backup og meta

ပဒဲကောက ရနံ့မွှေးရုံတင်မဟုတ် ကျန်းမာရေးပါ အကျိုးထူးပေးပါတယ်

မုန့်တီလေးချက်ချက်၊ တုန်ယမ်းဟင်းချိုလေးချက်ချက်၊ ချဉ်စပ်ဟင်းချိုလေးချက်ချက် အနံ့မွှေးအောင်ဆိုပြီး ထည့်လေ့ရှိကြတဲ့ ရနံ့မွှေးပြီး ခံတွင်းရှင်းစေတဲ့ ပဒဲကောက ခန္ဓာကိုယ်အတွက် ဘယ်လောက်ထိ အထောက်အကူပြုလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။

ပဒဲကောက ရနံ့မွှေးရုံတင်မဟုတ် ကျန်းမာရေးပါ အကျိုးထူးပေးပါတယ်

ပဒဲကောဆိုတာ

ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ ချင်း(ဂျင်း) လိုမျိုး အတောင့်လေးဖြစ်ပြီး အပေါ်ခွံက ခပ်ဖြူဖြူလေးပါ။ ဟင်းချက်တဲ့အခါ ထုထောင်းပြီးထည့်လို့ရသလို ခပ်ပါးပါးလှီးပြီးထည့်လို့လည်းရပါတယ်။

ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲ……..

ပဒဲကောမှာ

ပဒဲကောကပေးတဲ့ ကျန်းမာရေးအာနိသင်

ပဒဲကောကို စားသုံးပေးတာက

အဆစ်နာတာကို သက်သာစေနိုင်တယ်

ပဒဲကောက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် နာကျင်ရောင်ရမ်းမှုကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာ၊ အဆစ်နာရောဂါနဲ့ လေးဖက်နာရောဂါတွေကြောင့် အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့အတွက် ပဒဲကောကို စားသုံးပေးလို့ရပါတယ်။

သွေးစီးဆင်းမှုကို ကောင်းစေတယ်

ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးစီးဆင်းမှုကို ကောင်းစေသလို အရေပြားတစ်ရှုးတွေကိုလည်း အားဖြည့်ပေးပါတယ်။ အရေပြားအပါအဝင် ဦးရေပြားကိုပါ သွေးစီးဆင်းမှု ကောင်းစေသလို ဆံပင်သန်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အနှံ့ကို သွေးစီးဆင်းမှုကောင်းစေပြီး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။

အစာကြေစေနိုင်တယ်

ပဒဲကောက အစာကြေစေနိုင်ပြီး အစာအိမ်ပြဿနာကို သက်သာစေနိုင်သလို ၊ ဝမ်းပျက်ဝမ်းလျှောတာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ ကြို့ထိုးတာကိုသက်သာစေဖို့အတွက်လည်း  ပဒဲကောကို စားသုံးပေးလို့ရ ပါတယ်။

သိမြင်မှုစွမ်းရည်ကောင်းစေနိုင်တယ်

ပဒဲကောမှာ သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေနိုင်တဲ့ ACA ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်နေပါတယ်။ ဒါကြောင့် ပဒဲကောကို စားသုံးပေးတာက အသက်အရွယ်ကြောင့်ဖြစ်တဲ့ သတိမေ့တတ်တဲ့ပြဿနာအပါအဝင် သိမြင်မှုစွမ်းရည်ကျဆင်းလာတာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ စိတ်ဖိစီးတာကိုလည်း အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။

အပူလောင်နာကို သက်သာစေနိုင်တယ်

ပဒဲကောက အရေပြားကိုကျန်းမာစေနိုင်သလို အပူလောင်တဲ့အခါမှာလည်း အလွှာလိုက်လေးလှီးပြီး အပူလောင်တဲ့နေရာကို တစ်နေ့ ၃ ကြိမ် ကနေ ၄ ကြိမ်လောက်အထိကပ်ပေးပါ။ အနာရွတ်မကျန်ဘဲ သက်သာစေနိုင်မှာပါ။

ကားမူးတာကို သက်သာစေနိုင်တယ်

ကားမူးတဲ့အခါ ရေစင်အောင်ဆေးထားတဲ့ ပဒဲကောကို ပါးပါးလေးလှီးပြီး ဝါးစားပေးပါ။ ကားမူးတာ၊ လှိုင်းမူးတာတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တယ်

ပဒဲကောမှာ galanin လို့ခေါ်တဲ့ ဖလေဗာနွိုက်ပါဝင်နေတာကြောင့် ကင်ဆာကိုအထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ချင်တယ်ဆိုရင်တော့ ပဒဲကောကို စားသုံးပေး လို့ရပါတယ်။

သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်

ပဒဲကောမှာ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့် သွေးတွင်းကအဆီတွေကို အထိရောက်ဆုံးဖယ်ရှားဖို့ အတွက် ပုံမှန်စားသုံးပေးသင့်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

ပဒဲကောမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ ဒါကြောင့် ဖျားနာမှုကင်းပြီး ပြင်ပကရောဂါတွေ ခန္ဓာကိုထဲဝင်ရောက်မလာစေဖို့အတွက် ပဒဲကောကို စားသုံးပေးပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Galangal Root – Health Benefits, Therapeutic Uses and Side Effects https://www.herbal-supplement-resource.com/galangal.html  Accessed Date 3 November 2019

Galangal https://www.drugs.com/npp/galangal.html  Accessed Date 3 November 2019

ယခုပုံစံ

02/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကရဝေးရွက် (Bay leaf)

တရုတ်နံနံဖျော်ရည် သောက်ကြမယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ