brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Chinese Cucumber (တရုတ်သခွားသီး)

အသုံးပြုပုံများ

Chinese cucumber ကို ဘာအတွက်အသုံးပြုကြသလဲ

ဆေးပင်၏ အမြစ်ကို အေအိုင်ဒီအက်စ် ရောဂါ၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ ရောင်ယမ်းခြင်း၊ အဖုအကျိတ်၊ နှင့် ဆီးချိုရောဂါများတွင် အသုံးပြုသည်။ ဆေးမြစ်ကို ကလေးဖျက်ချရန်လည်း တခါတရံ အသုံးပြုကြသည်။ အမြစ်မှရသော ကစီဓါတ်သည် ပြည်တည်များ၊ ရာသီမပေါ်ခြင်း၊ အသားဝါခြင်း၊ အသည်းရောဂါ နှင့် ဆီးသွားများခြင်းတို့ကို ကုသရာတွင် အသုံးပြုနိုင်သည်။

အသီးနှင့် အစေ့ကို ချောင်းဆိုးပျောက်ရန်၊ အဖျားရရန်နှင့် အရောင်ကျစေရန် သောက်နိုင်သည်။

အသီးကို မိန်းမကိုယ်ထဲသို့ ထည့်ခြင်းဖြင့် ကိုယ်ဝန်ပျက်ကျအောင် လုပ်နိုင်သည်။

Chinese cucumber ဘယ်လိုအလုပ်လုပ်လဲ

ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် tricholdrin သည် ပရိုတင်းချက်လုပ်မှုကို တားပြီး ကိုယ်ဝန်ပျက်ကျစေသော အာနိသင်ရှိကြောင်း အချို့လေ့လာမှုများတွင် ပြထားသည်။ အဖုအကျိတ်များကို သက်သာစေသော အာနိသင်သည် ဆဲလ်ပွားခြင်းကို ရပ်စေပြီး ဆဲလ်သေစေနိုင်သောလုပ်ဆောင်မှုကြောင့် ဖြစ်နိုင်သည်။ ဓါတ်ခွဲခန်း စမ်းသပ်မှုအချို့တွင် Chinese cucumber သည် HIV virus ရောဂါပိုးပွားခြင်းကို တားနိုင်ကြောင်း ပြဆိုထားသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Chinese cucumber အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင့်တွင် တက်တတ်သောရောဂါရှိပါက Chinese cucumber. ကို မသုံးပါနှင့်။

Chinese cucumber အရည်ကို မိန်းမကိုယ်ထဲထည့်ခြင်းဖြင့် ကိုယ်ဝန်ဖျက်ချနိုင်သည်။ ဆရာဝန်၏ ဦးစီးမှုအောက်တွင် ဤဘယဆေးကို အသားဆေးအဖြစ်ထိုးပြီး လနုသော ကိုယ်ဝန်ကို ဖျက်နိုင်သည်။ သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မလုပ်ပါနှင့်။

ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပ

Chinese cucumber က ဘယ်လောက်စိတ်ချရလဲ

သုတေသနများစွာ မထွက်ပေါ်လာခင်တွင်ဤဆေးကို နို့တိုက်မိခင်များ နှင့် ကလေးများတွင် အသုံးမပြုသင့်ပေ။ အတက်ရောဂါရှိသူများ နှင့် ဝမ်းလျောနေသူများတွင် လည်း အသုံးမပြုရပါ။

ဘေးထွက်ဆိုးကျိုးများ

Chinese cucumber ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဘေးထွက်ဆိုးကျိုးများ

ဤဆေးပင်တွင် အောက်ပါ ဘေးထွက်ဆိုးကျိုးများစွာရှိသည်။

• ဖျားခြင်း။ တက်ခြင်း

• ဝမ်းလျောခြင်း။ အစာအိမ်နာခြင်း

• ကိုယ်ဝန်ပျက်ကျခြင်း

• ဓါတ်မတည့်ခြင်းကို တုံ့ပြန်ခြင်း၊ အဆုတ်တွင် ရေဝင်ခြင်း၊ ဦးနှောက်နှင့် နှလုံးများ ထိခိုက်ခြင်း။

ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Chinese cucumber ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ ဤဆေးပင်သည် ဆီးချိုကျဆေးများ၏ အာနိသင်ကို တိုးစေသည်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Chinese cucumber အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

အသုံးပြုရမည့် ပမာဏကို စာပေများတွင် သေချာဖော်ပြမထားပေ။ ဆေးရည်ကို ကိုယ်ဝန်ဖျက်ချရန် အတွက် အသုံးပြုနိုင်သည်။ ဤဆေးပင်ကို အသုံးပြုလေ့ရှိသော ပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။

Chinese cucumber က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဤဘယဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။

• အသီးမှရသော အရည်

• အသီး

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Su Sandy · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။