Aneurysm, Abdominal Aortic (ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်း) ကဘာလဲ။
ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်းဆိုတာ နှလုံးကနေ ခန္ဓါကိုယ်အောက်ပိုင်း အင်္ဂါအစိတ်အပိုင်းတွေနဲ့ တစ်သျှူးတွေဆီ သွေးတွေ သယ်ဆောင်ပေးနေတဲ့ အဓိကသွေးလွှတ်ကြော ဖောင်းလာခြင်း ဖြစ်ပါတယ်။ သူဟာ ခန္ဓါကိုယ်မှာ အကြီးဆုံးသွေးလွှတ်ကြောပဲ ဖြစ်ပါတယ်။ အဓိကသွေးလွှတ်ကြောမကြီး ပြန့်ကားခြင်း၊ ဖောင်းနေခြင်းဟာ အန္တရာယ် ရှိပါတယ်။ အချိန်နဲ့ တပြေးညီမကုသနိုင်ရင် သွေးလွှတ်ကြောမကြီးရဲ့ နံရံက အားအနည်းဆုံး အစိတ်အပိုင်းဟာ ပေါက်ကွဲပြီး သွေးများယိုစီးနိုင်ပါတယ်။
Aneurysm, Abdominal Aortic (ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အဖြစ်များတဲ့ရောဂါ ဖြစ်ပါတယ်။ WHO ရဲ့ အဆိုအရ ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်းဟာ အမျိုးသားများထက် အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ အထူးသဖြင့် အသက် ၆၀ကျော်အရွယ်တွေမှာ ဖြစ်တတ်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
Aneurysm, Abdominal Aortic (ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
သွေးလွှတ်ကြောဖောင်းခြင်းဟာ လက္ခဏာမပြဘဲ တဖြည်းဖြည်းကြီးမားလာတတ်ပါတယ်။ ဒါပေမယ့် ပိုးဝင်တဲ့ အခြေအနေမှာ ဝမ်းဗိုက် ဒါမှမဟုတ် နောက်ကျောမှာ အောင့်တတ်ပါတယ်။
အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အောက်ပါ အခြေအနေတခုခုရှိရင် ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
- ဖော်ပြခဲ့ပြီးတဲ့ လက္ခဏာများအပြင် အမျိုးသား ဖြစ်ပါက အသက် ၅၅နှစ်နှင့် အထက်ဖြစ်လျှင်၊ အမျိုးသမီး ဖြစ်ပါက အသက် ၆၀နှင့် အထက်ဖြစ်လျှင်
- ဆိုးဆိုးရွားရွား ဗိုက်အောင့်လျှင်၊ သွေးပေါင်ချိန် ရုတ်တရက် ထိုးကျသွားလျှင်၊ မူးေ၀ သတိလစ်လျှင်
မိသားစုဝင်တွေထဲမှာ ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြော ဖောင်းခြင်း ဖြစ်ဖူးတာရှိရင် သင့်မှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ လက္ခဏာတွေဟာ သတိထားမိဖို့ ခဲယဉ်းတာကြောင့် ဆရာဝန်နဲ့ ပြသပြီး စောစီးစွာ စစ်ဆေးကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။
Aneurysm, Abdominal Aortic (ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ
အကြောင်းအရင်း အတိအကျကို မသိရပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- သွေးတိုးခြင်း
- သွေးလွှတ်ကြောများ မာကြောလာခြင်း (အဓိကအချက်ဖြစ်ပါတယ်)
- ဆေးလိပ်သောက်ခြင်း (ဆေးလိပ်သောက်ခြင်းဟာ သွေးကြောဖောင်းခြင်းကို မြန်ဆန်စေတဲ့အပြင် သွေးတိုးနိုင်ခြေ၊ သွေးလွှတ်ကြော မာကြောနိုင်ခြေကို မြင့်တက်စေပါတယ်။)
တခြားအကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- သွေးလွှတ်ကြောမကြီး ရောဂါပိုးဝင်ခြင်း (ရှားပါးပေမယ့် သွေးကြောဖောင်းခြင်းကို ဖြစ်နိုင်ခြေ ရှိပါတယ်)
- ဆက်နွယ်ပေးသော တစ်သျှုးများပြသနာ (Ehlers-Danlos ရောဂါစု)
ငါ့ဆီမှာ Aneurysm, Abdominal Aortic (ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
- အသက် ၅၀-၆၅ နှစ်ကြား ဖြစ်ခြင်း
- ဆေးလိပ် အရက်သောက်သုံးခြင်း
- သွေးတိုးခြင်း
- သွေးကြောမာခြင်း။ အဆီနဲ့ တခြား အရာတွေဟာ သွေးကြောထဲ စုပုံလာပြီး သွေးကြောဖောင်းနိုင်ခြေ ရှိပါတယ်)
- အမျိုးထဲတွင် သွေးလွှတ်ကြောဖောင်းခြင်း ခံစားဖူးသူ ရှိခြင်း (လေ့လာချက်တွေအရ လူနာတွေရဲ့ ၂၅%မှာ ဖြစ်ဖူးသူတွေနဲ့ အမျိုးတော်စပ်တာ တွေ့ရပါတယ်)
- စာရင်းဇယားတွေအရ အမျိုးသားများဟာ အမျိုးသမီးများထက် ဖြစ်နိုင်ခြေ ၆ဆမြင့်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Aneurysm, Abdominal Aortic (ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်း အချို့ဟာ ပုံမှန် ကျန်းမာရေးစစ်ဆေးချိန်မှာ တွေ့ရတာဖြစ်ပါတယ်။ ဆရာဝန်ဟာ စမ်းသပ်တဲ့အခါ ဝမ်းဗိုက်အလယ်မှာ စည်းချက်နဲ့ခုန်နေတဲ့ အရာကို တွေ့ရတတ်ပါတယ်။ သွေးကြောဖောင်းခြင်းလို့ သံသယရှိရင် ultrasound နဲ့ CT ရိုက်ပါလိမ့်မယ်။ Ultrasound ဟာ သွေးကြောဖောင်းခြင်းရဲ့ နေရာနဲ့ ပမာဏကို ရာနှုန်းပြည့် သိနိုင်ပါတယ်။ ဖောင်းတဲ့ အတိုင်းအတာကို အသေးစိတ်သိချင်ရင်တော့ CT ရိုက်ဖို့ ညွှန်ကြားပါလိမ့်မယ်။
Aneurysm, Abdominal Aortic (ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်း) ကို ဘယ်လိုကုသပါသလဲ
စောစီးစွာသိရင် ကုသနိုင်ပါတယ်။ ဖောင်းနေတဲ့နေရာက ပေါက်ထွက်သွားရင်တော့ နောက်ဆက်တွဲပြသနာဆေတွ မဖြစ်ရအောင် အရေးပေါ် ကုသမှု လိုအပ်ပါတယ်။
- ကုသပုံဟာ သွေးကြောဖောင်းခြင်းရဲ့ ပမာဏနဲ့ ပေါက်ထွက်နိုင်ခြေအပေါ် မူတည်ပါတယ်။ သွေးကြောဖောင်းခြင်းဟာ ၄ စင်တီထက်သေးငယ်ရင် ကုသဖို့ မလိုအပ်သေးပါဘူး။ ၆လ (သို့) ၁နှစ်ခြားပြီး ကျန်းမာရေး ပုံမှန် စစ်ဆေးရပါမယ်။ ပိုမိုကြီးမားလာရင် အသံလှိုင်းသု့းပြီး ပုံရိပ်ဖော် စစ်ဆေးခြင်းနဲ့ စောင့်ကြည့်သင့်ပါတယ်။
- ၄နဲ့၅ စင်တီကြားဆိုရင် ကုသမှုပုံစံ အမျိုးမျိုး ရှိပါတယ်။ တချို့ဆရာဝန်တွေက ခွဲစိတ်ဖို့ တိုက်တွန်းပေမယ့် တချို့ကတော့ ပုံမှန် ပြန်လည်ချိန်းဆိုပြီး စစ်ဆေးကြပါတယ်။ တနှစ်ကို ၁စင်တီမီတာနှုန်းထက် ကြီးလာရင်တော့ ခွဲစိတ်ခြင်းဟာ အကောင်းဆုံးပါပဲ။
- ၅စင်တီမီတာထက်ကြီးတဲ့ သွေးကြောဖောင်းခြင်းအတွက်တော့ ခွဲစိတ်ကုသရပါမယ်။ ခွဲစိတ်ခြင်းမှာ အထူးပြုလုပ်ထားတဲ့ ဆန်ကာကွက်ပြွန်ကို သွေးလွှတ်ကြောမကြီးထဲ ထည့်သွင်းခြင်းလည်း ပါဝင်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောမကြီးဖောင်းခြင်းအတွက် အထောက်အကူ ပြုသလဲ
အောက်ပါ နေထိုင်မှုပု့စံတွေဟာ သွေးလွှတ်ကြောမကြီး ဖောင်းမလာအောင် အထောက်အကူ ပြုပါတယ်။
- ဆေးလိပ်ဖြတ်ခြင်း
- သွေးပေါင်ချိန်ထိန်းခြင်း
- လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
- အစားအသောက်တွင် ကိုလက်စထရောနှင့် အဆီဓါတ်ကို လျှော့ချခြင်း
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ