နဲ့ အခြား အစေ့အဆန်တွေက ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ခန္ဓာကိုယ်အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို ထောက်ပံ့ပေးနိုင်ပါတယ်။ အကောင်းဆုံး ထိရောက်စေဖို့ဆိုရင် ဆားထည့် မစားမိဖို့ပါ။ နှမ်းကြတ်စေ့၊ ချီယာစေ့တို့ကလည်း အရောင်ကျစေနိုင်ပါတယ်။
နနွင်းမှာ အရောင်ကျစေနိုင်ပြီး ဘက်တီးရီးယားတွေကို သေစေနိုင်သလို ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ polyphenol curcumin ပါဝင်နေပါတယ်။ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်သလို ကင်ဆာ ခံစားနေရသူတွေမှာလည်း အကျိတ်တွေ မပွားစေဖို့ ထောက်ကူပေးပါတယ်။
ထောပတ်သီးမှာ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် ပါဝင်နေပါတယ်။ အရေပြား ရောင်ရမ်းမှုကို သက်သာစေနိုက်သလို အဆစ်တွေ နာကျင်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဖျားနာမှုကို သက်သာစေနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။
ဒီအစားအစာတွေက အရောင်ကျစေနိုင်ပြီး ကျန်းမာရေး ကောင်းစေတယ်ဆိုပေမယ့် ကိုဗစ်ခံစားနေသူ ဖြစ်မယ်ဆိုရင် နည်းနည်းချင်းစီ စမ်းကျွေးတာက အကောင်းဆုံး ဖြစ်မှာပါ။ ဒါမှ ဘေးထွက်ဆိုးကျိုး မရှိဘဲ ကျန်းမာရေးကို တဖြည်းဖြည်း ကောင်းလာစေမှာပါ။
ကိုဗစ်ကြောင့် ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါ ဒါလေးတွေကို စားသုံးပေးလို့ ရပါတယ်။