Abuta (အဘူတာ)
အသုံးပြုပုံများ
အဘူတာ ကို ဘာအတွက်အသုံးပြုကြသလဲ
Abuta ကို အောက်ပါကျန်းမာရေးအခြေအနေတွေမှာ အသုံးပြုကြပါတယ်။
- အစာခြေလမ်းကြောင်း ပြဿနာများ (ဥပမာ ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း၊ အစာအိမ် နာခြင်း)
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ (ဥပမာ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်း)
- အရေပြား ပြဿနာများ (ဥပမာ ဝက်ခြံ၊ အနာ၊ မီးလောင်နာ၊ အပူလောင်နာ၊ ယားယံခြင်း၊ ဖျားနာပြီး အကွက်ထခြင်း၊ strep bacteria ဘက်တီးရီးယား ကြောင့် ဖြစ်တဲ့ ပျို့အန်ခြင်း)
- ဆီးလမ်းကြောင်း ပြဿနာများ (ဥပမာ ဆီးအိမ်နဲ့ ကျောက်ကပ် ရောဂါပိုးဝင်ခြင်း)
- ရာသီပြဿနာများ
- ကလေးရရှိမှု ပြဿနာများ
Abuta ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။
ဘယ်လိုအလုပ်လုပ်လဲ
Abuta ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ဆေးပင် ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
အဘူတာ အသုံးမပြုခင် ဘာတွေသိသင့်သလဲ
သင့်မှာအောက်ပါအချက်တွေရှိရင် ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။
- ကိုယ်ဝန်ရှိရင်၊ ကလေးနို့တိုက်နေရင်။ သင်ဟာ ကလေးရလိုရင် (သို့) ကလေးနို့တိုက်နေရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဆေးတွေကို သောက်သုံးသင့်ပါတယ်။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အဘူတာ က ဘယ်လောက်စိတ်ချရလဲ
ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်
ဒီ Herbal ကို ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ အသုံးပြုခြင်းရဲ့ စိတ်ချရမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒီ Herbal အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်နိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကလေးတွေမှာ
ကလေးတွေမှာ အသုံးပြုမှုရဲ့ စိတ်ချရမှုကို လေ့လာထားတဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။
| Abuta ဟာ ဘယ်လောက် လုံခြုံစိတ်ချရပါသလဲ။ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ် ဒီ Herbal ကို ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ အသုံးပြုခြင်းရဲ့ စိတ်ချရမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒီ Herbal အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်နိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ကလေးတွေမှာ အသုံးပြုမှုရဲ့ စိတ်ချရမှုကို လေ့လာထားတဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ခွဲစိတ်မှု Abuta ကို ခွဲစိတ်မှုမပြုခင် နှစ်ပတ်လောက်ကြိုပြီး ရပ်သင့်ပါတယ်။ |
ဘေးထွက်ဆိုးကျိုးများ
အဘူတာ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
Abuta ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဆေးဓါတ်ပြုမှုများ
အဘူတာ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
အဘူတာ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
ရာသီလာစဉ် နာခြင်းအတွက်
ဆေးပြား (သို့) ဆေးလုံးထဲမှာပါတဲ့ Abuta မှုန့် ၁-၂ ဂရမ်ကို
တစ်နေ့နှစ်ကြိမ် အသုံးပြုသင့်ပါတယ်။
Abuta ကို ၄:၁ တင်ချာရည်အဖြစ် 2-4ml ကို တစ်နေ့နှစ်ကြိမ် အသုံးပြုသင့်ပါတယ်။
Abuta ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
အဘူတာ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
Abuta ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- ပေါင်ဒါပုံစံ
- ဆေးပြား၊ ဆေးတောင့်တွေမှာပါတဲ့ Abuta အခေါက်
- Abuta တင်ချာဆေးရည်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ