Wormseed ဟာ ဆေးဖက်ဝင်သစ်ဥသစ်ဖုတမျိုးဖြစ်ပြီး အပွင့်တွေကို ဆေးဝါးအဖြစ် အသုံးပြုပါတယ်။ အူလမ်းကြောင်းမှာ သန်ကောင်၊တုပ်ကောင် တွေတွယ်ခြင်းကို ကုသဖို့အတွက် အများဆုံးအသုံးပြုပါတယ်။
Wormseed ကို အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုနိုင်သေးတာမို့ အသေးစိတ်သိရှိလိုတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် သဘာဝဆေးဖက်ဝင်အပင် ကျွမ်းကျင်သူတွေကို မေးမြန်းနိုင်ပါတယ်။
ယခု ဆေးဖက်ဝင်အပင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရှိနိုင်ဖို့အတွက် လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါ။ အသေးစိတ် ထပ်မံသိရှိဖို့အတွက် ဆရာဝန် ဒါမှမဟုတ် သဘာဝဆေးဖက်ဝင်ပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူကို မေးမြန်းပါ။
ဒါပေမယ့် wormseed မှာပါဝင်တဲ့ ဓါတ်ပစ္စည်းတမျိုးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကပ်ပါးကောင်အဖြစ် ကပ်တွယ်ပြီးနေထိုင်တဲ့ သန်ကောင်၊တုပ်ကောင်တွေကို သေစေနိုင်တယ်လို့ လေ့လာမှုအချို့အရ သိရှိရပါတယ်။
အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။
သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ အဘယ်ကြောင့်ဆိုသော်
ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ ဆေးကို အသုံးမပြုခင်မှာ ကောင်းကျိုးဆိုးပြစ်တွေကို သေချာစွာ ချိန်ဆရပါမယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ထံ မေးမြန်းနိုင်ပါတယ်။
ကလေးများတွင် :
Wormseed ကို ကလေးတွေမှာ လိမ်းဆေးအဖြစ်ပဲ အသုံးပြုသင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန် :
Wormseed ဟာ အဆိပ်အတောက်အရမ်းပြင်းတာမို့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ အသုံးမပြုသင့်ပါဘူး။
wormseed တဆယ်ဂရမ်တောင် မရှိတဲ့ ပမာဏကို စားသုံးမိတဲ့အတွက် အသက်ဆုံးရှုံးသွားသူတွေ ရှိပါတယ်။ သံကောင်၊တုပ်ကောင်တွေကို ကုသဖို့အတွက် wormseed ကို အသုံးပြုတဲ့နေရာမှာ ပမာဏအနည်းငယ်လေးနဲ့တောင် အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အဆိုပါလက္ခဏာတွေက
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
wormseed ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ ဒါမှမဟုတ် လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်တဲ့အတွက် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ်။wormseed ဟာ ကင်ဆာဆေးတွေ၊မှိုစွဲရောဂါကို ကုသသောဆေးတွေ ဒါမှမဟုတ် သံကောင်၊တုပ်ကောင်တွေကို ကုသတဲ့ အခြားသော ဆေးတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
wormseed ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။
အူလမ်းကြောင်းမှာရှိတဲ့ သန်ကောင်တွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် :
ကလေးများတွင် : ဝ.၃ – ဝ.၆ စီစီကို အစာမစားခင် သောက်ရပါမယ်။ ဆေးသောက်ပြီး နှစ်နာရီလောက်အကြာမှာ ဝမ်းနှုတ်ဆေးတခုခု သောက်ရမှာ ဖြစ်ပါတယ် (ဥပမာ ကြက်ဆူဆီ)။ နောက်ထပ် ဆယ်ရက်အကြာမှာ ဒါမျိုးတခါ ထပ်သောက်ရပါမယ်။
အရွယ်ရောက်ပြီးသူတွေမှာ (အသက် ၁၈နှစ်နှင့်အထက်) :
လူတယောက်နဲ့ တယောက် သုံးစွဲရမယ့် ဆေးပမာဏက တူချင်မှ တူမှာ ဖြစ်ပါတယ်။ သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့ အခြားရောဂါတွေ ရှိမရှိပေါ်ကို မူတည်ပြီး ဆေးပမာဏ ကွာခြားပါလိမ့်မယ်။ ဒီဖြည့်စွက်အားဆေးတွေဟာ အမြဲတမ်းလုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သင့်လျော်တဲ့ ဆေးပမာဏကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးရပါမယ်။
အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။
တင်ချာ၊ အရည်ပုံစံ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ