brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးတိုးရောဂါ ကုသခြင်းတွင် သွေးကြောကျယ်ဆေးများ အသုံးပြုခြင်း

သွေးတိုးကုသနည်းများ တွင် အချို့သောဆေးများ ဟာ သင်နဲ့ ရင်းနီးပြီးသားဖြစ်ပါလိမ့်မယ်။ သည်ဆောင်းပါးက သွေးကြောကျယ်ဆေးများ နဲ့ ပက်သက်ပြီး သိသင့်သည့် အချက်အချို့ကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

သွေးတိုးရောဂါ ကုသခြင်းတွင် သွေးကြောကျယ်ဆေးများ အသုံးပြုခြင်း

သွေးကြောကျယ်ဆေးများမှာ

Hydralazine hydrocholoride(apresoline) and minoxidil(loniten) တို့ဖြစ်ပါတယ်။

ဘာကြောင့် သွေးကြောကျယ်ဆေးများကို အသုံးပြုပါလဲ။

သွေးကြောကျယ်ဆေးများကို အောက်ပါ အခြေအနေများတွင် အသုံးပြုပါတယ်။

-သွေးတိုးခြင်း

-ကိုယ်ဝန်ဆိပ် တက်ခြင်း

-အဆုပ်သွေးကြော ဖိအားများခြင်း

-နှလုံးအားနည်းခြင်း

သွေးကြောကျယ်ဆေးများ က မည်သို့ အလုပ်လုပ်သလဲ။

ထိုဆေးများသည် သွေးကြောများရဲ့ နံရံကို ပြေလျော့စေပြီး သွေးကြောကျဉ်းခြင်းမှ ကာကွယ်ပေးပါတယ်။ သွေးကြောများကို ကျယ်စေပါတယ်။ ထိုသို့ဖြင့် သွေးများကို ကောင်းမွန်စွာ စီးဆင်းစေပြီး ဖိအားလျော့နည်းစေပါတယ်။ အခြာဆေးများ နှင့် အလုပ်မဖြစ်ပါက သွေးကြောကျယ်ဆေးများကို အသုံးပြုပါတယ်။

သွေးကြောကျယ်ဆေးများဟာ သွေးကြောနံရံများ ပေါ်သက်ရောက်ပါတယ်။ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ-

သည်ဆေးများသည်လည်း အခြားဆေးများကဲ့သို့ ဘေးထွက်ဆိုးကျိုးများ ရှိပါတယ်။ အပျော့စားမှ ပြင်းထန်အဆင့်ထိ ရှိပါတယ်။

အဖြစ်အများဆုံးမှာ-

Hydralazine သည် ခေါင်းကိုက်ခြင်း၊ နှလုံးခုန် ပုံမမှန်ခြင်း၊ မျက်လုံးများ ပတ်လည်တွင် ရောင်ရမ်းခြင်း၊ အဆစ်များ နာကျင်ခြင်း တို့ဖြစ်ပါတယ်။

Minoxidil သည် ရေများစုပြုံခြင်း နဲ့ အမွှေးများ ထူခြင်းတို့ကို ဖြစ်စေပါတယ်။ ထို့ပြင် အသက်ရှူခက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မျက်နှာနီခြင်း တို့ကိုလည်းဖြစ်စေပါတယ်။ အများစုဟာ အပျော့စား အဆင့်သာဖြစ်ပြီး ရက်အနည်းငယ်ကြာသော် ပျောက်သွားနိုင်ပါတယ်။ ထို့ကြောင့် ဆေးကို မရပ်သင့်ပါ။ သို့သော် ထိုလက္ခဏာများ ပြင်းထန်ပါက သို့မဟုတ် မသက်သာပါက ဆရာဝန်နှင့် အတတ်နိုင်ဆုံး လျင်မြန်စွာ သွားပြသင့်ပါတယ်။

သွေးကြောကျယ်ဆေးများကို သွေးတိုးခြင်းအတွက် အခြားဆေးများနှင့် ရောသုံးလေ့ရှိပါတယ်။ သို့သော် ပထမဦးစားပေး အသုံးပြုသော ဆေးများတော့ မဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သော်လည်း ဆေးကို မရပ်ဘဲ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr.Nyan Linn · 05/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။