brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Aortic Insufficiency (နှလုံးအဆို့ရှင်မလုံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Aortic Insufficiency (နှလုံးအဆို့ရှင်မလုံခြင်း) ကဘာလဲ။

Aortic valve လို့ခေါ်တဲ့ နှလုံးအဆို့ရှင် မလုံသော ရောဂါဖြစ်ပါတယ်။ ထိုသို့ဖြစ်နေခြင်းက သွေးတွေကို ပင်မသွေးကြောကြီး(Aorta) ကနေ ဘယ်ဘက်သွေးလွှတ်ခန်း(left ventricle) ကို နောက်ပြန်ရောက်စေပါတယ်။

အဆို့ရှင်မလုံတော့ရင် နှလုံးက ခန္ဓါကိုယ်ကို သွေးလုံလောက်စွာ မထောက်ပံ့ပေးနိုင်တော့ပါဘူး။

Aortic Insufficiency (နှလုံးအဆို့ရှင်မလုံခြင်း) က ဘယ်လောက်အဖြစ်များသလဲ

တော်တော်ရှားပြီး အသက်၃၀နဲ့ ၆၀လောက်တွေမှာ တွေ့ရလေ့ရှိပါတယ်။ ယောက်ျားတွေမှာ ပိုဖြစ်တတ်ပြီး အသက်အရွယ်လည်း မရွေးပါဘူး။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းအားဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Aortic Insufficiency (နှလုံးအဆို့ရှင်မလုံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာတွေဟာ နှစ်နဲ့ချီပြီး ငုတ်လျိုးနေတတ်ပါတယ်။ ရုတ်တရက် ဒါမှမဟုတ် တဖြည်းဖြည်း ရောဂါလက္ခဏာတွေပြလာမှာပါ။ အောက်ပါတို့ပဲ ဖြစ်ပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း

ရင်ဘတ်အောင့်ခြင်း

အသက်ရှုရခက်ခြင်း(အထူးသဖြင့် လှဲနေတဲ့အချိန်ဆို ပိုခက်ပါတယ်)

ချောင်းဆိုးခြင်း

အသက်ရှုကြပ်ခြင်း

သတိလစ်ခြင်း

ရင်တုန်ခြင်း

ခြေဖဝါး၊ခြေထောက်နဲ့ ဝမ်းဗိုက်တို့ ဖောရောင်နေခြင်း

လုပ်ငန်းဆောင်တာတွေကြောင့် ပိုပင်ပန်းနွမ်းနယ်ခြင်း

အထက်တွင် မဖော်ပြထားသော ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာတွေရှိမယ် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Aortic Insufficiency (နှလုံးအဆို့ရှင်မလုံခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဆို့ရှင်ချို့ယွင်းခြင်း ဒါမှမဟုတ် သွေးလွှတ်ကြောအောက်ခြေကြီးနေခြင်းတို့က အကြောင်းအရင်းပါပဲ။

လေးဖက်နာ ဒါမှမဟုတ် နှလုံးပိုးဝင်ခြင်းတို့ကလည်း အဆို့ရှင်ကို ထိခိုက်စေနိုင်ပါတယ်။

နှလုံးအဆို့ရှင်အဖတ်၃ဖတ်ရှိရမယ့်အစား ၂ဖတ်ပဲရှိနေခြင်းလိုမျိုး မွေးရာပါချို့ယွင်းမှုတွေကလည်း အဖြစ်များတဲ့ အကြောင်းအရင်းတွေပါပဲ။

ကားမတော်တဆမှုကြောင့် စတီယာတိုင်နဲ့ရင်ဘတ် ခိုက်မိခြင်း လိုမျိုး ထိခိုက်မှုတွေ၊ Marfan’s disease လိုမျိုး တွယ်ဆက်တစ်ရှုးရောဂါတွေနဲ့ သွေးတိုးရောဂါတွေကလည်း နှလုံးအဆို့ရှင်ကြီးထွားစေပြီး မလုံမှုတွေ ဖြစ်လာစေပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Aortic Insufficiency (နှလုံးအဆို့ရှင်မလုံခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အန္တရယ်ရှိအချက်ပေါင်းများစွာရှိပါတယ်။ အောက်ပါတို့ပဲဖြစ်ပါတယ်။

နှလုံးအဆို့ရှင်ပျက်စီးခြင်း။ နှလုံးပိုးဝင်ခြင်း၊ လေးဖက်နာရောဂါနဲ့ အဆို့ရှင်ကျဉ်းခြင်းတို့ကလည်း သွေးနောက်ပြန်သွားစေနိုင်ပါတယ်။

သွေးတိုးရောဂါကြောင့် ပင်မသွေးလွှတ်ကြော အောက်ပိုင်းကြီးထွားလာနိုင်ပါတယ်။

မွေးရာပါပုံမမှန်ခြင်းများ။

အခြားရောဂါများ။ Marfan’s disease ဒါမှမဟုတ် Ankylosing spondylitis (အဆစ်ရောင်ရောဂါတစ်မျိုး)

အသက်အရွယ်။ သက်လတ်ပိုင်းတွေမှာ ဖြစ်နိုင်ခြေများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Aortic Insufficiency (နှလုံးအဆို့ရှင်မလုံခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။

အဆို့ရှင်မလုံတာက ဆိုးဆိုးရွားရွားဖြစ်နေပြီး နှလုံးလုပ်ငန်းဆောင်တာတွေကို ထိခိုက်နေပြီဆိုရင်တော့ အောက်ပါတို့ကို စစ်ဆေးပါလိမ့်မယ်။

ပုံမှန်မဟုတ်တဲ့ အဆို့ရှင်တွေကို သွေးဖြတ်သန်းစီးဆင်းတဲ့အခါမှာဖြစ်လာတဲ့ murmur အသံတွေကို ဆရာဝန်က နားကြပ်ဖြင့်နားထောင်ပါလိမ့်မယ်။

လက်နဲ့ခြေထောက်တို့ရှိ သွေးခုန်နှုန်အားပြင်းနေခြင်း

အောက်သွေးကျနေခြင်း။

အဆုတ်တွင်အရည်ရှိနေသောလက္ခဏများပြနေခြင်း။

Aortic Insufficiency (နှလုံးအဆို့ရှင်မလုံခြင်း) ကို ဘယ်လိုကုသပါသလဲ

ရောဂါလက္ခဏာမရှိဘူး ဒါမှမဟုတ် အနည်းငယ်သာရှိနေမယ်ဆိုရင် ကုသမှုမလိုအပ်နိုင်ပါဘူး။ နှလုံးအက်ခိုးတော့ ပုံမှန်ရိုက်နေဖို့ လိုအပ်ပါတယ်။

သွေးတိုးရှိမယ်ဆိုရင် နှလုံးအဆို့ရှင်ထိခိုက်မှုနည်းပါးအောင် သွေးကျဆေးတွေ သောက်ပေးရပါမယ်။

အတော်အသင့်နဲ့ ဆိုးရွားတဲ့ ရောဂါလက္ခဏာတွေအတွက် ACEI ဆေးတွေနဲ့ ဆီးဆေးတွေ ပေးရပါလိမ့်မယ်။

လိုအပ်လာရင် ခွဲစိတ်ဖို့ ခွဲစိတ်ဆရာဝန်တွေထံသို့လည်း လွှဲပေးနိုင်ပါတယ်။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

နှလုံးအဆို့ရှင်မလုံခြင်းကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက နှလုံးအဆို့ရှင်မလုံခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

ရောဂါလက္ခဏာတွေကို စောင့်ကြည့်နေဖို့အတွက် နှလုံးအက်ခိုး ပုံမှန်ရိုက်ရပါလိမ့်မယ်။

မွေးရာပါချို့ယွင်ချက်တွေရှိမယ် ဒါမှမဟုတ် ခွဲစိတ်ဖူးထားမယ်ဆိုရင် နောက်ထပ်မခွဲစိတ်ခင်၊ သွားဘက်ဆိုင်ရာ လုပ်ငန်းစဉ်တွေ မလုပ်ခင် ဆရာဝန်ညွှန်ကြားထားတဲ့ ပိုးသတ်ဆေးတွေ ကြိုသောက်ထားဖို့ လိုအပ်ပါတယ်။

မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Phyo Wai Yan · 09/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။