brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မပြည့်ဝဆီ က ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ။

သင်နေ့စဉ်စားနေတဲ့ အစားအသောက်တွေထဲမှာ ပြည့်ဝဆီ( saturated fat)၊ မပြည့်ဝဆီ ( unsaturated fat) နဲ့ transfat (အသွင်ပြောင်းဆီ) ဆိုပြီး အဆီတွေပါဝင်ကြပါတယ်။ ဒီ အဆီ ၃ မျိုးဟာ သင်စားလိုက်တဲ့ အစားအသောက်တွေပေါ် မူတည်ပြီးရတာဖြစ်ပါတယ်။

မပြည့်ဝဆီ က ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ။
  • ပြည့်ဝဆီ( saturated fat) ကို အသားတွေကနေ ရပြီး
  • မပြည့်ဝဆီ ( unsaturated fat) ကိုတော့ ဟင်းသီးဟင်းရွက်တွေကနေရကာ
  • Transfat ကိုတော့ ထုတ်ပိုးထားတဲ့ အသင့်စားအစားအသောက်တွေကနေရပါတယ်။

လူတော်တော်များများက fat အဆီပါဝင်တယ်လို့ ပြောလိုက်ကြတာနဲ့ ဒီ fat အဆီတွေ အားလုံးက ကျန်းမာရေးအတွက် မကောင်းပါဘူးလို့ဆိုပြီး ထင်တတ်ကြပါတယ်။ တကယ့်တော့ ဒီဆီ ၃ မျိုးထဲမှာ မပြည့်ဝဆီ ( unsaturated fat) ဟာ ကျန်းမာရေးအတွက် တကယ်ကို အကျိုးပြုတဲ့အဆီတစ်ခုပါ။

မပြည့်ဝဆီ ( unsaturated fat) ဟာ သင့်ကျန်းမာရေးကို ဘယ်လို အကျိုးပြုတာလဲ။ 

မပြည့်ဝဆီ( unsaturated fat) ဟာ ကိုယ်တွင်းက မကောင်းတဲ့ LDL ကိုလက်စရောကို လျှော့ချပေးပြီး ကောင်းတဲ့ HDL ကိုလက်စရော ကို မြင့်တက်စေလို့ သွေးကြောကျဉ်းရောဂါတွေကနေ ကာကွယ်ပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ဒါဆို ဒီလို နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့မပြည့်ဝဆီ ( unsaturated fat) တွေကို ဘယ်မှာရှာလို့ရမလဲ။ 

နေ့စဉ်စားနေတဲ့ အစားအသောက်တွေကနေပဲ မပြည့်ဝဆီတွေကို ရနိုင်ပါတယ်။ နှလုံးကျန်းမာချင်ရင်တော့ ဒီလို မပြည့်ဝဆီ ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးလို့ရပါတယ်။ ဒါဆို ဘယ်လို အစားအသောက်တွေ စားရမလဲ ။ ။

ထောပတ်သီး – monounsaturated fats တွေ အပြည့်ပါတဲ့ ထောပတ်သီးဟာ သင့်ကျန်းမာရေးအတွက်သာမက နှလုံးကျန်းမာရေးအတွက်ပါ လုံးဝကို အကျိုးပြုတဲ့ အသီးတစ်ခုပါ။

မပြည့်ဝဆီ က ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ။

သံလွင်ဆီ – အသုပ်သုပ်စားရင် ၊ ဟင်းချက်ရင် စားအုန်းဆီတို့လို ပြည့်ဝဆီတွေ အများကြီးပါတဲ့ ဆီတွေ သုံးမယ့်အစား မပြည့်ဝဆီကြွယ်ဝတဲ့ သံလွင်ဆီလေးသုံးပြီး ချက်ကြည့်ပါ။ သင့်နှလုံး ဒေါင်ဒေါင်မြည်မှာ အသေအချာပါ။

အစေ့အဆံများ အစေ့အဆံ လောက် မပြည့်ဝဆီကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အပြည့်ပါတဲ့ အစားအသောက်ရှိ မှာ မဟုတ်ပါဘူး။ အစေ့အဆံတွေထဲမှာဆို ဗန်ဒါစေ့၊ သစ်ကြားသီးနဲ့ သစ်အယ်သီးတို့ဟာ monounsaturated fat အကြွယ်ဝဆုံး အစေ့အဆံတွေပါ။

အဆီများတဲ့ ငါးတွေ – အဆီများတဲ့ငါးတွေ ဆိုပြီး အဆီများရင် ကျန်းမာရေးအတွက် မကောင်းဘူးပေါ့လို့တော့ မထင်လိုက်ပါနဲ့။ အဆီများတဲ့ ပင်လယ်စာငါးတွေဖြစ်တဲ့ ဆယ်လ်မွန်ငါးတို့၊ တူနာငါး။ ငါးသလောက်၊ ဆာဒင်းငါးတို့ဟာ monounsaturated fat မပြည့်ဝဆီကြွယ်ဝလို့ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ ပင်လယ်ငါးတွေပါပဲ။

မပြည့်ဝဆီ က ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ။

အခြား မပြည့်ဝဆီကြွယ်ဝတဲ့ အ စားအစားတွေကတော့

  • ဟင်းချက်ဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ ဟင်းရွက်ဆီ၊ ပဲပိစပ်ဆီနဲ့ နေကြာဆီတို့ဟာလည်း မပြည့်ဝဆီကြွယ်ဝတဲ့ ဟင်းချက်ဆီတွေပါ။
  • ကြက်ဥမှာလည်း unsaturated fat တွေ အမျာကြီးပြီး
  • အနက်ရောင်ချော့ကလက် ဟာလည်း မပြည့်ဝဆီကြွယ်ဝတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Thin Yadanar @ Frances · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။