brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပျားဝတ်မှုန် ကျန်းမာရေးအတွက် ကောင်းသလား ……..

ကျန်းမာရေး ကောင်းအောင်ပဲ ဖြစ်ဖြစ်၊ အားရှိအောင်ပဲ ဖြစ်ဖြစ် ဆိုပြီး ပျားဝတ်မှုန်ကို စားနေကြလား။ ဒါဆိုရင်တော့ ဒီလို ပုံမှန် သောက်သုံးနေတဲ့ ပျားဝတ်မှုန်က ကျန်းမာရေးအတွက် ဘယ်လို ထောက်ပံ့ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ပျားဝတ်မှုန် ကျန်းမာရေးအတွက် ကောင်းသလား ……..

ပျားဝတ်မှုန် ဆိုတာ

ပျားဝတ်မှုန်က ပန်းဝတ်မှုန်၊ ဝတ်ရည်တွေ၊ ပျားဝတ်မှုန်၊ အင်ဇိုင်းတွေ၊ ပျားရည်၊ ပျားဖယောင်းတွေ ရောစပ်ထားတဲ့ သဘာဝ အရောအစပ် တစ်မျိုးပါ။ ကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ သဘာဝ ဆေးဖက်ဝင် ပစ္စည်း တစ်မျိုးပါ။

ပျားဝတ်မှုန်မှာ ဘာတွေပါလဲ

ပျားဝတ်မှုန်မှာ အခုလို အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပျားဝတ်မှုန်မှာ

  • tocopherol၊
  • niacin၊
  • thiamine၊
  • biotin၊
  • folic acid၊
  • polyphenols၊
  • carotenoid pigments၊
  • phytosterols၊
  • enzymes နဲ့
  • co-enzymes တို့ ပါဝင်နေပါတယ်။

ပျားဝတ်မှုန်ကို ဘာတွေအတွက် အသုံးပြုကြသလဲ ………

ပျားဝတ်မှုန်ကို အခုလို ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။

ဒါတွေအပြင် ပျားဝတ်မှုန်ကို

ပျားဝတ်မှုန် ကျန်းမာရေးအတွက် ကောင်းသလား ……..

ပျားဝတ်မှုန် ကျန်းမာရေးအတွက် ကောင်းသလား …….. ဆိုတော့ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ပျားဝတ်မှုန် ကျန်းမာရေးအတွက် ကောင်းသလား ……..

ဓာတ်မတည့်မှုကို သက်သာစေနိုင်တယ်

ပျားဝတ်မှုန်ကို အသုံး အများဆုံး တစ်ခုက ရာသီကြောင့် ဓာတ်မတည့်မှု ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ရာသီ အကူးအပြောင်းမှာ ဓာတ်မတည့်မှု ဖြစ်တာတွေကို သက်သာစေဖို့လည်း ပျားဝတ်မှုန်ကို အသုံးပြုပေးလို့ ရပါတယ်။

ဓာတ်မတည့်ဖြစ်လွယ်တဲ့သူတွေအနေနဲ့ ဓာတ်မတည့်မှုကို ကာကွယ်ဖို့ဆိုရင် ပျားဝတ်မှုန်ကို ပုံမှန် သောက်သုံးပေးလို့ ရပါတယ်။

ကိုလက်စထရော ကျစေတယ်

ပျားဝတ်မှုန်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုက သွေးတွင်းကိုလက်စထရော ကျစေနိုင်တာပါ။ ဒါကြောင့် သွေးတွင်းကိုလက်စထရော များနေမယ်ဆိုရင် ပျားဝတ်မှုန်ကို ပုံမှန်လေး သောက်သုံးပေးလို့ ရပါတယ်။

အသည်း ကျန်းမာစေတယ်

ပျားဝတ်မှုန်က အသည်းကျန်းမာစေသလို အသည်း မပျက်စီးစေဖို့လည်း ထောက်ကူပေးပါတယ်။ အသည်း မကျန်းမာသူတွေ စားသုံးပေးလို့ ရသလိုအရက်တွေ၊ ဆေးဝါးတွေကြောင့် အသည်းပျက်စီးတာတွေကို ကာကွယ်ဖို့လည်း သောက်ပေးလို့ ရပါတယ်။

အသည်းဆဲလ်တွေ ကျန်းမာစေဖို့လည်း ပုံမှန် သောက်သုံးပေးလို့ ရပါတယ်။

အရိုးပွတာ သက်သာစေတယ်

ပျားဝတ်မှုန်ရဲ့ နောက်ထပ် အာနိသင် တစ်ရပ်ကတော့ အရိုးပွတာကို သက်သာစေနိုင်တာပါ။ ပျားဝတ်မှုန်က ကယ်လ်ဆီယမ်၊ ဖော့စဖရိတ် ပမာဏကို မြင့်တက်စေဖို့ ထောက်ကူပေးပြီး အရိုးပွတာ၊ အရိုးပါးတာတွေကို သက်သာစေနိုင်ပါတယ်။

အရိုးပွတာကို ကာကွယ်ဖို့လည်း ပျားဝတ်မှုန်ကို သောက်သုံးပေးလို့ ရပါတယ်။

ကဲ …….. ဒီလို အကျိုးကျေးဇူးလေးတွေ ရရှိစေဖို့ ပျားဝတ်မှုန်လေးကို ပုံမှန်လေး သောက်သုံးပေးဖို့ လိုပါမယ်နော်။ ကာကွယ်ဖို့ရော ကုသဖို့အပြင် ပုံမှန် ဓာတ်စာ အနေနဲ့ပါ ပျားဝတ်မှုန်ကို သောက်သုံးပေးလို့ ရပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/01/2022 ဖြစ်ပါသည်။