brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်ရဲ့ ဇနီးဟာ အဆီချေဖျက်ကုသမှု ခံယူပြီးနောက် သူမကို ဘယ်လိုပံ့ပိုးကူညီပေးရမလဲ။

အဆီချေဖျက်ကုသမှုခံယူပြီးတဲ့ ဇနီးသည်တွေကို အမျိုးသားများဘက်မှ ဂရုစိုက်စောင့်ရှောက်ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ အဆီချေဖျက်ကုသခြင်းဟာ အဆီများစုပ်ထုတ်၍ ကုသခြင်းမျိုးနှင့် ပုံစံတူသော်လည်း ခွဲစိတ်မှုမဟုတ်သော ကုသနည်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် အဆီများစုပ်ထုတ် ကုသခြင်းရဲ့ အဓိက အန္တရာယ်တွေကို ရှောင်ရှားနိုင်ပါတယ်။ သို့သော် ဒီကုသမှုဟာလည်း အန္တရာယ်လုံးဝကင်းတဲ့ ကုသမှုလို့တော့ မဆိုနိုင်ပါဘူး။ ဒါ့အပြင် အဆီချေဖျက် ကုသပြီးနောက်မှာလည်း ဆက်ပြီး ဂရုစိုက်ပေးဖို့ရာလည်း လိုအပ်ပါတယ်။ အောက်ဖော်ပြပါ နည်းလမ်းအချို့ကတော့ ခင်ပွန်းသည်ဟာ မိမိရဲ့ ဇနီး ဆေးထိုးပြီး အဆီချေဖျက်ကုသပြီးတဲ့နောက် ပံ့ပိုးကူညီရမယ့် နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။

သင့်ရဲ့ ဇနီးဟာ အဆီချေဖျက်ကုသမှု ခံယူပြီးနောက် သူမကို ဘယ်လိုပံ့ပိုးကူညီပေးရမလဲ။

သင့်ဇနီးရဲ့ သွေးခြေဥနေတဲ့နေရာတွေကို အေးအောင် ပြုလုပ်ပေးပါ။

ကုသမှု ခံယူပြီးတဲ့နောက်မှာ အဆီတွေဟာ အရည်ပျော်လာမှာ ဖြစ်တဲ့အတွက် အရေပြားယားခြင်း၊ နီခြင်း နှင့် ဖောင်းခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာတွေကို ရေခဲကပ်ပေးခြင်း သို့မဟုတ် သဘာဝက ရတဲ့ အသီးအရွက် ၊အနှစ် စတာတွေကို အလှပြုပြင်ဆိုင်တွေမှာ ရနိုင်ပြီး ၎င်းတို့ကို သုံးပေးခြင်း စသဖြင့် လမ်းညွှန်နိုင်ပါတယ်။ ဒါ့အပြင် Andol ၊ Acetisal ၊ ဂျင်ဂိုဘယ်လိုပါအရွက်၊ ဗီတာမင် အီး စတဲ့ ဆေးတွေကိုလည်း မသောက်မိအောင် တားဆီးသင့်ပါတယ်။

သင့်ဇနီးရဲ့ အသားအရေကို ဂရုစိုက်ပေးပါ။

ကုသမှု ခံယူပြီးတဲ့ နောက်မှာ သင့်ဇနီးရဲ့ အသားအရေဟာ ထိခိုက်လွယ်လာနိုင်ပါတယ်။ ဒါကြောင့် အသားအရေနှင့် ဓါတ်မတည့်မှုတွေ ဖြစ်စေတဲ့အရာမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုအချိန်တွေမှာသင့်ရဲ့ ဇနီးကို အလှပြင်ဆိုင်ခေါ်သွားခြင်း၊ နှိပ်နှယ်ပေးခြင်း၊ ချွေးထုတ်ခန်း ခေါ်သွားခြင်း နှင့်ရေနွေးချိုးခန်းသို့ ခေါ်သွားခြင်း စတာတွေကို မပြုလုပ်သင့်ပါဘူး။ သင့်ဇနီးကို နေရောင်နှင့်တိုက်ရိုက်ထိတွေ့သောနေရာနဲ့ ဝေးဝေးမှာနေပါစေ။ နေ့အချိန်အပြင်ထွက်တဲ့အခါ SPF အဆ ၅၀ သို့မဟုတ် အဆ၅၀ အထက်ပါတဲ့ နေလောင်ခံခရင်မ် လိမ်းပေးဖို့ရာ သတိရပါ။

သူမကိုရေများများသောက်ဖို့ရာ သတိပေးပါ။

ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ တစ်နေ့ကို အရည်များများ သောက်ပေးခြင်း အထူးသဖြင့် ကာဗွန်မထည့်ထားသောအရည် ၁ လီတာခွဲမှ ၂လီတာကြား သောက်ပေးခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။ သင့်ဇနီးကို ရေဓါတ်ဖြည့်ပေးရန်အမြဲ သတိပေးပြီး ဘယ်လိုအရက်အမျိုးအစားကိုမှ မသောက်သုံးမိအောင် ရှောင်ကြဉ်ခိုင်းပါ။ အထက်ပါတို့ကို လုပ်ပေးခြင်းအားဖြင့် အဆီချေဖျက်ကုသမှုခံယူပြီးနောက် လျင်မြန်စွာပြန်လည်ကျန်းမာလာမည်ဖြစ်သည်။

ဒီလို ဆေးထိုးပြီးအဆီချေဖျက်ပြီးတဲ့နောက် အသားအရေထိန်းသိမ်းပေးခြင်းအားဖြင့် ပိုပြီးကြာရှည်ခံတဲ့ အကျိုးရလဒ်ကို ရရှိစေသော်လည်း မကုသမီနှင့် ကုသမှု ခံယူပြီးတဲ့နောက် ဆရာဝန်နှင့် သင့်ဇနီးကို ပုံမှန်သွားပြပေးဖြစ်အောင် တိုက်တွန်းပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. K Zin Thwe
Dr. K Zin Thwe
မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။Dr. K Zin Thwe
မှ ရေးသားသည်။ Dr. Khin Yin Kyay · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။