brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ထင်းရှူးရွက် ရေနွေးကြမ်း သောက်တဲ့အခါ

ခေါင်းစဉ် ကြည့်ပြီး သောက်လို့ရော ရရဲ့လားဆိုပြီး ထူးဆန်းသွားလား။ မအံ့ဩပါနဲ့ သောက်လို့ ရပါတယ်။ ထင်းရှူးပင်က တစ်ပင်လုံး နီးပါး ဆေးဖက်ဝင်သလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ ဒီတစ်ခေါက်တော့ အသွင်အပြင်လေးက ချစ်စရာကောင်းပြီး ငယ်ငယ်က ဆော့ကစားခဲ့ကြတဲ့ ထင်းရှူးရွက် လေးတွေ ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ထင်းရှူးရွက် ရေနွေးကြမ်း သောက်တဲ့အခါ

ထင်းရှူးရွက်ရေနွေးကြမ်း ဘယ်လို လုပ်ရမလဲ ……

ဒါက လွယ်လွယ်လေးပါ လတ်ဆတ်တဲ့ ထင်းရှူးရွက်လေးတွေကို ရေသေချာ စင်အောင် ဆေးပြီး ရေစစ်ထားပါ။ ပြီးရင် ရေနွေးဆူဆူကို ခွက်တစ်လုံးထဲ ထည့်လိုက်ပါ။ ပြီးရင် ထင်းရှူးရွက်ကို သင့်တော်သလောက် ထည့်ပြီး ခဏ သိမ်ထားပါ။

ပြီးရင်တော့ ရေနွေးကြမ်းလေးလို သောက်လို့ ရပါပြီ။

ထင်းရှူးရွက် ရေနွေးကြမ်း သောက်တဲ့အခါ

ထင်းရှူးရွက် ရေနွေးကြမ်း သောက်တဲ့အခါ

ထင်းရှူးရွက်ရေနွေးကြမ်း သောက်တဲ့အခါ အခုလို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ဗီတာမင် C ကြွယ်ဝတယ်

ထင်းရှူးရွက် ရေနွေးကြမ်းမှာ လိမ္မော်သီး ဖျော်ရည်ထက် ဗီတာမင် ၄ ဆ ကနေ ၅ ဆကျော်လောက် ပိုများများ ပါဝင်နေပါတယ်။ ဗီတာမင် C ချို့တဲ့မှုကို ကာကွယ်ပေးပြီး ကိုယ်ခံအားကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

 အမြင်အာရုံ ကျန်းမာစေနိုင်တယ်

ထင်းရှူးရွက်ရေနွေးကြမ်းမှာ ဗီတာမင် A ပါဝင်နေပါတယ်။ ဗီတာမင် A ရော ဗီတာမင် C ပါ ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ အမြင်လွှာ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

အသက်ရှူ လမ်းကြောင်း ကျန်းမာစေနိုင်တယ်

အသက်ရှူ လမ်းကြောင်း ကျန်းမာပြီး ချောင်းဆိုး၊ ရင်ကြပ်တာနဲ့ လေပြွန်ရောင်တာတွေ သက်သာစေဖို့ ဆိုရင် ထင်းရှူးရွက် ရေနွေးကြမ်း ကို သောက်သုံးပေးလို့ ရပါတယ်။

နှာစေးနှာပိတ်တာ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

ကိုယ်အလေးချိန် ထိန်းပေးတယ်

ထင်းရှူးရွက်ရေနွေးကြမ်းက အဝလွန်တာမျိုး ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ဝိတ်ကျစေဖို့လည်း ကူညီပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာက ကိုယ်အလေးချိန် ကျစေဖို့ ကူညီပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝတယ်

ထင်းရှူးရွက်ရေနွေးကြမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် နာတာရှည်ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ်

ထင်းရှူးရွက်ရေနွေးကြမ်းရဲ့ နောက်ထပ် ကျန်းမာရေး အကျိုးကျေးဇူး တစ်ရပ်က သွေးတွင်းကိုလက်စထရောကို ကျစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်တာပါ။ နှလုံးသွေးကြော ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

သိမြင်မှု စွမ်းရည် ကောင်းစေနိုင်တယ်

ထင်းရှူးရွက်ရေနွေးကြမ်းမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အာရုံကြောတွေကို ကျန်းမာစေပြီး သိမြင်မှု စွမ်းရည် ကျဆင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ မှတ်ဉာဏ် ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ကဲ …….ထင်းရှူးရွက်ရေနွေးကြမ်း က သောက်လည်း သောက်လို့ ရသလို အခုလိုလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/12/2021 ဖြစ်ပါသည်။