အများစုက ဖရဲသီးရဲ့ အရည်ရွှမ်းပြီး ချိုမြတဲ့အသားကိုပဲ စားကြပါတယ်။ ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်း စားလို့ရပါတယ်တဲ့။ ဖရဲသီးအခွံက သင့်ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံက အကျိုးပြုနေလို့ပါပဲ။
အများစုက ဖရဲသီးရဲ့ အရည်ရွှမ်းပြီး ချိုမြတဲ့အသားကိုပဲ စားကြပါတယ်။ ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်း စားလို့ရပါတယ်တဲ့။ ဖရဲသီးအခွံက သင့်ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံက အကျိုးပြုနေလို့ပါပဲ။


ဖရဲသီး အသားမှာလိုပဲ အခွံမှာ ရေ ဓာတ် အပြည့်အဝ ပါဝင်ပါတယ်။ သည် လိုရေဓါတ် ပါဝင်လို့လည်း ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်စွမ်းကို ပိုကောင်းစေတာပါ။ ဒါ့အပြင် ရေဓါတ်အလုံအလောက်ရရှိ မှုကြောင့် သွေးတိုးကိုလည်းကျစေဖို့ အထောက်ကူပေးပါတယ်။
ဖရဲခွံသားက ဗီတာမင်C ၊ B6 နဲ့ A တို့ ပြည့်ဝစွာပါဝင်တဲ့အပြင် ပိုတက်စီယမ်နဲ့ ဇင့်တို့ကိုလည်း ပမာဏအတန်အသင့်ရရှိ နိုင်ပါတယ်။
ဗီတာမင် စီပါဝင်လို့ free radical ကြောင့်ထိခိုက်ပျက်စီးမှုတွေကို ခုခံနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။

ဖရဲခွံမှာပါတဲ့ ပိုတက်စီယမ်ဟာ ကျောက်ကပ်ထဲက အက်စစ်ပမာဏကို ထိန်းညှိ၊ ထိန်း သိမ်း ပေး တာ ဖြစ် လို့ ကျောက် ကပ်ကျန်းမာရေးအတွက် အကျိုးများစေပါတယ်။ ရေဓါတ်ပါဝင်မှုကြောင့် ကျောက်ကပ်မှာတည်နေတဲ့ ကျောက်တွေကို ကြေကျစေပါတယ်။
ဗီတာမင်C ပါဝင်မှုကြောင့် diet လုပ်၊ ဝိတ်ချနေသူတွေအတွက် အထောက် အကူဖြစ်စေပြီး အမျှင်ဓါတ်ကြောင့် အချိန်အတော်ကြာ ဗိုက်ပြည့်နေစေမှာ ဖြစ်ပါ တယ်။
ဖရဲသီးခွံမှာပါတဲ့ lycopene ဓါတ်က အဆစ်ရောင် နာကျင်ကိုက်ခဲမှုတွေမှာ ဖြစ်တတ်တဲ့ရောင်ရမ်းမှုဝေဒနာကို လျော့ကျ စေပါတယ်။ ဖရဲသီးခွံမှာ မျက်စိကျန်းမာရေးအတွက်ကောင်းတဲ့ beta carotene ဓါတ်လည်း တော်တော်လေး ပါဝင်ပါ တယ်။
ဖရဲသီးအခွံရဲ့ ရေဓါတ်ဖြည့်တင်း နိုင်စွမ်းနဲ့ ဆီးရွှင်စေတဲ့အာနိသင်က ဆီးပိုးဝင် ခြင်း ကို ကုသရာမှာ ထိရောက်စေမှာပါ။ ဒါ့ ကြောင့် ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာ စတွေ့ပြီဆိုတာနဲ့ ဖရဲသီးအခွံဖျော်ရည် ကို သောက်နိုင်ပါတယ်။
ဖရဲသီးအခွံသားကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေစားပေးမယ်ဆိုရင် ရင်ပူတာတွေ သက်သာစေပြီး ကိုယ်ဝန် ကြောင့် ဖြစ်တဲ့ ဖောရောင်မှုတွေကို လျော့ပါးစေပါ တယ်။ ဖရဲသီးအခွံမှာပါဝင်တဲ့ သဘာဝသကြားဓါတ်ကြောင့် အော့အန်ခြင်း ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါ တယ်။
ဖရဲသီးအခွံသားက သွေးတိုးကိုကျစေတယ်လို့ဆိုပေမဲ့ သွေးပေါင်ကျနေတဲ့ အခါမျိုးမှာလည်း သွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။