brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Juniper Berry ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ခေါင်းစဉ်ကို ဖတ်ပြီးတော့ ရင်းနှီးမှု မရှိဘူးလို့ ယူဆနိုင်ပါတယ်။ တကယ်လည်း ဒီအပင်က မြန်မာလူမျိုးတွေနဲ့ သိပ်မရင်းနှီးတာက အမှန်ပါ။ ဒီအပင်ကို မမြင်ဘူးပေမယ့် ဟင်းလျာတွေ အထူးသဖြင့် ဥရောပ ဟင်းလျာတွေထဲမှာတော့ စားဖူးနိုင်ပါတယ်။

Juniper Berry ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ဒီ juniper အပင်က အမြဲစိမ်းပင် တစ်မျိုးဖြစ်ပြီး ချုံနွယ်ပင် တစ်မျိုးပါ။ မြောက်အမေရိက၊ ဥရောပ၊ အာရှိဒေသတွေ အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ပေါက်ရောက်နိုင်ပါတယ်။

ဒီအပင်ကနေသီးတဲ့ အပြာရင့်ရောင် အသီးလေးတွေက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

Juniper Berry ဆိုတာ ဘာလဲ …….

juniper berries ဆိုတာက juniper ပင်ရဲ့ အသီးပါ။ အသီးပုံစံက ဘယ်ရီသီးလေးတွေလို ခပ်သေးသေး အခိုင်လိုက်သီးတတ်ပြီး အရောင်က ဘလူးဘယ်ရီသီးလို အပြာရောင် ရင့်ရင့်လေးတွေပါ။

အနံ့ကတော့ သစ်သားနံ့နဲ့ ခပ်ဆင်ဆင်ဖြစ်နိုင်သလို စပ်တဲ့အနံ့မျိုးလည်း ဖြစ်နိုင်ပါတယ်။ ထင်းရှူးလို အရသာရှိပြီး ဟင်းလျာတွေရဲ့ အနံ့အရသာတိုးဖို့အတွက် အသုံးပြုကြပါတယ်။

ရှေးယခင်ကာလတွေက ဆေးဝါးအဖြစ်လည်း အသုံးပြုခဲ့ကြပါတယ်။

Juniper Berryရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

Juniper Berry ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

အပြာရောင်ရင့်ရင့် အသီးလေးတွေ သီးတဲ့ juniper berries အသီးလေးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

အာဟာရ ကြွယ်ဝတယ်

juniper berries အသီးလေးတွေက အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်သလို ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အပင်ကရတဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်နေပါတယ်။

ဗီတာမင်တွေလည်း စုံလင်စွာပါဝင်နေပါတယ်။ ဗီတာမင် C လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာက ကိုယ်ခံအား ကောင်းစေပြီး ကော်လာဂျင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးသလို သွေးကြောတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို နှလုံးကျန်းမာစေပါတယ်။ ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

အရောင်ကျစေနိုင်တယ်

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ juniper berries အသီးလေးတွေက ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို ဖျားနာမှု ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဖလေဗာနွိုက် ကြွယ်ဝမှုက ဆဲလ်တွေကို ရောင်ရမ်းတာမျိုး မဖြစ်စေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ဆီးချို ကာကွယ်ပေးနိုင်တယ်

Juniper berries ကို ရှေးယခင် ကာလတွေကတည်းက ဆီးချို ကုသဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ မကြာသေးခင်က လေ့လာမှုတွေမှာလည်း ဒီ အသီးလေးတွေက ဆီးချိုကို ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝစွာ ပါဝင်နေတာကလည်း ဆီးချိုကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တာပါ။

နှလုံး ကျန်းမာစေနိုင်တယ်

Juniper berries က သွေးတွင်းအကျိုးပြု ကိုလက်စထရောပမာဏကို မြင့်တက်စေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အကျိုးမပြု ကိုလက်စထရောပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။

နှလုံးရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 12/08/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။