brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးတွေမှာ အဖြစ်များတဲ့ Omicron

ကလေးတွေမှာ အဖြစ်များတဲ့ Omicron

ကလေးတွေမှာ အဖြစ်များတဲ့ Omicron

လက်ရှိ စင်ကာပူနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ Covid -19 ကူးစက်မှုက အသက် ၅ နှစ်ကနေ ၁၁ ကြား ကလေးတွေမှာ အမြင့်ဆုံး ဖြစ်နေပါတယ်။

အကြောင်းကတော့ အခုလက်ရှိမှာ ဖြစ်ပွားနေတဲ့ Omicron က Delta ထက် ကလေးတွေမှာ ပိုပြီး ကူးစက်နေတာကြောင့်ပါ။ လက်ရှိမှာ Omicron ကူးစက်မှုက အယောက် ၁၀၀၀၀၀ မှာ ၆၇ ယောက်က အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေမှာဖြစ်ပြီး ၁၀၀၀၀၀ မှာ ၅၅ ဦးက အသက် ၁၂ နှစ်ကနေ ၁၉ နှစ်ကြား ကလေးတွေ ဖြစ်ကြပါတယ်။

ဒီအခြေအနေက Delta နဲ့ Omicron တို့ကြားက ကွာခြားချက်ပါ။ လက်ရှိမှာ Omicron ကူးစက်နှုန်းက လူကြီးတွေမှာထက် ကလေးတွေမှာ ပိုများနေပါတယ်။

လူကြီးတွေက ကာကွယ်ဆေးတွေနဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးနှံတာကြောင့် ကူးစက်မှု အရမ်းမများတာလားဆိုတာကို အသေးစိတ် သိရှိနိုင်ဖို့ လေ့လာမှုတွေ လုပ်ဆောင်နေကြပါတယ်။

ကလေးတွေမှာ ဘယ်အရွယ်ဆို ကာကွယ်ဆေး ထိုးလို့ ရပြီလဲ။

ကလေးတွေမှာ အဖြစ်များတဲ့ Omicron

ကလေးတွေမှာ အသက် ၁၂ နှစ်ပြည့်ပြီဆိုရင် ကာကွယ်ဆေး ထိုးလို့ ရပါပြီ။ ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီး ၂၈ ရက်အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေးကို ထိုးနှံလို့ ရပါပြီ။ ကလေးတွေကို ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့တော့ ညွှန်ကြားထားတာမျိုး မရှိပါဘူး။

(၁၂နှစ် ဆိုတာ နိုင်ငံအလိုက် သတ်မှတ်ချက်ဖြစ်တာကြောင့် ကာကွယ်ဆေး မထိုးခင်မှာ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။)

ကလေးတွေမှာကိုဗစ်ကူးစက်မှု ဖြစ်တဲ့အခါ

အရမ်းငယ်လွန်းတဲ့ ကလေးတွေ အပါအဝင် ကလေးအများစုမှာ ကိုဗစ် ကူးစက်ခံရတဲ့အခါ အများစုက လက္ခဏာ မပြကြပါဘူး။ အချို့ ကလေးတွေမှာ ဖျားတာ၊ ခြေကုန်လက်ပမ်းကျတာ၊ ချောင်းဆိုးတာလိုမျိုး သိပ်မပြင်းထန်တဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ အချို့ ကလေးလေးတွေမှာတော့ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ကျန်းမာရေး လက္ခဏာတွေကိုပဲ တွေ့ရပါတယ်။ ဒါကလည်း တော်တော်လေး တွေ့ရခဲပါတယ်။ ရောဂါအခံရှိတဲ့ ကလေးတွေမှာတော့ ပြင်းပြင်းထန်ထန် ခံစားရပါတယ်။

ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေအနေနဲ့ နှလုံး နဲ့ ခန္ဓာကိုယ်က အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်တာနဲ့ အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ multisystem inflammatory syndrome in children (MIS-C)ကို ခံစားကြရပါတယ်။ ဒီ လက္ခဏာကို နှလုံး၊ အဆုတ်၊ ကျောက်ကပ်တွေ၊ ဦးနှောက်၊ အရေပြား၊ မျက်လုံးတွေနဲ့ အစာခြေစနစ်တွေမှာ ခံစားရနိုင်ပါတယ်။

MIS-C ရဲ့ လက္ခဏာတွေအနေနဲ့

  • အဖျား ရက်ရှည်နေတာ
  • အဖုအပိမ့်တွေ ထွက်တာ
  • မျက်ဖြူသားတွေ နီမြန်းတာ
  • ဗိုက်အောင့်တာ
  • အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ
  • လည်ပင်းမှာရှိတဲ့ ပြန်ရည်ကျိတ်တွေ ရောင်တာ၊ ကြီးတာ
  • ဇက်ကြောနာတာ
  • နှုတ်ခမ်းတွေ နီတာ၊ ကွဲတာ
  • လျှာတွေက ပုံမှန် မဟုတ်ဘဲ ရဲနေတာ
  • ခြေလက်တွေ ရောင်တာ
  • အိပ်စက်မှု ပုံမှန် မဟုတ်တာ
  • အားနည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ကလေးတွေကို Omicron ကနေ ကာကွယ်ဖို့ ဘယ်လို ဂရုစိုက်ပေးရမလဲ။

Omicron က ကလေးတွေမှာအဖြစ်များလာတာကြောင့် ကလေးတွေကို ရောဂါမကူးစက်အောင် ကာကွယ်ဖို့ဆိုရင်

ကလေးတွေမှာအဖြစ်များတယ်ဆိုတော့ ချစ်ရတဲ့ သားသားမီးမီးတွေကို သေချာ ဂရုတစိုက်လေးနဲ့ Omicron ကင်းဝေးအောင် ကာကွယ်ပေးစို့နော်။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။