brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုးချီဘယ်ရီသီးရဲ့ အစွမ်းအာနိသင် (၁၁) မျိုး

ကိုးချီဘယ်ရီသီးဆိုတာ တရုတ်ပြည်မှာဆေးဖက်ဝင်အသီးအဖြစ်သတ်မှတ် စားသုံးကြတဲ့အသီးတစ်မျိုးပါ။ အခုဆိုရင် တရုတ်တင်မကဘဲ ကိုရီးယား၊ဂျပန်၊ဗီယက်နမ်တို့လို အာရှနိုင်ငံတွေမှာလည်းဆေးဖက်ဝင်အသီးအဖြစ်နဲ့ခေတ်စားနေပြီဖြစ်ပါတယ်။မြန်မာမှာတောင် ကိုးချီသီးခြောက်တွေကို ရေနွေးကြမ်းအဖြစ်သောက်သုံးသူများလာပြီး အွန်လိုင်းမှာအရောင်းသွက်နေတဲ့ပစ္စည်းဖြစ်ပါတယ်။ မျက်စိအားကောင်းတယ်၊ အဆီကျတယ်ဆိုတဲ့ကောင်းကျိုးတော့ လူသိများတယ်။ ဆိုတော့ သူ့ရဲ့တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကို ဒီဆောင်းပါးမှာဖော်ပြချင်လို့ပါ။

ကိုးချီဘယ်ရီသီးရဲ့ အစွမ်းအာနိသင် (၁၁) မျိုး

ကိုးချီသီးက ဘာအတွက်ကောင်းတာလဲ

(၁) ဆီးချိုသွေးချိုကာကွယ်တယ်

ကိုးချီသီးမှာပါတဲ့ ေသွးတွင်းသကြားဓါတ်ကိုကျစေတဲ့အာနိသင်ကြောင့် ဆီးချိုရောဂါကိုကာကွယ်တယ်၊ ရှိပြီးသားလူတွေမှာလည်း ဆီးချိုမတက်အောင် ကာကွယ်ပေးတယ်။

(၂) ကိုလက်စထရောကျစေတယ်

သွေးကြောတွေမှာ ကပ်တွယ်ပြီး ဒုက္ခပေးနိုင်တဲ့ မကောင်းတဲ့ ကိုလက်စထရောဓါတ်တွေကို ကိုးချီသီးကလျော့ပါးစေနိုင်ပါတယ်။

(၃) ကင်ဆာကာကွယ်တယ်

သူ့မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက free radicalsတွေကို ဓါတ်ပြယ်စေပြီး ကင်ဆာကာကွယ်ပေးတဲ့အပြင် ကိုယ်ခံအားကိုပါတိုးစေပါတယ်။

(၄) နှလုံးသွေးကြောကျဉ်းခြင်းကာကွယ်ပေးတယ်

သူ့ရဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက free radicalတွေကြောင့်နှလုံးကိုမထိခိုက်အောင်ကာကွယ်ပေးနိုင်တော့ နှလုံးရောဂါရှိသူတွေ စားသုံးဖို့လည်းသင့်တော်ပါတယ်။

(၅) စိတ်ကြည်စေတယ်

ကိုးချီသီးရဲ့အကျိုးေကျးဇူးတွေထဲမှာ စိတ်ကျန်းမာရေးအတွက်ပါ ပါဝင်ပါတယ်။ စိတ်ဖိစီးမှုကိုလျော့စေပြီးခေါင်းကြည်စေပါတယ်။ အာရုံကြော်စနစ်နဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေ ပိုကောင်းစေပါတယ်တဲ့။

(၆) ဦးနှောက်ကျန်းမာရေးအတွက် ကောင်းတယ်

ကိုးချီလေးတွေက ဦးနှောက်အာရုံကြောလုပ်ဆောင်ချက်တွေကို သိသိသာသာကောင်းမွန်စေနိုင်ပြီး ဦးနှောက်ဆဲလ်တွေကို အားဖြည့်ပေးပါတယ်။ အရွယ်တင်နုပျိုစေတဲ့အစွမ်းလည်းရှိတော့ လူကြီးပိုင်းတွေအတွက်ပါ အသုံးဝင်တဲ့ဆေးတစ်မျိုးဖြစ်နေပါတယ်။

(၇) အသည်းမပျက်စီးအောင် ကာကွယ်ပေးတယ်

ကိုးချီသီးကို တရုတ်တိုင်းရင်းဆေးမှာဆိုရင် အသည်းရောဂါတွေကုသတဲ့ဆေးအဖြစ်ဖော်စပ်အသုံးပြုကြတာဖြစ်ပါတယ်။ Free radicalsတွေရန်က ကာကွယ်ပေးပြီး အသည်းကျန်းမာရေးကို ထိန်းသိမ်းကာကွယ်နိုင်စွမ်းရှိပါတယ်။

(၈) အသားအရေလှတယ်

ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်လာတဲ့ အသားအရေထိခိုက်ပျက်စီးမှုတွေကို ကိုးချီသီးက ကုစားပေးနိုင်ပါတယ်။ အသားအရေမှာဖြစ်တဲ့ရောင်ရမ်းမှုတွေ၊ ပျက်စီးမှုတွေကို ဓါတ်တိုးဆန့်ကျင်အာနိသင်နဲ့ ကူညီကုသပေးနိုင်တာဖြစ်ပါတယ်။

(၉) အိပ်လို့ကောင်းစေမယ်

ညအိပ်မပျော်ဘူး၊ မျက်စိကြောင်တာတွေဖြစ်နေတယ်ဆို ကိုးချီသီးလက်ဖက်ရည်ကြမ်းလေးသောက်ရင်ကောင်းကောင်းအိပ်ပျော်စေပြီး စိတ်ဖိစီးမှုတွေကိုလျော့ပါးစေပါတယ်။

(၁၀) သုက်ပိုးအရေအတွက်တိုးစေတယ်

ကိုးချီသီးကို တရုတ်ပြည်မှာ ကျားအားတိုးဆေးအဖြစ်အသုံးပြုကြပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကြောင့် သုက်ပိုးပမာဏကိုတိုးစေတာဖြစ်ပါတယ်။

(၁၁) မျက်စိအားကောင်းစေတယ်

ကိုးချီသီးကြောင့် အမြင်အာရုံပိုကောင်းစေပြီး မျက်မှန်လွတ်စေတယ်လို့ နာမည်ကြီးပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက မျက်စိတိမ်စွဲခြင်းတွေနဲ့ မျက်စိဝေဒနာတွေအားလုံးကိုကာကွယ်ပေးပါတယ်။

ဒီအချက်တွေတော့ မှတ်ထားပေးပါ

ကိုးချီဘယ်ရီသီးက ကောင်းကျိုးတွေများပေမယ့် ပဋိဇီဝဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ ကင်ဆာဆေးတွေ၊ စိတ်ကျရောဂါသောက်ဆေးတွေ၊ နှလုံးနဲ့သွေးတိုးဆေးတွေ၊ဟော်မုန်းဆေးတွေ၊အရိုးပွရောဂါသောက်ဆေးတချို့နဲ့ ဓါတ်ပြုတုံ့ပြန်နိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်ဆေးနဲ့ဖြစ်ဖြစ် အချိန်ခြားပြီးသောက်တာကောင်းပါလိမ့်မယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Yun Sandi Nan Mon · 07/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။