backup og meta

COVID-19 က လေထဲကတဆင့် ကူးစက်နေပြီလား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ဟာ COVID-19 ဖြစ်ပွားခဲ့တဲ့ ကာလတစ်လျှောက်လုံး ဒီရောဂါပိုးဟာ လေထဲကနေတစ်ဆင့် ကူးစက်နိုင်တယ် (Airborne Virus) ဆိုတဲ့အချက်ကို လက်ခံခြင်းမရှိပဲ တင်းခံနေခဲ့ပါတယ်။

COVID-19 က လေထဲကတဆင့် ကူးစက်နေပြီလား

လက်ရှိအချိန်မှာတော့ ဆေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်ပေါင်းများစွာရဲ့ ဖိအားပေးတောင်းဆိုမှုကြောင့် အဆိုပါအချက်ကို လက်ခံလိုက်ပြီလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ နိုင်ငံပေါင်း ၃၂ နိုင်ငံက ထိပ်တန်းသိပ္ပံပညာရှင် ၂၃၉ ယောက်တို့က Clinical Infectious Diseases ဆေးပညာဂျာနယ်ကနေတဆင့် ဂျနီဗာအခြေစိုက် ကမ္ဘာ့အရေးအပါဆုံး ကျန်းမာရေးအဖွဲ့အစည်းကြီးဆီကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာပါ။

အခုနောက်ဆုံး WHO က ပြောဆိုလာတဲ့ အချက်အရဆိုရင် COVID-19 ဟာ လေထဲကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိလာရပြီလို့ ဆိုထားပါတယ်။

COVID-19 ဟာ လေထဲကနေ ကူးသလား

ကူးစက်ခံရသူပေါင်း ၁၂ သန်းကျော်သွားပြီဖြစ်တဲ့ COVID-19 ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပေမယ့် လေထဲကနေ ကူးစက်နိုင်ခြင်းရှိမရှိ ပညာရှင်တွေအကြား အချိန်အတော်ကြာ အငြင်းပွားနေခဲ့ကြပါတယ်။

လက်ရှိ သေဆုံးသူပေါင်းက ၅ သိန်းခွဲကျော်လွန်လာနေချိန်မှာမှ ဒီရောဂါပိုးဟာ လေထဲကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ အချက်ကို သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေက တရားဝင် လက်ခံခဲ့ကြတာပါ။

ခုချိန်မှာတော့ ဒီရောဂါပိုးဟာ လေထဲကနေတဆင့် ကူးစက်ပျံ့နှံ့နိုင်ခြေရှိတယ်လို့ WHO က တရားဝင်စတင်ပြောဆိုခဲ့ပြီဖြစ်ပါတယ်။

“ကျွန်မတို့ ပြောချင်တာက COVID-19 ဟာ လေထဲကနေတဆင့် ကူးစက်ပျံနှံ့နိုင်ခြေရှိနေပြီး ဒီနည်းလမ်းဟာ ရောဂါပိုးကူးစက်နိုင်တဲ့ လက္ခဏာတွေထဲက တစ်ရပ်ဖြစ်ပါတယ်” လို့ WHO ရဲ့ နည်းစနစ်ပိုင်းအရာရှိချုပ် မာရီယာ ဗန်ခါ့ခ်ဟိုဗ်က နောက်ဆုံးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသိပေးပြောဆိုထားပါတယ်။

အစောပိုင်းကာလတွေတုန်းကတော့ WHO ဘက်က ဒီအချက်ကို လက်မခံခဲ့ပါဘူး။ COVID-19 က နှာချေ ချောင်းဆိုးလို့ ထွက်တဲ့ အမှုန်အမွှားတွေ၊ ဒီအမှုန်အမွှားတွေ ကပ်နေတဲ့ ပစ္စည်းကနေတဆင့် မျက်နှာနဲ့ ပါးစပ်ကို ထိကိုင်မှုတွေ၊ လူအချင်းချင်းထိတွေ့မှုတွေဟာ ရောဂါအဓိက ကူးစက်စေတဲ့ အကြောင်းအရင်းလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

လေထဲက ကူးစက်မှုကို ဘယ်လိုကာကွယ်ကြမလဲ

WHO ကတော့ တစ်လက်စတည်း လူတစ်ဦးနဲ့ တစ်ဦးအကြား ၁ မီတာ (၃ ဒဿမ ၃ ပေ) ကနေ ၂ မီတာ (၆ ဒဿမ ၆) အထိခြားပြီးနေထိုင်ဖို့၊ Social Distancing နဲ့ Physical Distancing တွေပြုလုပ်ကာနေထိုင်ကြဖို့တွေကို တိုက်တွန်းထားပါတယ်။

ဗိုင်းရပ်စ်ရဲ့ အရွယ်အစားက 0.1 micron သာသာ လောက်ပဲ ရှိတာပါ။ နှာချေ ချောင်းဆိုးလိုက်လို့ ထွက်လာတဲ့ အမှုန်တွေ၊ အရည်တွေ ပေါင်းသွားတဲ့ အခါကျတော့ 5-10micron လောက်ဖြစ်သွားမှာဖြစ်ပါတယ်။

နှာချေ၊ ချောင်းဆိုးတာတွေပြုလုပ်ချိန်မှာ ဒီဗိုင်းရပ်စ်ပါဝင်တဲ့ အမှုန်အမွှားတွေဟာ ၁ မီတာဝန်းကျင်လောက် လွင့်စင်သွားနိုင်ပါတယ်။ ဒီအကွာအဝေးကိုကျော်လွန်ရင်တော့ အောက်ကို ပြုတ်ကျသွားမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က အကာအကွယ်မဲ့ ချောင်းဆိုး၊ နှာချေမယ်ဆိုရင် ၁ မီတာ အတွင်းက လူတွေဆီကို ရောဂါကူးနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၃ ပေ ခွာနေဖို့ ဒါကြောင့် လိုအပ်တာပါ။

ဒါကြောင့် လေထဲကနေတဆင့် ကိုယ့်ဆီကို COVID-19 ကူးစက်မလာဖို့ဆိုရင်

  • ဘယ်သွားသွား မျက်နှာကို Mask တပ်ဆင်သွားဖို့ လိုအပ်ပါတယ်။
  • အောက်ကိုပြုတ်ကျတဲ့ အမှုန်အမွှားတွေကို မတော်တဆ ကိုင်တွယ်မိနိုင်တာမို့ လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင် မကြာခဏ စနစ်တကျဆေးဖို့ လိုအပ်ပါမယ်။
  • ရေနဲ့ ဆပ်ပြာ အလွယ်တကူမရနိုင်ရင် အယ်လ်ကိုဟော ၇၀% နဲ့အထက်ပါရှိတဲ့ လက်သန့်ဆေးရည်နဲ့ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။
  • နေအိမ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် Social Distancing လုပ်ပါ။
  • တတ်နိုင်သမျှ အိမ်မှာပဲ နေပါ။
  • မျက်စိ၊ ပါးစပ်နဲ့ နှာခေါင်းကို လက်နဲ့ မကြာခဏ မပွတ်ပါနဲ့။
  • နှာချေ ချောင်းဆိုးရင် တံတောင်ကွေးထဲ အုပ်ဆိုးတာမျိုး၊ တစ်ရှူးနဲ့ အုပ်တာမျိုး ပြုလုပ်ပါ။

ဒီနည်းလမ်းတွေက COVID-19 ကို ကာကွယ်ရာမှာ ကောင်းမွန်စွာ အထောက်အကူဖြစ်စေပါလိမ့်မယ်။

[covid_19]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://uk.reuters.com/article/us-health-coronavirus-who-airborne/who-acknowledges-emerging-evidence-of-airborne-spread-of-covid-19-idUKKBN2482AU

https://www.worldometers.info/coronavirus/

https://www.who.int/emergencies/diseases/novel-coronavirus-2019/question-and-answers-hub/q-a-detail/q-a-coronaviruses

https://www.bbc.com/news/world-53329946

https://edition.cnn.com/2020/07/08/health/airborne-transmission-of-coronavirus-who/index.html

ယခုပုံစံ

15/07/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုသမားတွေ အရင်ကထက် ပိုပြီး သတိထားရတော့မယ့် COVID-19

COVID-19 နဲ့ ပတ်သက်ရင် အစိုးရိမ်ရဆုံး လူအုပ်စု (၇) ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ