Yawn to a smile
ဒီလေ့ကျင့်ခန်းက ရင်ဘတ် ကြွက်သားတွေကို ဖွင့်ထုတ်ပြီး လေ့ကျင့်ရတာဖြစ်တာကြောင့် ရင်ဝမ်းခြားမြှေးကို ပြည့်ပြည့်ဝဝ ပြန့်ကားစေပြီး အောက်ဆီဂျင် စီးဆင်းမှုကို ထိန်းချုပ်ပေးပါတယ်။
ဒီလေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့အတွက်
- ခါးကို ဆန့်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပါ။
- လက်တွေကို ဆန့်တန်းပြီး ပခုံးပေါ်ကို မြှောက်ပါ။
- ပြီးရင် ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်ကျယ် ဖွင့်ပြီး သန်းသလိုမျိုး လုပ်ပေးပါ။
- ပြီးရင် လက်တွေကို ဘေးဘက်ကို ပြန်ချရင်း ပါးစပ်ကို သန်းနေရာကနေ ပြုံးတဲ့ အမူအရာ လုပ်ပေးပါ။
Pranayama
ဒီလေ့ကျင့်ခန်းက အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေနိုင်တဲ့ လေ့ကျင့်ခန်းပါ။ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သလို အသက်ရှူတာကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေကို ပြေလျော့ သက်သာစေနိုင်ပါတယ်။
ဒီလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် အရေးအကြီးဆုံးက ဘာမှ မစားထားဖို့ပါ။ ဒီလေ့ကျင့်ခန်း လုပ်ဖို့အတွက်