အရင်ထဲက တို့ဆီက လူတွေက စည်းကမ်းနဲ့ ပတ်သတ်ရင် အားနည်းကြတယ်။ ပြောရတာလည်း အားနာပါတယ်။ ခုလို အိမ်ထဲက အိမ်ပြင် မထွက်ကြတဲ့ အချိန်မှာသာ လမ်းမပေါ်မှာ အမှိုက်တွေ နည်းသွားတာ၊ အရင်တုန်းက ဆိုရင်တော့ အမှိုက်တွေ လမ်းမမှာ အများကြီးပါပဲ။ အမှိုက်တွေပဲလား ဆိုတော့ ကွမ်းတံတွေးတွေ၊ တံတွေး သလိပ်တွေပါ အဆစ်ပါပါသေးတယ်။ အရင်တုန်းကတော့ မသိချင်ယောင်ဆောင်လို့ ရပေမယ့် ခုတော့ အရေးတယူ ပြောမှ ရတော့မှာပါ။ ဘာလို့လဲ ဆိုတော့ ခုဖြစ်နေတဲ့ COVID-19က တံတွေးတွေကနေတစ်ဆင့် ကူးနိုင်တယ်လေ။
- ဒါ့ကြောင့် ဒီကာလမှာ အပြင်ရောက်တုန်း တံတွေးထွေးတော့မယ်ဆိုရင် တစ်ရှူးထူထူ ဒါမှမဟုတ် ကျွတ်ကျွတ်အိတ်ထဲ ထည့်ထွေးပြီး အမှိုက်ပုံးထဲကို သေချာ စွန့်ပစ်ပါ။ အရင်လို လမ်းပေါ်မှာ ဒီတိုင်း မထွေးချပါနဲ့တော့။ ကွမ်းတံတွေးလည်း တူတူပါပဲ။ တတ်နိုင်ရင် ဒီကာလမှာ ကွမ်းယာ မစားပါနဲ့။
- နှာရည်၊ တံတွေး၊ သလိပ်၊ ကွမ်းတံတွေး စသဖြင့် အညစ်အကြေးတွေ ပေကျံနေတဲ့ အသုံးပြုပြီး တစ်ရှူးတွေ၊ နှာခေါင်းစည်းတွေကို အဖုံးပါတဲ့ အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ။
- ပြီးရင် လက်ဆေးပါ။ ဒါတွေကို စည်းကမ်းမဲ့ စွန့်ပစ်ပြီး ဒီပစ္စည်းတွေကို ထိထားတဲ့လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိလိုက်မယ်ဆိုရင် ရောဂါပိုးကူးနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။