brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးယိုစိမ့်မှုအန္တရာယ်ရှိတဲ့နှလုံးရောဂါရှိသူတွေအတွက် Watchman implant ကုထုံး

စင်ကာပူရဲ့ပုဂ္ဂလိက ကဏ္ဍမှာတော့ ဒီကုထုံးကို Mount Elizabeth Hospitals မှာ ပထမဆုံးအသုံးချကုသခဲ့တာဖြစ်ပြီး သွေးကျဲဆေးအပြင်းစားတွေကိုအသုံးပြုနေရတဲ့အတွက် သွေးယိုစိမ့်မှုအန္တရာယ်ရှိနေတဲ့ နှလုံးရောဂါလူနာတွေအတွက် သွေးကျဲဆေးတွေကို စွန့်လွှတ်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

သွေးယိုစိမ့်မှုအန္တရာယ်ရှိတဲ့နှလုံးရောဂါရှိသူတွေအတွက် Watchman implant ကုထုံး

ပုဂ္ဂလိကဆေးရုံတစ်ခုမှာ နှလုံးခုန်မမှန်တဲ့၊ သွေးယိုစိမ့်မှုအန္တရာယ်ရှိတဲ့လူနာတွေအတွက် သွေးကျဲဆေးအပြင်းစားတွေအစား ခွဲစိတ်ကုသမှုလုပ်ဆောင်ပေးခဲ့တာ ပထမဆုံးဖြစ်ပါတယ်။

နှလုံးအထူးကုဆရာဝန်Dr Paul Chiam က Mount Elizabeth Hospitals မှာ နှလုံးခုန်စည်းချက်မမှန်ခြင်း (AF)ခံစားနေရတဲ့လူနာ Tang Chue Ngan ကို percutaneous technique of closing the left atrial appendage (LAA) လို့ခေါ်တဲ့ နှလုံးဘယ်ဘက်အခန်းက အတက်ပိုအသေးလေးကို ခွဲစိတ်မှုနည်းနည်းနဲ့ ပိတ်ဆို့လိုက်တဲ့နည်း တစ်နည်းအားဖြင့် Watchman implant လို့ခေါ်တဲ့ကုထုံးနဲ့ ကုသပေးခဲ့တာဖြစ်ပါတယ်။ လူနာဟာ သွေးကျဲဆေးသုံးစွဲရလို့ သွေးယိုတဲ့လက္ခဏာတွေ ခံစားနေရသူဖြစ်ပါတယ်။

အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးတဲ့ဒီကုထုံးကြောင့် လူနာက ဆေးရုံမှာတစ်ညပဲနေခဲ့ရပြီး နောက်ပိုင်းမှာလည်း မြန်ဆန်အဆင်ပြေစွာ ပြန်လည်ကောင်းမွန်လာတာတွေ့ရပါတယ်။

Watchman implant ကုထုံးဆိုတာ ဘာလဲ

အမေရိကန်အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ၂၀၁၅ ခုနှစ်မှာခွင့်ပြုခဲ့တဲ့ Watchman ဟာ သွေးကြောလမ်းကြောင်းကိုချဲ့ပေးတဲ့ပစ္စည်း (Stent) နဲ့ဆင်တူပြီး ပေါင်ရင်းသွေးကြောမှတဆင့် နှလုံးကို အပျော့စားပြွန်ငယ်ကတဆင့် ထည့်သွင်းတာဖြစ်ပါတယ်။ နှလုံးလက်ယာဘက်သွေးလက်ခံခန်းကို ရောက်ရှိပြီးတဲ့နောက်မှာ လက်ဝဲဘက်သွေးလက်ခံခန်းကို ရောက်ရှိသွားပြီး ထို့နောက်မှာတော့ နှလုံးကိုပြုပြင်ဖို့အတွက် ထုတ်လွှတ်လိုက်ပါတယ်။

“တော်တော်လေးအဖြစ်များကြတဲ့ နှလုံးခုန်မမှန်တဲ့ပြဿနာ (AF) မှာဆိုရင် နှလုံးမှာ သွေးခဲဖြစ်ပေါ်မှုတွေရှိနေပါတယ်။ အဲဒီသွေးခဲတွေ ၉၀ရာခိုင်နှုန်းက LAA (နှလုံးဘယ်ဘက်အခန်းက အတက်ပိုအသေးလေး) မှာစတင်ဖြစ်ပေါ်ကြတာဖြစ်ပါတယ်။ နောက်တော့ သွေးခဲတွေက နှလုံးကနေ ဦးနှောက်ကို ရောက်ရှိလာပြီး လေဖြတ်စေတာပါ။ လေဖြတ်နိုင်တဲ့အန္တရာယ်ကိုလျော့နည်းစေဖို့က Warfarin လို့ခေါ်တဲ့ သွေးကျဲဆေးအပြင်းတွေကို သုံးကြတယ်။ ဒါပေမယ့် လူနာအတော်များများ အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ သွေးကျဲဆေးသောက်ရင်း သွေးယိုလာနိုင်တဲ့အန္တရာယ်ပိုများပါတယ်” လို့ Dr Chiam ကပြောပါတယ်။

Watchman ကုထုံးက သွေးကျဲဆေးတွေရဲ့ အကူအညီမပါဘဲ လေဖြတ်နိုင်ချေကို လျော့နည်းသွားစေနိုင်တာကြောင့် သွေးယိုစီးမှုအန္တရာယ်မြင့်မားနေတဲ့လူနာတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒီကုထုံးကိုအသုံးပြုခြင်းက LAA (နှလုံးဘယ်ဘက်အခန်းက အတက်ပိုအသေးလေး)ကို ထိခိုက်စေပြီး နှလုံးမှာသွေးယိုစီးမှုဖြစ်နိုင်တဲ့အန္တရာယ်နဲ့ အရေးပေါ်ခွဲစိတ်ကုသမှုတွေလိုနိုင်တာတွေဖြစ်နိုင်ပေမယ့် အရမ်းကိုနည်းပါးပါတယ်။ ဒါပေမယ့်လည်း ကုထုံးရဲ့ရှုပ်ထွေးမှုနဲ့ ကျွမ်းကျင်စွာလုပ်ကိုင်နိုင်တဲ့အထူးကုသမားတော်တွေ ပုဂ္ဂလိက ကဏ္ဍမှာရှားပါးတာကြောင့် Dr Chiam ခွဲစိတ်မှုမလုပ်ခင်အထိ စင်ကာပူပုဂ္ဂလိက ကဏ္ဍမှာ ဒါကို မလုပ်နိုင်ခဲ့ပါဘူး။

လူနာရဲ့ အခြေအနေ

လွန်ခဲ့တဲ့ခြောက်နှစ်က နှလုံးအဆို့ရှင်အစားထိုးကုသမှုခံယူခဲ့တဲ့ Tang ဟာ ခွဲစိတ်မှုနောက်ပိုင်းမှာ နှလုံးခန်မမှန် (AF) ဖြစ်လာခဲ့ပြီး သွေးကျဲဆေး စသောက်ခဲ့ရပါတယ်။ သူက လေဖြန်းတဲ့ဖြစ်ရပ်တွေ ခံစားခဲ့ရပြီး မကြာသေးခင်ကမှ အူတွင်းသွေးယိုခြင်းကြောင့် ဆေးရုံတင်ထားရပါတယ်။

“သွေးကျဲဆေးတွေသောက်နေရလို့ သွေးယိုစီးမှုကို ခံစားနေရတဲ့အတွက် သူမဟာ ဒီခွဲစိတ်ကုသမှုကို ခံယူဖို့အတွက် သင့်တော်ပါတယ်” လို့ Dr.Chiam က ပြောဆိုခဲ့ပါတယ်။

ပြည်သူ့ဆေးရုံမှာခံယူခဲ့တဲ့ ပထမကုသမှုကြောင့် စိတ်ဆင်းရဲနေခဲ့တဲ့ Tang ကို သွေးကျဲဆေးတွေဖြတ်လိုက်ရပြီးနောက် Dr Chiam ပြောတဲ့ ဒုတိယနည်းလမ်းကို လက်ခံခဲ့ပါတယ်။

“သူကကျွန်မရဲ့ နှလုံးအခြေအနေ၊ သွေးကျဲဆေးတွေနဲ့ သွေးယိုစိမ့်မှုအန္တရယ်တွေ၊ နောက်ပိုင်းမှာဖြစ်လာမယ့် သွေးခဲတွေရဲ့ အန္တရာယ်တွေကို ကျွန်မကို စိတ်ရှည်လက်ရှည်ရှင်းပြခဲ့ပါတယ်။ ဒီသွေးယိုစိမ့်မှုတွေကိုလျော့ပါးသွားစေဖို့အတွက် အဖြေကိုလည်း ရှင်းပြခဲ့ပါတယ်” လို့ လူနာဖြစ်တဲ့သူမက ပြောပါတယ်။

ပုံမှန်ဘဝဆီသို့

လူနာ Tang ကို Mount Elizabeth ရဲ့ နှလုံးခွဲစိတ်ကုသခန်းမှာ မေ့ဆေးပေးပြီး အစားထိုးကုသပေးခဲ့ပြီးနောက်တစ်နေ့မှာ ဆေးရုံဆင်းခွင့်ပြုခဲ့ပါတယ်။ ခွဲစိတ်မှုနောက်ပိုင်း ၄၅ ရက်အကြာ အစာအိမ်နဲ့အူလမ်းကြောင့်ဓါတ်မှန်ရိုက်ပြီးရင် နောက်တစ်လကြာမှ ကျန်းမာရေးစစ်ဆေးမှုလာရောက်ခံယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ သွေးကျဲဆေးတွေကိုတော့ ဆက်သောက်ဖို့မလိုတော့ပါဘူး။

ရလဒ်နဲ့ပတ်သက်လို့ စိတ်ကျေနပ်မှုရှိတာကြောင့် Tang ဟာ စင်ကာပူပုဂ္ဂလိက ကဏ္ဍရဲ့ပထမဆုံးခွဲစိတ်ကုသမှုမှာ ပါဝင်ခွင့်ရတာကို ကျေနပ်နေပါတယ်။

“ဆရာဝန်ရဲ့ အကြံဉာဏ်က အကျိုးရှိတယ်လို့ ခံစားရရင် ယုံကြည်မှုရှိရှိနဲ့ ကုသမှုတွေရဲ့ ကောင်းကျိုးကို ရယူလိုက်စမ်းပါ။ ကျွန်မတို့ စင်ကာပူမှာ အရမ်းကောင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေရှိနေပါပြီ” လို့သူမလိုပဲ အခြေအနေရှိနေတဲ့တခြားလူနာတွေကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။